1وفي السنة الخامسة عشر من سلطنة طيباريوس قيصر اذ كان بيلاطس البنطي واليا على اليهودية وهيرودس رئيس ربع على الجليل وفيلبس اخوه رئيس ربع على ايطورية وكورة تراخونيتس وليسانيوس رئيس ربع على الابلية
1ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စောဘွားအရာ၊
2في ايام رئيس الكهنة حنان وقيافا كانت كلمة الله على يوحنا بن زكريا في البرية.
2အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးအသီးရှိကြသောအခါ၊ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။
3فجاء الى جميع الكورة المحيطة بالاردن يكرز بمعمودية التوبة لمغفرة الخطايا.
3ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။
4كما هو مكتوب في سفر اقوال اشعياء النبي القائل صوت صارخ في البرية أعدّوا طريق الرب اصنعوا سبله مستقيمة.
4လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရ မည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။
5كل واد يمتلئ وكل جبل واكمة ينخفض وتصير المعوجات مستقيمة والشعاب طرقا سهلة.
5ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
6ويبصر كل بشر خلاص الله
6လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့် လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။
7وكان يقول للجموع الذين خرجوا ليعتمدوا منه يا اولاد الافاعي من اراكم ان تهربوا من الغضب الآتي.
7ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိ ပေးဘိသနည်း။
8فاصنعوا اثمارا تليق بالتوبة. ولا تبتدئوا تقولون في انفسكم لنا ابراهيم ابا. لاني اقول لكم ان الله قادر ان يقيم من هذه الحجارة اولادا لابراهيم.
8နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို၏။
9والآن قد وضعت الفاس على اصل الشجر. فكل شجرة لا تصنع ثمرا جيدا تقطع وتلقى في النار.
9သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။
10وسأله الجموع قائلين فماذا نفعل.
10လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြ သော်၊
11فاجاب وقال لهم من له ثوبان فليعط من ليس له ومن له طعام فليفعل هكذا.
11ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။
12وجاء عشارون ايضا ليعتمدوا فقالوا له يا معلّم ماذا نفعل.
12အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှါလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည် နည်းဟု မေးလျှောက်ကြလျှင်၊
13فقال لهم لا تستوفوا اكثر مما فرض لكم.
13သတို့သခင်သည် ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော၏။
14وسأله جنديون ايضا قائلين وماذا نفعل نحن. فقال لهم لا تظلموا احدا ولا تشوا باحد واكتفوا بعلائفكم
14စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့ သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။
15واذ كان الشعب ينتظر والجميع يفكرون في قلوبهم عن يوحنا لعله المسيح
15လူအများတို့သည် မြော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေး တောဆင်ခြင်ကြစဉ်၊
16اجاب يوحنا الجميع قائلا انا اعمدكم بماء ولكن يأتي من هو اقوى مني الذي لست اهلا ان احل سيور حذائه. هو سيعمدكم بالروح القدس ونار.
16ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည်သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ခြေတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်။ ထို သူသည် သန့်ရှင်းသောဝိညာဉ်တော်၌၎င်း၊ မီး၌၎င်း သင်တို့ကိုဗတ္တဇံကိုပေးမည်။
17الذي رفشه في يده وسينقي بيدره ويجمع القمح الى مخزنه. واما التبن فيحرقه بنار لا تطفأ.
17လက်တော်တွင် စံကောပါလျက် မိမိကောက် နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏။
18وباشياء أخر كثيرة كان يعظ الشعب ويبشرهم.
18အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူအများတို့အား ဟောပြော လေ၏။
19اما هيرودس رئيس الربع فاذ توبخ منه لسبب هيروديا امرأة فيلبّس اخيه ولسبب جميع الشرور التي كان هيرودس يفعلها
19ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ၏ ခင်ပွန်းဟေရောဒိအကြောင်းမှစ၍၊ မိမိပြုသောဒုစရိုက် အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့်၊
20زاد هذا ايضا على الجميع انه حبس يوحنا في السجن
20ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ ပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။
21ولما اعتمد جميع الشعب اعتمد يسوع ايضا. واذ كان يصلّي انفتحت السماء
21လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ် တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊
22ونزل عليه الروح القدس بهيئة جسمية مثل حمامة وكان صوت من السماء قائلا انت ابني الحبيب بك سررت
22သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်ပေါ်၌ ဆင်းသက်တော် မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
23ولما ابتدأ يسوع كان له نحو ثلاثين سنة وهو على ما كان يظن ابن يوسف بن هالي
23ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘဧလိ၊
24بن متثات بن لاوي بن ملكي بن ينّا بن يوسف
24ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ ပေလခိဘ ယန္န၊ ယန္နအဘ ယောသပ်၊
25بن متاثيا بن عاموص بن ناحوم بن حسلي بن نجّاي
25ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊
26بن مآث بن متاثيا بن شمعي بن يوسف بن يهوذا
26ဧသလိအဘနဂ္ဂဲ၊ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘယေဟန္န၊
27بن يوحنا بن ريسا بن زربابل بن شألتيئيل بن نيري
27ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရု ဗဗေလ၊ ဇေရုဗဗေလအဘ ရှာလသေလ၊ ရှာလသေလ အဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊
28بن ملكي بن أدي بن قصم بن ألمودام بن عير
28အဒ္ဒိအဘကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘ ဧရ၊
29بن يوسي بن أليعازر بن يوريم بن متثات بن لاوي
29ဧရအဘ ယောသေ၊ ယောသေအဘဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘမဿတ်၊ မဿတ်အဘလေဝိ၊
30بن شمعون بن يهوذا بن يوسف بن يونان بن ألياقيم
30လေဝိအဘရှိမောင်၊ ရှိမောင်အဘယုဒ၊ ယုဒ အဘယောသပ်၊ ယောသပ် အဘယောနန်၊ ယောနန်အဘ ဧလျောတိမ်၊ ဧလျာကိမ် အဘမေလေ၊
31بن مليا بن مينان بن متاثا بن ناثان بن داود
31မေလေအဘမဲနန်၊ မဲနန်အဘမတ္တသ၊ မတ္တသ အဘနာသန်၊ နာသန့်အဘဒါဝိဒ်၊
32بن يسّى بن عوبيد بن بوعز بن سلمون بن نحشون
32ဒါဝိဒ်အဘယေရှဲ၊ ယေရှဲ အဘဩဗက်၊ ဩဇက် အာဘဗောဇ၊ ဗောဇအဘစာလမုန်၊ စာလမုန်အဘ နာရှန်၊
33بن عميناداب بن ارام بن حصرون بن فارص بن يهوذا
33နာရှုန်အဘအမိနဒဝ်၊ အမိနဒဝ်အဘအာရံ၊ အာရံအဘဟေဇရုံ၊ ဟေဇရုံအဘဖာရက်၊ ဖာရက် အဘယုဒ၊
34بن يعقوب بن اسحق بن ابراهيم بن تارح بن ناحور
34ယုဒအဘ ယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘအာဗြဟံ၊ အာဗြဟံအဘတေရ၊ တေရအဘ နာခေါ်၊
35بن سروج بن رعو بن فالج بن عابر بن شالح
35နာခေါ်အဘစေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊
36بن قينان بن ارفكشاد بن سام بن نوح بن لامك
36ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘနောဧ၊ နောဧအဘလာမက်၊
37بن متوشالح بن اخنوخ بن يارد بن مهللئيل بن قينان
37လာမက်အဘ မသုရှလ၊ မသုရှလအဘ ဧနောက်၊ ဧနောက်အဘယာရက်၊ ယာရက်အဘ မဟာ လေလေလ၊ မဟာလေလေလအဘ ကာဣနန်၊ ကာဣနန် အဘဧနုတ်၊ ဧနုတ်အဘရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘဘုရား သခင်ပေတည်း။
38بن انوش بن شيت بن آدم ابن الله