1فرفعت كل الجماعة صوتها وصرخت وبكى الشعب تلك الليلة.
1ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကို လွှင့်၍ မြည်တမ်းသဖြင့်၊ တညဉ့်လုံး ငိုကြွေးကြ၏။
2وتذمر على موسى وعلى هرون جميع بني اسرائيل وقال لهما كل الجماعة ليتنا متنا في ارض مصر او ليتنا متنا في هذا القفر.
2ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သော စကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။
3ولماذا اتى بنا الرب الى هذه الارض لنسقط بالسيف. تصير نساؤنا واطفالنا غنيمة. أليس خيرا لنا ان نرجع الى مصر.
3ငါတို့သည် ထားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့် ငါတို့ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တု ပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊
4فقال بعضهم الى بعض نقيم رئيسا ونرجع الى مصر
4တဖန် လူတစုံတယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့ဟု တယောက်ကို တယောက် ဆိုကြ၏။
5فسقط موسى وهرون على وجهيهما امام كل معشر جماعة بني اسرائيل.
5မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ၏။
6ويشوع بن نون وكالب بن يفنّة من الذين تجسّسوا الارض مزقا ثيابهما
6ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏ သားယောရှု၊ ယေဖုန္နာ၏သားကာလတ်တို့သည် မိမိတို့ဝတ်ကို ဆုတ်၍၊
7وكلما كل جماعة بني اسرائيل قائلين. الارض التي مررنا فيها لنتجسّسها الارض جيدة جدا جدا.
7ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ် လျက်၊ ငါတို့ရှောက် သွား၍စူးစမ်းသော ပြည်သည် အလွန်တရာကောင်းသော ပြည်ဖြစ်ပါ၏။
8ان سرّ بنا الرب يدخلنا الى هذه الارض ويعطينا اياها ارضا تفيض لبنا وعسلا.
8ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့် ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကို ဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။
9انما لا تتمرّدوا على الرب ولا تخافوا من شعب الارض لانهم خبزنا. قد زال عنهم ظلّهم والرب معنا. لا تخافوهم
9ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့ စား စရာဘို့ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရား သည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။
10ولكن قال كل الجماعة ان يرجما بالحجارة. ثم ظهر مجد الرب في خيمة الاجتماع لكل بني اسرائيل.
10ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့် ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါထာဝရ ဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော်၌ ထင်ရှားလေ ၏။
11وقال الرب لموسى حتى متى يهينني هذا الشعب. وحتى متى لا يصدقونني بجميع الآيات التي عملت في وسطهم.
11ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ် မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှ ကာလပတ်လုံးငါ့ကို မယုံဘဲ နေကြလိမ့်မည်နည်း။
12اني اضربهم بالوبإ وابيدهم واصيّرك شعبا اكبر واعظم منهم.
12သူတို့ကိုကာလနာဘေးဖြင့် ငါသည် ဒဏ်ခတ်၍ သား၏ အရာကိုနှုတ်မည်။ သူတို့ထက် သင့်ကိုသာ၍ စည်ပင်သောအမျိုး၊ သာ၍ တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအား မိန့်တော်မူ၏။
13فقال موسى للرب فيسمع المصريون الذين اصعدت بقوتك هذا الشعب من وسطهم
13မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နှုတ်ဆောင်ခဲ့ တော်မူသည်ဖြစ်၍၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြားပြန်လျှင်၊
14ويقولون لسكان هذه الارض الذين قد سمعوا انك يا رب في وسط هذا الشعب الذين انت يا رب قد ظهرت لهم عينا لعين وسحابتك واقفة عليهم وانت سائر امامهم بعمود سحاب نهارا وبعمود نار ليلا.
14ဤပြည်၌ နေသောသူတို့အား သိတင်းပြောကြ လိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ်တောသည် သူတို့ကို လွှမ်းမိုးကြောင်းကို၎င်း။ ကိုယ်တော်သည် နေ့ အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ဖြင့် သူတို့ ရှေ့က ကြွတော်မူကြောင်းကို၎င်း ကြားရကြပြီ။
15فان قتلت هذا الشعب كرجل واحد يتكلم الشعوب الذين سمعوا بخبرك قائلين
15ယခုမှာ၊ ဤလူမျိုးကို လူတယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သိတင်းတော်ကို ကြားဘူး သော လူအမျိုးမျိုးတို့က၊
16لان الرب لم يقدر ان يدخل هذا الشعب الى الارض التي حلف لهم قتلهم في القفر.
16ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သော ပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့်၊ တော၌ သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့် မည်။
17فالآن لتعظم قدرة سيدي كما تكلمت قائلا
17ကိုယ်တော်က၊ ထာဝရဘုရားသည်သည်းခံသောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက်ဖြေလွှတ် တော်မမူထသော လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္တအဆက်တိုင်အောင်၊
18الرب طويل الروح كثير الاحسان يغفر الذنب والسيئة لكنه لا يبرئ بل يجعل ذنب الاباء على الابناء الى الجيل الثالث والرابع.
18အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်တော်မူသောဘုရားသခင်ဖြစ်၏ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော။
19اصفح عن ذنب هذا الشعب كعظمة نعمتك وكما غفرت لهذا الشعب من مصر الى ههنا.
19အဲဂုတ္တုပြည်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်။ နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
20فقال الرب قد صفحت حسب قولك.
20ထာဝရဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။
21ولكن حيّ انا فتملأ كل الارض من مجد الرب.
21ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် မြေတပြင်လုံး၌ နှံ့ပြားလိမ့်မည်။
22ان جميع الرجال الذين رأوا مجدي وآياتي التي عملتها في مصر وفي البرية وجرّبوني الآن عشر مرات ولم يسمعوا لقولي
22ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤ တော၌ ထူးဆန်းသော တန်ခိုးတော်ကို၎င်း မြင်ရသော လူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ် တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊
23لن يروا الارض التي حلفت لآبائهم. وجميع الذين اهانوني لا يرونها.
23သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြု သော သူတစုံတယောက်မျှ မမြင်ရ။
24واما عبدي كالب فمن اجل انه كانت معه روح اخرى وقد اتّبعني تماما ادخله الى الارض التي ذهب اليها وزرعه يرثها.
24ငါ့ကျွန်ကာလက်မူ ကား ထူးခြားသော သဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံး လိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကို ငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြ လိမ့်မည်။
25واذ العمالقة والكنعانيون ساكنون في الوادي فانصرفوا غدا وارتحلوا الى القفر في طريق بحر سوف
25အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍ သင်တို့သည် နက်ဖြန်နေ့ ၌လှည့် လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။
26وكلم الرب موسى وهرون قائلا
26တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
27حتى متى اغفر لهذه الجماعة الشريرة المتذمرة عليّ. قد سمعت تذمّر بني اسرائيل الذي يتذمّرونه عليّ.
27ငါ့ကို အပြစ်တင်၍၊ ကာလပတ်လုံး ဤပရိသတ် ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည် သည်းခံရ အံ့နည်း။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြားရပြီ။
28قل لهم حيّ انا يقول الرب لأفعلنّ بكم كما تكلمتم في اذنيّ.
28သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။
29في هذا القفر تسقط جثثكم جميع المعدودين منكم حسب عددكم من ابن عشرين سنة فصاعدا الذين تذمروا عليّ.
29သင်တို့ကို ရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကို အပြစ်တင်၍ မြည် တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေ ကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။
30لن تدخلوا الارض التي رفعت يدي لأسكننّكم فيها ما عدا كالب بن يفنّة ويشوع بن نون.
30ငါသည် ဤမည်သောပြည်၌ သင်တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သား ကာလက်၊ နုန်၏သားယောရှုမှ တပါးအဘယ်သူမျှ မရောက်ရ။
31واما اطفالكم الذين قلتم يكونون غنيمة فاني سادخلهم فيعرفون الارض التي احتقرتموها.
31ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသော သူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။
32فجثثكم انتم تسقط في هذا القفر
32သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။
33وبنوكم يكونون رعاة في القفر اربعين سنة ويحملون فجوركم حتى تفنى جثثكم في القفر.
33ဤတော၌ သင်တို့အသေကောင်များ ပျောက် ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘ မှားယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။
34كعدد الايام التي تجسّستم فيها الارض اربعين يوما للسنة يوم تحملون ذنوبكم اربعين سنة فتعرفون ابتعادي.
34ထိုပြည်ကို စူးစမ်းရာ နေ့ရက်ပေါင်းအရက် လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍ အနှစ် လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ် ခြင်းကို သိရကြလိမ့်မည်။
35انا الرب قد تكلمت لافعلنّ هذا بكل هذه الجماعة الشريرة المتفقة عليّ. في هذا القفر يفنون وفيه يموتون
35အကယ်စင်စစ် ငါတဘက၌ စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကြပျောက်ပျက်ကြ လိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ၏။
36اما الرجال الذين ارسلهم موسى ليتجسّسوا الارض ورجعوا وسجّسوا عليه كل الجماعة باشاعة المذمة على الارض
36မောရှေစေလွှတ်သော အခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ ပြန်လာသောအခါ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ၊
37فمات الرجال الذين اشاعوا المذمة الرديئة على الارض بالوبإ امام الرب.
37ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြား ပြောသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလ နာဘေးနှင့် သေကြလေ၏။
38واما يشوع بن نون وكالب بن يفنّة من اولئك الرجال الذين ذهبوا ليتجسّسوا الارض فعاشا
38ထိုပြည်ကို စူးစမ်း၍ သွားသောလူတို့တွင် နုန်၏ သား ယောရှုနှင့် ယေဖုန္န၏သား ကာလက်တို့သာ အသက်ချမ်းသာရကြ၏။
39ولما تكلم موسى بهذا الكلام الى جميع بني اسرائيل بكي الشعب جدا.
39မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့ သည် အလွန်ညည်းတွားလျက် နေကြ၏။
40ثم بكروا صباحا وصعدوا الى راس الجبل قائلين هوذا نحن. نصعد الى الموضع الذي قال الرب عنه فاننا قد اخطأنا.
40နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီး လျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊
41فقال موسى لماذا تتجاوزون قول الرب. فهذا لا ينجح.
41မောရှေက၊ ထာဝရဘုရား၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထ မြောက်ရ။
42لا تصعدوا. لان الرب ليس في وسطكم لئلا تنهزموا امام اعدائكم.
42မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက် ၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။
43لان العمالقة والكنعانيين هناك قدامكم. تسقطون بالسيف. انكم قد ارتددتم عن الرب فالرب لا يكون معكم.
43အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့ သည် သင်တို့မရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့ သည် ထားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟုဆိုသော်လည်း၊
44لكنهم تجبّروا وصعدوا الى راس الجبل. واما تابوت عهد الرب وموسى فلم يبرحا من وسط المحلّة.
44သူတို့သည်ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက် သို့ တဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင် သို့ မထွက်မသွားဘဲ နေလေ၏။
45فنزل العمالقة والكنعانيون الساكنون في ذلك الجبل وضربوهم وكسروهم الى حرمة
45ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍ အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။