1وكلم الرب موسى وهرون قائلا
1တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
2ينزل بنو اسرائيل كلّ عند رايته بأعلام لبيوت آبائهم. قبالة خيمة الاجتماع حولها ينزلون.
2ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။
3فالنازلون الى الشرق نحو الشروق راية محلّة يهوذا حسب اجنادهم. والرئيس لبني يهوذا نحشون بن عميناداب.
3နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
4وجنده المعدودون منهم اربعة وسبعون الفا وست مئة.
4သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
5والنازلون معه سبط يسّاكر. والرئيس لبني يسّاكر نثنائيل بن صوغر.
5ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
6وجنده المعدودون منه اربعة وخمسون الفا واربع مئة.
6သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။
7وسبط زبولون. والرئيس لبني زبولون أليآب بن حيلون.
7ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
8وجنده المعدودون منه سبعة وخمسون الفا واربع مئة.
8သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။
9جميع المعدودين لمحلة يهوذا مئة الف وستة وثمانون الفا واربع مئة باجنادهم. يرتحلون اولا
9ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
10راية محلّة رأوبين الى التيمن حسب اجنادهم. والرئيس لبني رأوبين اليصور بن شديئور
10တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။
11وجنده المعدودون منه ستة واربعون الفا وخمس مئة.
11သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။
12والنازلون معه سبط شمعون. والرئيس لبني شمعون شلوميئيل بن صوريشدّاي.
12ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
13وجنده المعدودون منهم تسعة وخمسون الفا وثلاث مئة.
13သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။
14وسبط جاد. والرئيس لبني جاد ألياساف بن رعوئيل.
14ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
15وجنده المعدودون منهم خمسة واربعون الفا وست مئة وخمسون.
15သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။
16جميع المعدودين لمحلة رأوبين مئة الف وواحد وخمسون الفا واربع مئة وخمسون باجنادهم. ويرتحلون ثانية
16ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
17ثم ترتحل خيمة الاجتماع محلة اللاويين في وسط المحلات. كما ينزلون كذلك يرتحلون. كلّ في موضعه براياتهم
17ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည်။
18راية محلّة افرايم حسب اجنادهم الى الغرب. والرئيس لبني افرايم أليشمع بن عمّيهود.
18အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
19وجنده المعدودون منهم اربعون الفا وخمس مئة.
19သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါးရာရှိသတည်း။
20ومعه سبط منسّى. والرئيس لبني منسّى جمليئيل بن فدهصور.
20ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါ ဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
21وجنده المعدودون منهم اثنان وثلاثون الفا ومئتان.
21သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
22وسبط بنيامين. والرئيس لبني بنيامين ابيدن بن جدعوني.
22ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
23وجنده المعدودون منهم خمسة وثلاثون الفا واربع مئة.
23သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။
24جميع المعدودين لمحلة افرايم مئة الف وثمانية آلاف ومئة باجنادهم. ويرتحلون ثالثة
24ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
25راية محلّة دان الى الشمال حسب اجنادهم. والرئيس لبني دان اخيعزر بن عمّيشدّاي.
25တပ်များ မြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
26وجنده المعدودون منهم اثنان وستون الفا وسبع مئة.
26သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း။
27والنازلون معه سبط اشير. والرئيس لبني اشير فجعيئيل بن عكرن.
27ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည်။
28وجنده المعدودون منهم واحد واربعون الفا وخمس مئة.
28သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း။
29وسبط نفتالي. والرئيس لبني نفتالي اخيرع بن عينن.
29ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရ သည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
30وجنده المعدودون منهم ثلاثة وخمسون الفا واربع مئة.
30သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း။
31وجميع المعدودين لمحلة دان مئة الف وسبعة وخمسون الفا وست مئة. يرتحلون اخيرا براياتهم
31ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။
32هؤلاء هم المعدودون من بني اسرائيل حسب بيوت آبائهم. جميع المعدودين من المحلات باجنادهم ست مئة الف وثلاثة آلاف وخمس مئة وخمسون
32ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
33واما اللاويون فلم يعدّوا بين بني اسرائيل كما امر الرب موسى.
33ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။
34ففعل بنو اسرائيل حسب كل ما امر به الرب موسى. هكذا نزلوا براياتهم وهكذا ارتحلوا. كلّ حسب عشائره مع بيت آبائه
34ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။