1وابتدأ ايضا يعلم عند البحر. فاجتمع اليه جمع كثير حتى انه دخل السفينة وجلس على البحر والجمع كله كان عند البحر على الارض
1နောက်တဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံ တော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင်လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာနေကြ၏။
2فكان يعلّمهم كثيرا بامثال وقال لهم في تعليمه
2ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍မြွက်ဆိုတော်မူသည်မှာ၊
3اسمعوا. هوذا الزارع قد خرج ليزرع.
3နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။
4وفيما هو يزرع سقط بعض على الطريق فجاءت طيور السماء واكلته.
4အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။
5وسقط آخر على مكان محجر حيث لم تكن له تربة كثيرة. فنبت حالا اذ لم يكن له عمق ارض.
5အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း၊
6ولكن لما اشرقت الشمس احترق. واذ لم يكن له اصل جف.
6နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။
7وسقط آخر في الشوك. فطلع الشوك وخنقه فلم يعطي ثمرا.
7အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။
8وسقط آخر في الارض الجيدة. فاعطى ثمرا يصعد وينمو. فأتى واحد بثلاثين وآخر بستين وآخر بمئة.
8အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏။
9ثم قال لهم من له اذنان للسمع فليسمع
9ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
10ولما كان وحده سأله الذين حوله مع الاثني عشر عن المثل.
10ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထို ဥပမာကို မေးမြန်းကြလျှင်၊
11فقال لهم قد أعطي لكم ان تعرفوا سرّ ملكوت الله. واما الذين هم من خارج فبالامثال يكون لهم كل شيء.
11ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။
12لكي يبصروا مبصرين ولا ينظروا ويسمعوا سامعين ولا يفهموا لئلا يرجعوا فتغفر لهم خطاياهم.
12ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည် ဘဲ ကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။
13ثم قال لهم أما تعلمون هذا المثل. فكيف تعرفون جميع الامثال.
13သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။
14الزارع يزرع الكلمة.
14မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။
15وهؤلاء هم الذين على الطريق. حيث تزرع الكلمة وحينما يسمعون يأتي الشيطان للوقت وينزع الكلمة المزروعة في قلوبهم.
15တရားစကားကို လမ်း၌ကြဲခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန် သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။
16وهؤلاء كذلك هم الذين زرعوا على الاماكن المحجرة. الذين حينما يسمعون الكلمة يقبلونها للوقت بفرح.
16ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း၊
17ولكن ليس لهم اصل في ذواتهم بل هم الى حين. فبعد ذلك اذا حدث ضيق او اضطهاد من اجل الكلمة فللوقت يعثرون.
17စိတ်နှလုံး၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။
18وهؤلاء هم الذين زرعوا بين الشوك. هؤلاء هم الذين يسمعون الكلمة
18ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍၊
19وهموم هذا العالم وغرور الغنى وشهوات سائر الاشياء تدخل وتخنق الكلمة فتصير بلا ثمر.
19လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ် တို့ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။
20وهؤلاء هم الذين زرعوا على الارض الجيدة. الذين يسمعون الكلمة ويقبلونها ويثمرون واحد ثلاثين وآخر ستين وآخر مئة
20ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။
21ثم قال لهم هل يؤتى بسراج ليوضع تحت المكيال او تحت السرير. أليس ليوضع على المنارة.
21ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့ သလော။
22لانه ليس شيء خفي لا يظهر ولا صار مكتوما الا ليعلن.
22ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့် မည်။
23ان كان لاحد اذنان للسمع فليسمع.
23ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
24وقال لهم انظروا ما تسمعون. بالكيل الذي به تكيلون يكال لكم ويزاد لكم ايها السامعون.
24ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။
25لان من له سيعطى. واما من ليس له فالذي عنده سيؤخذ منه
25အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။
26وقال. هكذا ملكوت الله كأن انسانا يلقي البذار على الارض
26ထိုမှတပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ်၊
27وينام ويقوم ليلا ونهارا والبذار يطلع وينمو وهو لا يعلم كيف.
27ညဉ့်၊ နေ့၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံ တော်တူ၏။
28لان الارض من ذاتها تأتي بثمر. اولا نباتا ثم سنبلا ثم قمحا ملآن في السنبل.
28မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။
29واما متى ادرك الثمر فللوقت يرسل المنجل لان الحصاد قد حضر
29အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ၏။
30وقال بماذا نشبّه ملكوت الله او باي مثل نمثله.
30ထိုမှတပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား၊
31مثل حبة خردل متى زرعت في الارض فهي اصغر جميع البزور التي على الارض.
31မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊
32ولكن متى زرعت تطلع وتصير اكبر جميع البقول وتصنع اغصانا كبيرة حتى تستطيع طيور السماء ان تتآوى تحت ظلها.
32မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။
33وبامثال كثيرة مثل هذه كان يكلمهم حسبما كانوا يستطيعون ان يسمعوا.
33ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။
34وبدون مثل لم يكن يكلمهم. واما على انفراد فكان يفسر لتلاميذه كل شيء
34ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့ အား ဖွင့်ပြတော်မူ၏။
35وقال لهم في ذلك اليوم لما كان المساء. لنجتز الى العبر.
35ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
36فصرفوا الجمع واخذوه كما كان في السفينة. وكانت معه ايضا سفن اخرى صغيرة.
36တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။
37فحدث نوء ريح عظيم فكانت الامواج تضرب الى السفينة حتى صارت تمتلئ.
37ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ၏။
38وكان هو في المؤخر على وسادة نائما. فأيقظوه وقالوا له يا معلّم أما يهمك اننا نهلك.
38ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော်၊
39فقام وانتهر الريح وقال للبحر اسكت. ابكم. فسكنت الريح وصار هدوء عظيم.
39ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။
40وقال لهم ما بالكم خائفين هكذا. كيف لا ايمان لكم.
40ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊
41فخافوا خوفا عظيما وقالوا بعضهم لبعض من هو هذا. فان الريح ايضا والبحر يطيعانه
41သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။