1لامام المغنين. لداود. على الرب توكلت. كيف تقولون لنفسي اهربوا الى جبالكم كعصفور.
1မတရားသော သူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကို တင်၍၊ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏။
2لانه هوذا الاشرار يمدون القوس. فوّقوا السهم في الوتر ليرموا في الدجى مستقيمي القلوب.
2အမှီတကဲတို့သည် ပျက်လျင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင် သနည်း။
3اذا انقلبت الاعمدة فالصديق ماذا يفعل
3ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ် နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော် မူ၏။
4الرب في هيكل قدسه. الرب في السماء كرسيه. عيناه تنظران اجفانه تمتحن بني آدم.
4ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။
5الرب يمتحن الصدّيق. اما الشرير ومحب الظلم فتبغضه نفسه.
5ထာဝရဘုရားသည် ဖြောင့်မတ်သော သူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလို သော သူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။
6يمطر على الاشرار فخاخا نارا وكبريتا وريح السموم نصيب كاسهم.
6မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
7لان الرب عادل ويحب العدل. المستقيم يبصر وجهه
7တရားသဖြင့် ပြုတော်မူသောထာဝရဘုရား သည် တရားသောအမှုကို နှစ်သက်၍ သဘောဖြောင့် သောသူကို မျက်နှာပြုတော်မူ၏။