الكتاب المقدس (Van Dyke)

Myanmar

Numbers

16

1واخذ قورح بن يصهار بن قهات بن لاوي وداثان وابيرام ابنا اليآب واون بن فالت بنو رأوبين
1လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊
2يقاومون موسى مع اناس من بني اسرائيل مئتين وخمسين رؤساء الجماعة مدعوّين للاجتماع ذوي اسم.
2ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊
3فاجتمعوا على موسى وهرون وقالوا لهما كفاكما. ان كل الجماعة باسرها مقدسة وفي وسطها الرب. فما بالكما ترتفعان على جماعة الرب
3မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
4فلما سمع موسى سقط على وجهه.
4ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။
5ثم كلم قورح وجميع قومه قائلا غدا يعلن الرب من هو له ومن المقدس حتى يقرّبه اليه. فالذي يختاره يقرّبه اليه.
5တဖန်မောရှေက၊ အဘယ်သူသည် ထာဝရ ဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို ၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည်။
6افعلوا هذا. خذوا لكم مجامر. قورح وكل جماعته.
6အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှ တို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊
7واجعلوا فيها نارا وضعوا عليها بخورا امام الرب غدا. فالرجل الذي يختاره الرب هو المقدس. كفاكم يا بني لاوي.
7နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့် လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။
8وقال موسى لقورح اسمعوا يا بني لاوي.
8တဖန်မောရှေက၊ အိလေဝိသားတို့၊ နားထောင် ကြပါလော့။
9أقليل عليكم ان اله اسرائيل افرزكم من جماعة اسرائيل ليقرّبكم اليه لكي تعملوا خدمة مسكن الرب وتقفوا قدام الجماعة لخدمتها.
9သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊
10فقرّبك وجميع اخوتك بني لاوي معك وتطلبون ايضا كهنوتا.
10သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
11اذن انت وكل جماعتك متفقون على الرب. واما هرون فما هو حتى تتذمّروا عليه.
11ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊
12فارسل موسى ليدعو داثان وابيرام ابني اليآب. فقالا لا نصعد.
12ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။
13أقليل انك اصعدتنا من ارض تفيض لبنا وعسلا لتميتنا في البرية حتى تترأس علينا ترؤسا.
13သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
14كذلك لم تأت بنا الى ارض تفيض لبنا وعسلا ولا اعطيتنا نصيب حقول وكروم. هل تقلع اعين هؤلاء القوم. لا نصعد
14ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို၏။
15فاغتاظ موسى جدا وقال للرب لا تلتفت الى تقدمتهما. حمارا واحدا لم آخذ منهم ولا اسأت الى احد منهم.
15မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက်၍၊
16وقال موسى لقورح كن انت وكل جماعتك امام الرب انت وهم وهرون غدا
16ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။
17وخذوا كل واحد مجمرته واجعلوا فيها بخورا وقدّموا امام الرب كل واحد مجمرته. مئتين وخمسين مجمرة. وانت وهرون كل واحد مجمرته.
17လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ၍ လောဗန်ကို တင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း၊
18فاخذوا كل واحد مجمرته وجعلوا فيها نارا ووضعوا عليها بخورا ووقفوا لدى باب خيمة الاجتماع مع موسى وهرون.
18ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့် အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။
19وجمع عليهما قورح كل الجماعة الى باب خيمة الاجتماع فتراءى مجد الرب لكل الجماعة
19ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
20وكلم الرب موسى وهرون قائلا
20ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။
21افترزا من بين هذه الجماعة فاني افنيهم في لحظة.
21ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊
22فخرّا على وجهيهما وقالا اللهمّ اله ارواح جميع البشر هل يخطئ رجل واحد فتسخط على كل الجماعة.
22သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
23فكلم الرب موسى قائلا
23ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊
24كلم الجماعة قائلا اطلعوا من حوالي مسكن قورح وداثان وابيرام
24ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
25فقام موسى وذهب الى داثان وابيرام وذهب وراءه شيوخ اسرائيل.
25မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊
