الكتاب المقدس (Van Dyke)

Myanmar

Psalms

83

1تسبيحة. مزمور لآساف‎. ‎اللهم لا تصمت لا تسكت ولا تهدأ يا الله‎.
1အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါ နှင့်။ အို ဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။
2‎فهوذا اعداؤك يعجون ومبغضوك قد رفعوا الراس‎.
2ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။
3‎على شعبك مكروا مؤامرة وتشاوروا على أحميائك‎.
3ကိုယ်တော်၏ လူစုတဘက်၌ပရိယာယ်ကိုကြံ၍၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့တဘက်၌ တိုင်ပင်ကြပါ၏။
4‎قالوا هلم نبدهم من بين الشعوب ولا يذكر اسم اسرائيل بعد
4ဣသရေလ၏နာမကို နောက်တဖန်အောက် မေ့စရာမရှိစေခြင်းငှါ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ် ကြကုန်အံ့ဟု ဆိုကြပါ၏။
5لانهم تآمروا بالقلب معا. عليك تعاهدوا عهدا‎.
5သဘော တညီတညွတ်တည်း တိုင်ပင်၍၊ ကိုယ် တော်တဘက်၌ အချင်းချင်းသင်းဖွဲ့သော သူဟူမူကား။
6‎خيام ادوم والاسمعيليين . موآب والهاجريون‎.
6ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊
7‎جبال وعمون وعماليق. فلسطين مع سكان صور‎.
7ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက် ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်းဖွဲ့ကြပါ၏။
8‎اشور ايضا اتفق معهم. صاروا ذراعا لبني لوط. سلاه‎.
8အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။
9‎افعل بهم كما بمديان كما بسيسرا كما بيابين في وادي قيشون‎.
9မိဒျန်အမျိုးကို၎င်း၊ ခိရှုန်ချောင်းနားမှာ သိသရ မင်းနှင့် ယာဘိန်မင်းကို၎င်း ပြုသကဲ့သို့ သူတို့ကို ပြုတော် မူပါ။
10‎بادوا في عين دور. صاروا دمنا للارض‎.
10ထိုသူတို့သည် အင်္ဒေါရအရပ်၌ ဆုံးရှုံး၍၊ မြေ ပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။
11‎اجعلهم شرفاءهم مثل غراب ومثل ذئب. ومثل زبح ومثل صلمناع كل امرائهم‎.
11ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဘို့ သိမ်းယူကြကုန်အံ့ဟု ဆိုသောဩရဘမင်းနှင့် ဇေဘမင်း ကဲ့သို့၊
12‎الذين قالوا لنمتلك لانفسنا مساكن الله
12ဤသူတို့၏မှူးမတ်များကို၎င်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်း ကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကို၎င်း ဖြစ်စေတော်မူပါ။
13يا الهي اجعلهم مثل الجل مثل القش امام الريح‎.
13အကျွန်ုပ်၏ ဘုရားသခင်၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း၊ လေတိုက်၍ လွင့်သောဖွဲ့ကဲ့သို့၎င်း သူတို့ကို ဖြစ်စေ တော်မူပါ။
14‎كنار تحرق الوعر كلهيب يشعل الجبال
14တောကို မီးရှို့သကဲ့သို့၎င်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့၎င်း၊
15هكذا اطردهم بعاصفتك وبزوبعتك روعهم‎.
15ထိုနည်းတူ၊ မိုဃ်းသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ချောက်လှန့်တော်မူပါ။
16‎املأ وجوههم خزيا فيطلبوا اسمك يا رب‎.
16အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော် မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။
17‎ليخزوا ويرتاعوا الى الابد وليخجلوا ويبيدوا
17စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။
18ويعلموا انك اسمك يهوه وحدك العلي على كل الارض
18ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ် တော်တပါးတည်းသာလျှင်၊ မြေကြီးတပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါ စေသော။