1احمدوا الرب لانه صالح لان الى الابد رحمته.
1ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
2ليقل مفديو الرب الذين فداهم من يد العدو
2ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍ အရှေ့ အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသော သူတို့သည် ဝန်ခံ ကြစေ။
3ومن البلدان جمعهم من المشرق ومن المغرب من الشمال ومن البحر.
4သူတို့သည် တောတွင်းလူဆိတ်ညံရာအရပ်၌ လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။
4تاهوا في البرية في قفر بلا طريق. لم يجدوا مدينة سكن.
5ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။
5جياع عطاش ايضا اعيت انفسهم فيهم.
6ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူ၏။
6فصرخوا الى الرب في ضيقهم فانقذهم من شدائدهم.
7သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှါ၊ ဖြောင့် သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။
7وهداهم طريقا مستقيما ليذهبوا الى مدينة سكن.
8လူသားတို့၌ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
8فليحمدوا الرب على رحمته وعجائبه لبني آدم
9အကြောင်းမူကား၊ တောင့်တသော ဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း၊ ကောင်း သောအရာနှင့် ဝစေသော်မူ၏။
9لانه اشبع نفسا مشتهية وملأ نفسا جائعة خبزا
10ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသော ဘုရား၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့်၊
10الجلوس في الظلمة وظلال الموت موثقين بالذل والحديد.
11မှောင်မိုက်၊ သေမင်းအရိပ်၌ ထိုင်လျက်၊ ဒုက္ခနှင့်၎င်း၊ သံကြိုးနှင့်၎င်း ချည်နှောင်လျက် နေရကြ၏။
11لانهم عصوا كلام الله واهانوا مشورة العلي
12ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့ စိတ်ကိုနှိမ့်ချတော်မူ၏။ သူတို့သည် လဲ၍ထောက်မသော သူမရှိဘဲ၊
12فاذل قلوبهم بتعب. عثروا ولا معين.
13ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
13ثم صرخوا الى الرب في ضيقهم فخلصهم من شدائدهم.
14မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ် ဆောင်၍ သူတို့ချည် နှောင်ခြင်းကို ဖြေတော်မူ၏။
14اخرجهم من الظلمة وظلال الموت وقطع قيودهم.
15လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ။
15فليحمدوا الرب على رحمته وعجائبه لبني آدم.
16အကြောင်းမူကား၊ ကြေးဝါးတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
16لانه كسر مصاريع نحاس وقطع عوارض حديد
17မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံ ရကြ၏။
17والجهال من طريق معصيتهم ومن آثامهم يذلون.
18စားစရာမျိုးကို ရွံ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ၏။
18كرهت انفسهم كل طعام واقتربوا الى ابواب الموت.
19ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ကယ်တင်တော်မူ၏။
19فصرخوا الى الرب في ضيقهم فخلّصهم من شدائدهم.
20နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နှုတ်ယူတော် မူ၏။
20ارسل كلمته فشفاهم ونجاهم من تهلكاتهم.
21လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
21فليحمدوا الرب على رحمته وعجائبه لبني آدم
22ကျေးဇူးတော် ဝန်ခံရာယဇ်ကို ပူဇော်၍၊ ရွှင် လန်းသော အသံနှင့်တကွ အမှုတော်တို့ကို ကြားပြော ကြစေ။
22وليذبحوا له ذبائح الحمد وليعدوا اعماله بترنم
23သင်္ဘောစီးလျက်ပင်လယ်ကိုကူး၍၊ ရေများပေါ် မှာ လုပ်ဆောင်သော သူတို့သည်၊
23النازلون الى البحر في السفن العاملون عملا في المياه الكثيرة
24နက်နဲရာအရပ်၌ ထာဝရဘုရား၏ အမှုတော် တို့နှင့်၊ အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏။
24هم رأوا اعمال الرب وعجائبه في العمق.
25အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။
25امر فاهاج ريحا عاصفة فرفعت امواجه.
26မိုဃ်းကောင်းကင် တိုင်အောင်တက်လျက်၊ နက်နဲရာထဲသို့ ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။
26يصعدون الى السموات يهبطون الى الاعماق. ذابت انفسهم بالشقاء.
27တလည်လည်သွားလျက် ယစ်မူးသော သူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ၏။
27يتمايلون ويترنحون مثل السكران وكل حكمتهم ابتلعت.
28ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။
28فيصرخون الى الرب في ضيقهم ومن شدائدهم يخلصهم.
29လေပြင်းကို ပျောက်စေတော်မူ၍၊ လှိုင်းတံပိုး များလည်း ငြိမ်ဝပ်ကြ၏။
29يهدئ العاصفة فتسكن وتسكت امواجها.
30ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ၏။
30فيفرحون لانهم هدأوا فيهديهم الى المرفإ الذي يريدونه.
31လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
31فليحمدوا الرب على رحمته وعجائبه لبني آدم.
32လူပရိတ်သတ်၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
32وليرفعوه في مجمع الشعب وليسبحوه في مجلس المشايخ
33မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ၎င်း၊ စမ်းရေ ထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ၎င်း ပြုတော်မူ၏။
33يجعل الانهار قفارا ومجاري المياه معطشة
34မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့ ၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။
34والارض المثمرة سبخة من شر الساكنين فيها.
35တဖန်လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သော အရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှါ ၎င်း ပြုတော်မူ၏။
35يجعل القفر غدير مياه وارضا يبسا ينابيع مياه.
36ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ၍၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ၏။
36ويسكن هناك الجياع فيهيئون مدينة سكن.
37လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။
37ويزرعون حقولا ويغرسون كروما فتصنع ثمر غلة.
38ကောင်းကြီးပေးတော်မူ၍၊ သူတို့သည် အလွန် ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော် မမူ။
38ويباركهم فيكثرون جدا ولا يقلل بهائمهم.
39တဖန်သူတို့သည် လျော့၍ညှဉ်းဆဲခြင်း၊ ငြိုငြင် ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။
39ثم يقلون وينحنون من ضغط الشر والحزن.
40မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တော အရပ်၌ လည်စေတော်မူ၏။
40يسكب هوانا على رؤساء ويضلهم في تيه بلا طريق.
41ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။
41ويعلي المسكين من الذل ويجعل القبائل مثل قطعان الغنم.
42ဖြောင့်မတ်သောသူတို့သည် မြင်၍၊ ဝမ်းမြောက် ကြ၏။ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏။
42يرى ذلك المستقيمون فيفرحون وكل اثم يسد فاه.
43အကြင်သူသည်ပညာရှိ၏၊ ထိုသူသည် ဤအမှု အရာတို့ကို ဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည်။
43من كان حكيما يحفظ هذا ويتعقل مراحم الرب