26فكلم الجماعة قائلا اعتزلوا عن خيام هؤلاء القوم البغاة ولا تمسوا شيئا مما لهم لئلا تهلكوا بجميع خطاياهم.
26ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြ ပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊
27فطلعوا من حوالي مسكن قورح وداثان وابيرام وخرج داثان وابيرام ووقفا في باب خيمتيهما مع نسائهما وبنيهما واطفالهما.
27လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယား အကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။
28فقال موسى بهذا تعلمون ان الرب قد ارسلني لاعمل كل هذه الاعمال وانها ليست من نفسي.
28မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား၊
29ان مات هؤلاء كموت كل انسان واصابتهم مصيبة كل انسان فليس الرب قد ارسلني.
29ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ။
30ولكن ان ابتدع الرب بدعة وفتحت الارض فاها وابتلعتهم وكل ما لهم فهبطوا احياء الى الهاوية تعلمون ان هؤلاء القوم قد ازدروا بالرب
30သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊
31فلما فرغ من التكلم بكل هذا الكلام انشقت الارض التي تحتهم
31ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ၍၊
32وفتحت الارض فاها وابتلعتهم وبيوتهم وكل من كان لقورح مع كل الاموال.
32မိမိခံတွင်းကို ဖွင့်သဖြင့်၊ သူတိုနှင့် သူတို့အိမ် များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။
33فنزلوا هم وكل ما كان لهم احياء الى الهاوية وانطبقت عليهم الارض فبادوا من بين الجماعة.
33ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။
34وكل اسرائيل الذين حولهم هربوا من صوتهم. لانهم قالوا لعل الارض تبتلعنا.
34သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ၏။
35وخرجت نار من عند الرب واكلت المئتين والخمسين رجلا الذين قرّبوا البخور
35နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
36ثم كلّم الرب موسى قائلا
36ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကို ပစ်ချပြီးမှ၊
37قل لألعازار بن هرون الكاهن ان يرفع المجامر من الحريق واذر النار هناك فانهنّ قد تقدّسن
38ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
38مجامر هؤلاء المخطئين ضد نفوسهم فليعملوها صفائح مطروقة غشاء للمذبح لانهم قد قدّموها امام الرب فتقدّست. فتكون علامة لبني اسرائيل.
39ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
39فاخذ ألعازار الكاهن مجامر النحاس التي قدمها المحترقون وطرقوها غشاء للمذبح
40ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
40تذكارا لبني اسرائيل لكي لا يقترب رجل اجنبي ليس من نسل هرون ليبخّر بخورا امام الرب فيكون مثل قورح وجماعته كما كلّمه الرب عن يد موسى
41နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင်၍ မြည်တမ်းကြ၏။
41فتذمّر كل جماعة بني اسرائيل في الغد على موسى وهرون قائلين انتما قد قتلتما شعب الرب.
42ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။
42ولما اجتمعت الجماعة على موسى وهرون انصرفا الى خيمة الاجتماع واذ هي قد غطّتها السحابة وتراءى مجد الرب.
43မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
43فجاء موسى وهرون الى قدام خيمة الاجتماع.
44ထာဝရဘုရားကလည်း၊
44فكلّم الرب موسى قائلا
45ဤပရိသတ်တို့ကိုရှောင်၍ နေကြလော့။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။
45اطلعا من وسط هذه الجماعة فاني افنيهم بلحظة. فخرّا على وجهيهما.
46မောရှေကလည်း၊ သင်သည် လင်ပန်းကို ကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကို လည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု၊
46ثم قال موسى لهرون خذ المجمرة واجعل فيها نارا من على المذبح وضع بخورا واذهب بها مسرعا الى الجماعة وكفّر عنهم لان السخط قد خرج من قبل الرب. قد ابتدأ الوبأ.
47အာရုန်အား မှာထားသည်အတိုင်း၊ အာရုန် သည် ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု၏။
47فاخذ هرون كما قال موسى وركض الى وسط الجماعة واذا الوبأ قد ابتدأ في الشعب فوضع البخور وكفّر عن الشعب.
48အသက်ရှင်သောသူ၊ သေသောသူ စပ်ကြားမှာ ရပ်နေ၍၊ ဘေးဥပဒ် ငြိမ်းလေ၏။
48ووقف بين الموتى والاحياء فامتنع الوبأ.
49ကောရ အမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း။
49فكان الذين ماتوا بالوبأ اربعة عشر الفا وسبع مئة عدا الذين ماتوا بسبب قورح.
50ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။
50ثم رجع هرون الى موسى الى باب خيمة الاجتماع والوبأ قد امتنع