1لامام المغنين. لداود. مزمور. يا اله تسبيحي لا تسكت.
1အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။
2لانه قد انفتح عليّ فم الشرير وفم الغش. تكلموا معي بلسان كذب.
2မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက်၌နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။
3بكلام بغض احاطوا بي وقاتلوني بلا سبب.
3မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။
4بدل محبتي يخاصمونني. اما انا فصلاة.
4အကျွန်ုပ်၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏။
5وضعوا علي شرا بدل خير وبغضا بدل حبي
5အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို၎င်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎င်း ဆပ်ပေးကြပါ၏။
6فاقم انت عليه شريرا وليقف شيطان عن يمينه.
6ထိုသို့သော သူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ျားနားမှာ ရန်သူနေပါစေ။
7اذا حوكم فليخرج مذنبا وصلاته فلتكن خطية.
7သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။
8لتكن ايامه قليلة ووظيفته ليأخذها آخر.
8သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။
9ليكن بنوه ايتاما وامرأته ارملة.
9သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ။
10ليته بنوه تيهانا ويستعطوا. ويلتمسوا خبزا من خربهم.
10သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်း စား ဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက်၍၊ အစာကိုရှာကြပါစေ။
11ليصطد المرابي كل ما له ولينهب الغرباء تعبه.
11သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ် ၍ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ။
12لا يكن له باسط رحمة ولا يكن مترأف على يتاماه.
12သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့်။
13لتنقرض ذريته. في الجيل القادم ليمح اسمهم.
13သူ၏အနွှယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင်၊ သူတို့၏ နာမည်သည် ကျေပျောက် ပါစေ။
14ليذكر اثم آبائه لدى الرب ولا تمح خطية امه.
14သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မဖြေပါစေနှင့်။
15لتكن امام الرب دائما وليقرض من الارض ذكرهم.
15ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်းတော်မူ ပါစေ။
16من اجل انه لم يذكر ان يصنع رحمة بل طرد انسانا مسكينا وفقيرا والمنسحق القلب ليميته.
16အကြောင်းမူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။
17واحب اللعنة فأتته ولم يسر بالبركة فتباعدت عنه.
17သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
18ولبس اللعنة مثل ثوبه فدخلت كمياه في حشاه وكزيت في عظامه.
18အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။
19لتكن له كثوب يتعطف به وكمنطقة يتنطق بها دائما.
19သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း သူ၌ဖြစ်ပါစေ။
20هذه اجرة مبغضيّ من عند الرب واجرة المتكلمين شرا على نفسي
20ငါ၏ဝိညာဉ်တဘက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုး ကို ထာဝရဘုရားထံ ခံရကြပါစေ။
21اما انت يا رب السيد فاصنع معي من اجل اسمك. لان رحمتك طيبة نجني.
21အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော် ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
22فاني فقير ومسكين انا وقلبي مجروح في داخلي.
22အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ် အထဲ၌ နှလုံးနာလျက်ရှိပါ၏။
23كظل عند ميله ذهبت. انتفضت كجرادة.
23ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။
24ركبتاي ارتعشتا من الصوم ولحمي هزل عن سمن.
24အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ၏။
25وانا صرت عارا عندهم. ينظرون اليّ وينغضون رؤوسهم
25အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ၏။
26أعنّي يا رب الهي. خلّصني حسب رحمتك.
26အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။
27وليعلموا ان هذه هي يدك. انت يا رب فعلت هذا.
27ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော။
28اما هم فيلعنون. واما انت فتبارك. قاموا وخزوا. اما عبدك فيفرح.
28ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
29ليلبس خصمائي خجلا وليتعطفوا بخزيهم كالرداء.
29အကျွန်ုပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော။
30احمد الرب جدا بفمي وفي وسط كثيرين اسبحه.
30အကျွန်ုပ်သည် နှုတ်မြွက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည်။
31لانه يقوم عن يمين المسكين ليخلّصه من القاضين على نفسه
31အကြောင်းမူကား၊ ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှါ၊ သူ၏လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏။