1واما بنو رأوبين وبنو جاد فكان لهم مواش كثيرة وافرة جدا. فلما رأوا ارض يعزير وارض جلعاد واذا المكان مكان مواش
1ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
2أتى بنو جاد وبنو رأوبين وكلموا موسى والعازار الكاهن ورؤساء الجماعة قائلين.
2မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
3عطاروت وديبون ويعزير ونمرة وحشبون والعالة وشبام ونبو وبعون
3အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
4الارض التي ضربها الرب قدام بني اسرائيل هي ارض مواش ولعبيدك مواش.
4ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
5ثم قالوا ان وجدنا نعمة في عينيك فلتعط هذه الارض لعبيدك ملكا ولا تعبّرنا الاردن
5သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
6فقال موسى لبني جاد وبني رأوبين هل ينطلق اخوتكم الى الحرب وانتم تقعدون ههنا.
6မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
7فلماذا تصدّون قلوب بني اسرائيل عن العبور الى الارض التي اعطاهم الرب.
7ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
8هكذا فعل آباؤكم حين ارسلتهم من قادش برنيع لينظروا الارض.
8ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
9صعدوا الى وادي اشكول ونظروا الارض وصدّوا قلوب بني اسرائيل عن دخول الارض التي اعطاهم الرب.
9ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
10فحمي غضب الرب في ذلك اليوم واقسم قائلا
10ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
11لن يرى الناس الذين صعدوا من مصر من ابن عشرين سنة فصاعدا الارض التي اقسمت لابراهيم واسحق ويعقوب لانهم لم يتبعوني تماما
13ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်စေ တော်မူ၏။
12ما عدا كالب بن يفنّة القنزي ويشوع بن نون لانهما اتبعا الرب تماما.
14ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
13فحمي غضب الرب على اسرائيل واتاههم في البرية اربعين سنة حتى فني كل الجيل الذي فعل الشر في عيني الرب.
15သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌ စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော၏။
14فهوذا انتم قد قمتم عوضا عن آبائكم تربية اناس خطاة لكي تزيدوا ايضا حمو غضب الرب على اسرائيل.
16ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌ သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို၎င်း တည်ပါမည်။
15اذا ارتددتم من ورائه يعود يتركه ايضا في البرية فتهلكون كل هذا الشعب
17သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
16فاقتربوا اليه وقالوا نبني صير غنم لمواشينا ههنا ومدنا لاطفالنا.
18ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ။
17واما نحن فنتجرد مسرعين قدام بني اسرائيل حتى نأتي بهم الى مكانهم ويلبث اطفالنا في مدن محصّنة من وجه سكان الارض.
19ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
18لا نرجع الى بيوتنا حتى يقتسم بنو اسرائيل كل واحد نصيبه.
20မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊
19اننا لا نملك معهم في عبر الاردن وما وراءه لان نصيبنا قد حصل لنا في عبر الاردن الى الشرق.
21ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင်၊
20فقال لهم موسى ان فعلتم هذا الامر ان تجردتم امام الرب للحرب
22သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုး သားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
21وعبر الاردن كل متجرد منكم امام الرب حتى طرد اعداءه من امامه
23ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။
22وأخضعت الارض امام الرب وبعد ذلك رجعتم فتكونون ابرياء من نحو الرب ومن نحو اسرائيل وتكون هذه الارض ملكا لكم امام الرب.
24သူငယ်များအဘို့ မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှ အတိုင်း ပြုကြလော့ဟုဆိုလျှင်၊
23ولكن ان لم تفعلوا هكذا فانكم تخطئون الى الرب. وتعلمون خطيتكم التي تصيبكم.
25ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည်။
24ابنوا لانفسكم مدنا لاطفالكم وصيرا لغنمكم. وما خرج من افواهكم افعلوا.
26ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
25فكلم بنو جاد وبنو رأوبين موسى قائلين عبيدك يفعلون كما أمر سيدي.
27ကိုယ်တော် ကျွန်အပေါင်းတို့မူကား၊ သခင် မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
26اطفالنا ونساؤنا ومواشينا وكل بهائمنا تكون هناك في مدن جلعاد.
28ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ်၍၊
27وعبيدك يعبرون كل متجرد للجند امام الرب للحرب كما تكلم سيدي
29ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
28فاوصى بهم موسى العازار الكاهن ويشوع بن نون ورؤوس آباء الاسباط من بني اسرائيل.
30သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့ တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ၏။
29وقال لهم موسى ان عبر الاردن معكم بنو جاد وبنو رأوبين كل متجرد للحرب امام الرب فمتى أخضعت الارض امامكم تعطونهم ارض جلعاد ملكا.
31ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
30ولكن ان لم يعبروا متجردين معكم يتملكوا في وسطكم في ارض كنعان.
32ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည် အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ၏။
31فاجاب بنو جاد وبنو رأوبين قائلين الذي تكلم به الرب عن عبيدك كذلك نفعل.
33ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
32نحن نعبر متجردين امام الرب الى ارض كنعان ولكن نعطى ملك نصيبنا في عبر الاردن.
34ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
33فاعطى موسى لهم لبني جاد وبني رأوبين ونصف سبط منسّى بن يوسف مملكة سيحون ملك الاموريين ومملكة عوج ملك باشان الارض مع مدنها بتخوم مدن الارض حواليها
35အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
34فبنى بنو جاد ديبون وعطاروت وعروعير
36ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများ ကို၎င်း တည်လုပ်ကြ၏။
35وعطروت شوفان ويعزير ويجبهة
37ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
36وبيت نمرة وبيت هاران مدنا محصّنة مع صير غنم.
38နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။
37وبنى بنو رأوبين حشبون والعالة وقريتايم
39မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
38ونبو وبعل معون مغيّرتي الاسم وسبمة ودعوا باسماء اسماء المدن التي بنوا.
40မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
39وذهب بنو ماكير بن منسّى الى جلعاد واخذوها وطردوا الاموريين الذين فيها.
41မနာရှေအမျိုးသား ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ၏။
40فاعطى موسى جلعاد لماكير بن منسّى فسكن فيها.
42နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။
41وذهب يائير ابن منسّى واخذ مزارعها ودعاهنّ حوّوث يائير.
42وذهب نوبح واخذ قناة وقراها ودعاها نوبح باسمه