الكتاب المقدس (Van Dyke)

Myanmar

Psalms

140

1لامام المغنين. مزمور لداود‎. ‎انقذني يا رب من اهل الشر. من رجل الظلم احفظني‎.
1အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။
2‎الذين يتفكرون بشرور في قلوبهم. اليوم كله يجتمعون للقتال‎.
2ထိုသူတို့သည်နှလုံးထဲမှာမကောင်းသော အကြံ အစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။
3‎سنوا ألسنتهم كحية حمة الافعوان تحت شفاههم. سلاه‎.
3သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ၏။
4‎احفظني يا رب من يدي الشرير. من رجل الظلم انقذني. الذين تفكروا في تعثير خطواتي‎.
4အိုထာဝရဘုရား၊ မတရားသောသူ၏ လက်မှ အကျွန်ုပ်ကိုကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှါ ကြံစည်ကြပါ၏။
5‎اخفى لي المستكبرون فخا وحبالا. مدوا شبكة بجانب الطريق‎. ‎وضعوا لي اشراكا. سلاه
5မာနကြီးသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းနှင့်ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ် သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကို ထားကြ ပါ၏။
6قلت للرب انت الهي. اصغ يا رب الى صوت تضرعاتي‎.
6ကိုယ်တော်သည်အကျွန်ုပ်၏ ဘုရားသခင်ဖြစ် တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
7‎يا رب السيد قوة خلاصي ظللت راسي في يوم القتال‎.
7အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ် ၏ဦးခေါင်းကို ဖုံးအုပ် တော်မူ၏။
8‎لا تعط يا رب شهوات الشرير. لا تنجح مقاصده. يترفعون. سلاه.
8အိုထာဝရဘုရား၊ မတရားသောသူ၏ အလို ပြည့်စုံရသောအခွင့်၊ သူ၏အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့်။
9اما رؤوس المحيطين بي فشقاء شفاههم يغطيهم‎.
9ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည်၌၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော။
10‎ليسقط عليهم جمر. ليسقطوا في النار وفي غمرات فلا يقوموا‎.
10မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါ စေသော။ မီးထဲသို့၎င်း၊ နက်သောတွင်းထဲသို့၎င်း ကျကြ ပါစေသော။ တဖန်မထကြပါစေနှင့်။
11‎رجل لسان لا يثبت في الارض. رجل الظلم يصيده الشر الى هلاكه.
11ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာ နေရာမမြဲ ပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည် တိုင်အောင်ဘေးဥပဒ်သည် လိုက်ပါစေသော။
12قد علمت ان الرب يجري حكما للمساكين وحقا للبائسين‎.
12ထာဝရဘုရားသည်ဆင်းရဲသော သူ၏အမှုကို စောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူ မည်ဟု ငါသိ၏။
13‎انما الصديقون يحمدون اسمك. المستقيمون يجلسون في حضرتك‏
13အကယ်စင်စစ် တရားသောသူတို့သည် နာမ တော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သော သူတို့သည် အထံတော်၌နေရကြပါလိမ့်မည်။