1And Satan stood up against Israel, and moved David to number Israel.
1နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။
2And David said to Joab and to the princes of the people, Go, number Israel from Beer-sheba even to Dan; and bring me word, that I may know the sum of them.
2ဒါဝိဒ်ကလည်း၊လူပေါင်းမည်မျှ ရှိသည်ကို ငါသိ မည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ ကိုရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့ သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ၏။
3And Joab said, Jehovah make his people a hundred times as many as they are: but, my lord the king, are they not all my lord's servants? why doth my lord require this thing? why will he be a cause of guilt unto Israel?
3ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတရာ တိုးပွါးစေခြင်းငှါ ပြုတော်မူပါစေ သော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်း တို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ် ၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။
4Nevertheless the king's word prevailed against Joab. Wherefore Joab departed, and went throughout all Israel, and came to Jerusalem.
4သို့သော်လည်း အမိန့်တော်သည် ယွာဘစကား ကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တရှောက်လုံးသို့ သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။
5And Joab gave up the sum of the numbering of the people unto David. And all they of Israel were a thousand thousand and a hundred thousand men that drew sword: and Judah was four hundred threescore and ten thousand men that drew sword.
5လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက်၍၊ ဣသ ရေလအမျိုး၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း၊ ယုဒ အမျိုး၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
6But Levi and Benjamin counted he not among them; for the king's word was abominable to Joab.
6သို့ရာတွင် ယွာဘသည် အမိန့်တော်ကို ရွံ့သော ကြောင့်၊ လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို အခြားသော အမျိုးထဲသို့သွင်း၍ မရေတွက်။
7And God was displeased with this thing; therefore he smote Israel.
7ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော် မူမည်ဖြစ်၍၊
8And David said unto God, I have sinned greatly, in that I have done this thing: but now, put away, I beseech thee, the iniquity of thy servant; for I have done very foolishly.
8ဒါဝိဒ်က၊ အကျွန်ုပ်ပြုမိသော အမှု၌အလွန် ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သော အမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ၏။
9And Jehovah spake unto Gad, David's seer, saying,
9ထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဂဒ်ကို ခေါ်၍၊
10Go and speak unto David, saying, Thus saith Jehovah, I offer thee three things: choose thee one of them, that I may do it unto thee.
10ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကို သင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးလော့ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
11So Gad came to David, and said unto him, Thus saith Jehovah, Take which thou wilt:
11ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊
12either three years of famine; or three months to be consumed before thy foes, while the sword of thine enemies overtaketh thee; or else three days the sword of Jehovah, even pestilence in the land, and the angel of Jehovah destroying throughout all the borders of Israel. Now therefore consider what answer I shall return to him that sent me.
12သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသော ဘေး၊ သုံးလပတ်လုံး သင့်ကို ရန်သူလိုက်မှီ၍ ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော် ၌ ကာလနာတည်းဟူသောထာဝရဘုရား၏ ထားတော် ကို၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ကိုင်၍ ဣသရေလပြည် တရှောက်လုံးကို ဖျက်ဆီးသော ဘေးတို့တွင် တပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည် ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
13And David said unto Gad, I am in a great strait: let me fall, I pray, into the hand of Jehovah; for very great are his mercies: and let me not fall into the hand of man.
13ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော၏။
14So Jehovah sent a pestilence upon Israel; and there fell of Israel seventy thousand men.
14ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၌ ကာလနာကို လွှတ်လိုက်တော်မူ၍ လူခုနစ်သောင်း သေကြ၏။
15And God sent an angel unto Jerusalem to destroy it: and as he was about to destroy, Jehovah beheld, and he repented him of the evil, and said to the destroying angel, It is enough; now stay thy hand. And the angel of Jehovah was standing by the threshing-floor of Ornan the Jebusite.
15ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှါ ဘုရား သခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည် အတိုင်း၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ် သောအခါ၊ ထာဝရဘုရားသည် ကြည့်ရှုလျက်၊ ထိုဘေး ကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင် တမန်သည်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်း အနားမှာ ရပ်နေ၏။
16And David lifted up his eyes, and saw the angel of Jehovah standing between earth and heaven, having a drawn sword in his hand stretched out over Jerusalem. Then David and the elders, clothed in sackcloth, fell upon their faces.
16ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
17And David said unto God, Is it not I that commanded the people to be numbered? even I it is that have sinned and done very wickedly; but these sheep, what have they done? let thy hand, I pray thee, O Jehovah my God, be against me, and against my father's house; but not against thy people, that they should be plagued.
17ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်း ငှါ စီရင်သော သူကား အကျွန်ုပ်ဖြစ်ပါသည်မဟုတ်လော။ အကျွန်ုပ်ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသို့ တို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ် ခတ်ခြင်းငှါ လက်တော်ကိုသူတို့အပေါ်သို့ ရောက်စေ တော်မမူပါနှင့်။ အကျွန်ုပ် နှင့်အကျွန်ုပ်အဆွေအမျိုး အပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။
18Then the angel of Jehovah commanded Gad to say to David, that David should go up, and rear an altar unto Jehovah in the threshing-floor of Ornan the Jebusite.
18ထိုအခါဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရော န၏ကောက်နယ်တလင်း၌ထာဝရဘုရား အဘို့ယဇ်ပလ္လင် ကို တည်စေခြင်းငှါ ပြောရမည်အကြောင်း၊ ထာဝရဘုရား ၏ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊
19And David went up at the saying of Gad, which he spake in the name of Jehovah.
19ဂဒ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော် အတိုင်း ဒါဝိဒ်သည် သွားလေ၏။
20And Ornan turned back, and saw the angel; and his four sons that were with him hid themselves. Now Ornan was threshing wheat.
20အရောနသည်စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့် ၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။
21And as David came to Ornan, Ornan looked and saw David, and went out of the threshing-floor, and bowed himself to David with his face to the ground.
21ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်း မှဆင်း၍ ဒါဝိဒ်ရှေ့မှာဦးချပြပ်ဝပ်လေ၏။
22Then David said to Ornan, Give me the place of this threshing-floor, that I may build thereon an altar unto Jehovah: for the full price shalt thou give it me, that the plague may be stayed from the people.
22ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင် ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ် ကို အဘိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊
23And Ornan said unto David, Take it to thee, and let my lord the king do that which is good in his eyes: lo, I give [thee] the oxen for burnt-offerings, and the threshing instruments for wood, and the wheat for the meal-offering; I give it all.
23အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဘို့နွားများ၊ ထင်းဘို့ ကောက်နယ်တန်ဆာ များ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဂျုံစပါးများအလုံးစုံကို ကျွန် တော်ဆက်ပါ၏ဟု ဒါဝိဒ်အားလျှောက်လျှင်၊
24And king David said to Ornan, Nay; but I will verily buy it for the full price: for I will not take that which is thine for Jehovah, nor offer a burnt-offering without cost.
24ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး၍ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဘို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာ ယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊
25So David gave to Ornan for the place six hundred shekels of gold by weight.
25ရွှေခြောက်ပိဿာကို ချိန်ပေး၍ ထိုအရပ်ကို ဝယ်ပြီးမှ၊
26And David built there an altar unto Jehovah, and offered burnt-offerings and peace-offerings, and called upon Jehovah; and he answered him from heaven by fire upon the altar of burnt-offering.
26ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ မီးရှို့ ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပဌနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင် ပေါ်သို့ မီကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။
27And Jehovah commanded the angel; and he put up his sword again into the sheath thereof.
27ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိထားကို ထားအိမ်၌သွင်းထား ပြန်၏။
28At that time, when David saw that Jehovah had answered him in the threshing-floor of Ornan the Jebusite, then he sacrificed there.
28ထာဝရဘုရားသည် ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင် လျှင်၊ ထိုအရပ်၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ၏။
29For the tabernacle of Jehovah, which Moses made in the wilderness, and the altar of burnt-offering, were at that time in the high place at Gibeon.
29တော၌မောရှေလုပ်ခဲ့သော ထာဝရဘုရား၏ တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင် မြို့၌ မြင့်သောအရပ်ပေါ်မှာရှိ၏။
30But David could not go before it to inquire of God; for he was afraid because of the sword of the angel of Jehovah.
30ဒါဝိဒ်သည်ထာဝရဘုရား၏ ကောင်းကင်တမန်ထားကို ကြောက်သောကြောင့်၊ ထိုယဇ် ပလ္လင်သို့ သွား၍ဘုရားသခင်ကို မမေးမလျှောက်ဝံ့။