1رؤيا عوبديا. هكذا قال السيد الرب عن ادوم. سمعنا خبرا من قبل الرب وأرسل رسول بين الامم. قوموا ولنقم عليها للحرب.
1အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု၊ တပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
2اني قد جعلتك صغيرا بين الامم. انت محتقر جدا.
2သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည်။
3تكبر قلبك قد خدعك ايها الساكن في محاجئ الصخر رفعة مقعده القائل في قلبه من يحدرني الى الارض.
3ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။
4ان كنت ترتفع كالنسر وان كان عشّك موضوعا بين النجوم فمن هناك احدرك يقول الرب.
4သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
5ان أتاك سارقون او لصوص ليل. كيف هلكت. أفلا يسرقون حاجتهم. ان أتاك قاطفون أفلا يبقون خصاصة.
5ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။
6كيف فتّش عيسو وفحصت مخابئه.
6သင်သည် အလွန်ပျက်စီးပြီတကား။ ဧသော သည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား။
7طردك الى التخم كل معاهديك. خدعك وغلب عليك مسالموك. اهل خبزك وضعوا شركا تحتك. لا فهم فيه.
7သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင် ထားကြပြီ။ သင်၏ဥာဏ်ပညာ ကုန်ပြီ။
8ألا أبيد في ذلك اليوم يقول الرب الحكماء من ادوم والفهم من جبل عيسو.
8ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဥာဏ် ကောင်းသော သူတို့ကို၎င်း ငါပယ်ရှားမည်။
9فيرتاع ابطالك يا تيمان لكي ينقرض كل واحد من جبل عيسو بالقتال
9အိုတေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏ သူရဲတို့သည် ကြောက်ကြလိမ့်မည်။
10من اجل ظلمك لاخيك يعقوب يغشاك الخزي وتنقرض الى الابد.
10သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။
11يوم وقفت مقابله يوم سبت الاعاجم قدرته ودخلت الغرباء ابوابه والقوا قرعة على اورشليم كنت انت ايضا كواحد منهم.
11သင်သည် တဘက်၌နေသောနေ့၊ တကျွန်းတ နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသော နေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။
12ويجب ان لا تنظر الى يوم اخيك يوم مصيبته ولا تشمت ببني يهوذا يوم هلاكهم ولا تفغر فمك يوم الضيق.
12သင်၏ညီသည် တပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။
13ولا تدخل باب شعبي يوم بليتهم. ولا تنظر انت ايضا الى مصيبته يوم بليّته ولا تمد يدا الى قدرته يوم بليّته.
13ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရ သောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေး ဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။
14ولا تقف على المفرق لتقطع منفلتيه ولا تسلّم بقاياه يوم الضيق.
14လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။
15فانه قريب يوم الرب على كل الامم. كما فعلت يفعل بك. عملك يرتد على راسك.
15အကြောင်းမူကား၊ ထာဝရဘုရား၏နေ့ရက် သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ။ သင်ပြုသည်အ တိုင်း သင်၌ သူတပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။
16لانه كما شربتم على جبل قدسي يشرب جميع الامم دائما يشربون ويجرعون ويكونون كانهم لم يكونوا
16ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင် ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုး အပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက် ၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။
17واما جبل صهيون فتكون عليه نجاة ويكون مقدّسا ويرث بيت يعقوب مواريثهم.
17ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။
18ويكون بيت يعقوب نارا وبيت يوسف لهيبا وبيت عيسو قشا فيشعلونهم وياكلونهم ولا يكون باق من بيت عيسو لان الرب تكلم.
18ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရ ဘုရားမိန့်တော်မူပြီ။
19ويرث اهل الجنوب جبل عيسو واهل السهل الفلسطينيين ويرثون بلاد افرايم وبلاد السامرة ويرث بنيامين جلعاد.
19တောင်မျက်နှာသားတို့သည် ဧသော၏တောင် ကို၎င်း၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း သိမ်းယူကြလိမ့်မည်။
20وسبي هذا الجيش من بني اسرائيل يرثون الذين هم من الكنعانيين الى صرفة. وسبي اورشليم الذين في صفارد يرثون مدن الجنوب.
20သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်၎င်း၊ သိမ်းသွားခြင်းကို ခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို ၎င်း သိမ်းယူကြလိမ့်မည်။
21ويصعد مخلّصون على جبل صهيون ليدينوا جبل عيسو ويكون الملك للرب
21ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။