1مزمور لداود. قدموا للرب يا ابناء الله قدموا للرب مجدا وعزّا.
1အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
2قدموا للرب مجد اسمه. اسجدوا للرب في زينة مقدسة
2ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
3صوت الرب على المياه. اله المجد ارعد. الرب فوق المياه الكثيرة.
3ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
4صوت الرب بالقوة. صوت الرب بالجلال.
4ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
5صوت الرب مكسر الارز ويكسر الرب ارز لبنان.
5ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
6ويمرحها مثل عجل. لبنان وسريون مثل فرير البقر الوحشي.
6တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
7صوت الرب يقدح لهب نار
7ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
8صوت الرب يزلزل البرية يزلزل الرب برية قادش.
8ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
9صوت الرب يولد الإيل ويكشف الوعور وفي هيكله الكل قائل مجد.
9ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
10الرب بالطوفان جلس ويجلس الرب ملكا الى الابد.
10ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
11الرب يعطي عزّا لشعبه. الرب يبارك شعبه بالسلام
11ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။