1هللويا. سبحوا الرب من السموات سبحوه في الاعالي.
1ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
2سبحوه يا جميع ملائكته سبحوه يا كل جنوده.
2ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။
3سبحيه يا ايتها الشمس والقمر سبحيه يا جميع كواكب النور.
3နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။
4سبحيه يا سماء السموات ويا ايتها المياه التي فوق السموات.
4ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။
5لتسبح اسم الرب لانه امر فخلقت.
5ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။
6وثبتها الى الدهر والابد. وضع لها حدا فلن تتعداه
6ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
7سبحي الرب من الارض يا ايتها التنانين وكل اللجج.
7မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊
8النار والبرد الثلج والضباب الريح العاصفة الصانعة كلمته
8မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
9الجبال وكل الآكام الشجر المثمر وكل الارز
9တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
10الوحوش وكل البهائم الدبابات والطيور ذوات الاجنحة
10သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊
11ملوك الارض وكل الشعوب الرؤساء وكل قضاة الارض
11လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊
12الاحداث والعذارى ايضا الشيوخ مع الفتيان
12လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
13ليسبحوا اسم الرب لانه قد تعالى اسمه وحده. مجده فوق الارض والسموات.
13နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။
14وينصب قرنا لشعبه فخرا لجميع اتقيائه لبني اسرائيل الشعب القريب اليه. هللويا
14မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။