1لداود. احمدك من كل قلبي. قدام الآلهة ارنم لك.
1အိုထာဝရဘုရား၊ ကိုယ်တော်ကိုစိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်း ဆိုပါ မည်။
2اسجد في هيكل قدسك واحمد اسمك على رحمتك وحقك لانك قد عظمت كلمتك على كل اسمك.
2သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ဂတိတော် ကိုသိတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။
3في يوم دعوتك اجبتني. شجعتني قوة في نفسي
3အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင် တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကို သွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။
4يحمدك يا رب كل ملوك الارض اذا سمعوا كلمات فمك.
4အိုထာဝရဘုရား၊ လောကီရှင်ဘုရင်အပေါင်း တို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
5ويرنمون في طرق الرب لان مجد الرب عظيم.
5ထာဝရဘုရား၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရ ဘုရားသည် ဘုန်းကြီးတော်မူ၏။
6لان الرب عال ويرى المتواضع. اما المتكبر فيعرفه من بعيد.
6ထာဝရဘုရားသည် မြင့်မြတ်တော်မူသော် လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။
7ان سلكت في وسط الضيق تحيني. على غضب اعدائي تمد يدك وتخلّصني يمينك.
7အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူတို့ ၏အမျက်ဒေါသကို ဆီးတား၍၊ လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။
8الرب يحامي عني. يا رب رحمتك الى الابد. عن اعمال يديك لا تتخل
8ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော် မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။