1مزمور لداود للتذكير. يا رب لا توبخني بسخطك ولا تؤدبني بغيظك
1အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသော စိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။
2لان سهامك قد انتشبت فيّ ونزلت عليّ يدك.
2မြှားတော်တို့သည် အကျွန်ုပ်၌ စုဝေး၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။
3ليست في جسدي صحة من جهة غضبك. ليست في عظامي سلامة من جهة خطيتي
3အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။
4لان آثامي قد طمت فوق راسي. كحمل ثقيل اثقل مما احتمل.
4အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ၏။
5قد انتنت قاحت حبر ضربي من جهة حماقتي.
5အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။
6لويت انحنيت الى الغاية اليوم كله ذهبت حزينا.
6အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။
7لان خاصرتي قد امتلأتا احتراقا وليست في جسدي صحة.
7အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။
8خدرت وانسحقت الى الغاية. كنت أئن من زفير قلبي
8နန်နဲခြင်း၊ ကြေကွဲရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါသည်။
9يا رب امامك كل تأوّهي وتنهدي ليس بمستور عنك.
9အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ၏။
10قلبي خافق. قوتي فارقتني ونور عيني ايضا ليس معي.
10အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍၊ ခွန်အားလည်း ကုန်ပါပြီ။ မျက်စိအလင်းသည် ကွယ်ပျောက်ပါပြီ။
11احبائي واصحابي يقفون تجاه ضربتي واقاربي وقفوا بعيدا.
11အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဘော် တို့သည် အကျွန်ုပ် အနာရောဂါကြောင့်၊ ဝေးဝေးရပ် လျက်၊ ပေါင်းဘော်တို့သည်လည်း၊ ရှောင်လျက် နေကြ ပါ၏။
12وطالبو نفسي نصبوا شركا والملتمسون لي الشر تكلموا بالمفاسد واليوم كله يلهجون بالغش
12အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။
13واما انا فكاصم. لا اسمع. وكابكم لا يفتح فاه.
13အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်လူကဲသို့ ဖြစ်ပါ၏။
14واكون مثل انسان لا يسمع وليس في فمه حجة.
14နားမကြား၊ ပြန်၍မငြင်းနိုင်သော သူကဲ့သို့ ဖြစ်ပါ၏။
15لاني لك يا رب صبرت انت تستجيب يا رب الهي.
15အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်ကိုအကျွန်ုပ် ကိုးစားပါ၏။ အကျွန်ုပ်၏ အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။
16لاني قلت لئلا يشمتوا بي. عندما زلت قدمي تعظموا عليّ.
16သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်း မြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သော အခါ အကျွန်ုပ်တဘက်၌ ကိုယ်ကိုချီးမြှောက်ကြပါ လိမ့်မည်ဟု လျှောက်ပါပြီ။
17لانني موشك ان اظلع ووجعي مقابلي دائما.
17အကျွန်ုပ်လဲလုသည်ဖြစ်၍၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက် မေ့လျက်နေပါ၏။
18لانني اخبر باثمي واغتم من خطيتي.
18ကိုယ်အပြစ်ကိုဘော်ပြပါ၏။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။
19واما اعدائي فاحياء. عظموا. والذين يبغضونني ظلما كثروا.
19အကျွန်ုပ်၏ ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။
20والمجازون عن الخير بشر يقاومونني لاجل اتباعي الصلاح.
20အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သော သူတို့သည်အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။
21لا تتركني يا رب. يا الهي لا تبعد عني.
21အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူ ပါနှင့်။ အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။
22اسرع الى معونتي يا رب يا خلاصي
22အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှါ အလျင်အမြန်ကြွလာတော်မူပါ။ အောက်မေ့စေခြင်းငှါ စပ်ဆိုသောဆာလံ။