الكتاب المقدس (Van Dyke)

Myanmar

Proverbs

1

1امثال سليمان بن داود ملك اسرائيل.
1ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊
2لمعرفة حكمة وأدب لادراك اقوال الفهم.
2ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊
3لقبول تأديب المعرفة والعدل والحق والاستقامة.
3လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊
4لتعطي الجهال ذكاء والشاب معرفة وتدبّرا.
4ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊
5يسمعها الحكيم فيزداد علما والفهيم يكتسب تدبيرا.
5ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
6لفهم المثل واللغز اقوال الحكماء وغوامضهم.
6ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
7مخافة الرب راس المعرفة. اما الجاهلون فيحتقرون الحكمة والادب
7ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
8اسمع يا ابني تأديب ابيك ولا ترفض شريعة امك.
8ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
9لانهما اكليل نعمة لراسك وقلائد لعنقك
9ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
10يا ابني ان تملقك الخطاة فلا ترض.
10ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။
11ان قالوا هلم معنا لنكمن للدم لنختف للبريء باطلا.
11သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
12لنبتلعهم احياء كالهاوية وصحاحا كالهابطين في الجب.
12သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။
13فنجد كل قنية فاخرة نملأ بيوتنا غنيمة.
13အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
14تلقي قرعتك وسطنا. يكون لنا جميعا كيس واحد.
14ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
15يا ابني لا تسلك في الطريق معهم. امنع رجلك عن مسالكهم.
15ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။
16لان ارجلهم تجري الى الشر وتسرع الى سفك الدم.
16အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
17لانه باطلا تنصب الشبكة في عيني كل ذي جناح.
17အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။
18اما هم فيكمنون لدم انفسهم. يختفون لانفسهم.
18လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။
19هكذا طرق كل مولع بكسب. يأخذ نفس مقتنيه
19မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။
20الحكمة تنادي في الخارج. في الشوارع تعطي صوتها.
20ပညာသည်ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။
21تدعو في رؤوس الاسواق في مداخل الابواب. في المدينة تبدي كلامها
21လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊
22قائلة الى متى ايها الجهال تحبون الجهل والمستهزئون يسرّون بالاستهزاء والحمقى يبغضون العلم.
22အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
23ارجعوا عند توبيخي. هانذا افيض لكم روحي. اعلمكم كلماتي
23ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
24لاني دعوت فابيتم ومددت يدي وليس من يبالي
24ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
25بل رفضتم كل مشورتي ولم ترضوا توبيخي
25ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊
26فانا ايضا اضحك عند بليتكم. اشمت عند مجيء خوفكم
26သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
27اذا جاء خوفكم كعاصفة وأتت بليتكم كالزوبعة اذا جاءت عليكم شدة وضيق.
27သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
28حينئذ يدعونني فلا استجيب. يبكرون اليّ فلا يجدونني.
28ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
29لانهم ابغضوا العلم ولم يختاروا مخافة الرب.
29အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
30لم يرضوا مشورتي. رذلوا كل توبيخي.
30ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
31فلذلك ياكلون من ثمر طريقهم ويشبعون من مؤامراتهم.
31ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။
32لان ارتداد الحمقى يقتلهم وراحة الجهال تبيدهم.
32ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
33اما المستمع لي فيسكن آمنا ويستريح من خوف الشر
33ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။