1Now there was a certain man of Ramathaim-zophim, of the hill-country of Ephraim, and his name was Elkanah, the son of Jeroham, the son of Elihu, the son of Tohu, the son of Zuph, an Ephraimite:
1ဧဖရတ်မြို့သားဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသော ဧလကာနအမည်ရှိသော သူတယောက်ရှိ၏။
2and he had two wives; the name of the one was Hannah, and the name of other Peninnah: and Peninnah had children, but Hannah had no children.
2ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တယောက်ကား၊ ဟန္န၊ တယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။
3And this man went up out of his city from year to year to worship and to sacrifice unto Jehovah of hosts in Shiloh. And the two sons of Eli, Hophni and Phinehas, priests unto Jehovah, were there.
3ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှါ၊ မိမိနေရာ မြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။
4And when the day came that Elkanah sacrificed, he gave to Peninnah his wife, and to all her sons and her daughters, portions:
4ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ၊ မယားပေနိန္နနှင့် သူ၏ သားသမီးအပေါင်းတို့ အား ဝေမျှ၏။
5but unto Hannah he gave a double portion; for he loved Hannah, but Jehovah had shut up her womb.
5ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဘို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဘွားသော အခွင့်ကို ပေးတော်မမူ။
6And her rival provoked her sore, to make her fret, because Jehovah had shut up her womb.
6ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့်၊ ဟန္န စိတ်ဆိုးညစ်အောင် ရန်သူသည် အလွန်နှောင့်ယှက်တတ်၏။
7And [as] he did so year by year, when she went up to the house of Jehovah, so she provoked her; therefore she wept, and did not eat.
7နှစ်စဉ်မပြတ် ထာဝရဘုရား၏ အိမ်တော်သို့ သွားသောအခါ၊ ရန်သူနှောင့်ရှက်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက် နေတတ်၏။
8And Elkanah her husband said unto her, Hannah, why weepest thou? and why eatest thou not? and why is thy heart grieved? am not I better to thee than ten sons?
8သူ၏ ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတကျိပ်ထက် သင်၌ ငါသာ၍ ကောင်းသည် မဟုတ် လောဟုဆို၏။
9So Hannah rose up after they had eaten in Shiloh, and after they had drunk. Now Eli the priest was sitting upon his seat by the door-post of the temple of Jehovah.
9ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော် တိုင်နားမှာ ထိုင်စဉ်၊-
10And she was in bitterness of soul, and prayed unto Jehovah, and wept sore.
10ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည် ကား၊-
11And she vowed a vow, and said, O Jehovah of hosts, if thou wilt indeed look on the affliction of thy handmaid, and remember me, and not forget thy handmaid, but wilt give unto thy handmaid a man-child, then I will give him unto Jehovah all the days of his life, and there shall no razor come upon his head.
11အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော် ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား၏ ကျွန်ဖြစ်စေခြင်းငှါ ကျွန်မအပ်ပါ မည်ဟု သစ္စာဂတိပြုလေ၏။
12And it came to pass, as she continued praying before Jehovah, that Eli marked her mouth.
12ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏ နှုတ်ကို ကြည့်မှတ် လေ၏။
13Now Hannah, she spake in her heart; only her lips moved, but her voice was not heard: therefore Eli thought she had been drunken.
13စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊
14And Eli said unto her, How long wilt thou be drunken? put away thy wine from thee.
14သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ ဟု ဆို၏။
15And Hannah answered and said, No, my lord, I am a woman of a sorrowful spirit: I have drunk neither wine nor strong drink, but I poured out my soul before Jehovah.
15ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက် ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။
16Count not thy handmaid for a wicked woman; for out of the abundance of my complaint and my provocation have I spoken hitherto.
16ကိုယ်တော်၏ ကျွန်မကို အဓမ္မ မိန်းမဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာ အကြောင်း၊ ဝမ်းနည်းစရာ အကြောင်းများသည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိက၊ ငြိမ် ဝပ်စွာသွားလော့။
17Then Eli answered and said, Go in peace; and the God of Israel grant thy petition that thou hast asked of him.
17ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။
18And she said, Let thy handmaid find favor in thy sight. So the woman went her way, and did eat; and her countenance was no more [sad].
18ဟန္နကလည်း၊ ကိုယ်တော်၏ ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနား သော မျက်နှာနှင့် သွား၍ အစာစားလေ၏။
19And they rose up in the morning early, and worshipped before Jehovah, and returned, and came to their house to Ramah: and Elkanah knew Hannah his wife; and Jehovah remembered her.
19ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့်၊-
20And it came to pass, when the time was come about, that Hannah conceived, and bare a son; and she called his name Samuel, [saying], Because I have asked him of Jehovah.
20ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဘွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။
21And the man Elkanah, and all his house, went up to offer unto Jehovah the yearly sacrifice, and his vow.
21ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသော ယဇ်ကို၎င်း၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအား ပူဇော်ခြင်းငှါ တက်သွားသောအခါ၊-
22But Hannah went not up; for she said unto her husband, [I will not go up] until the child be weaned; and then I will bring him, that he may appear before Jehovah, and there abide for ever.
22ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟုဆိုလျှင်၊-
23And Elkanah her husband said unto her, Do what seemeth thee good; tarry until thou have weaned him; only Jehovah establish his word. So the woman tarried and gave her son suck, until she weaned him.
23ခင်ပွန်းဧလကာနက၊ စိတ်ရှိသည် အတိုင်းပြုလော့။ နို့နှင့်မကွာမှီတိုင်အောင် နေလော့။ ထာဝရဘုရား ၏ ဂတိတော်သာ တည်ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ်ကို နို့တိုက်လျက် နို့မကွာမှီတိုင် အောင် မသွားဘဲနေ၏။
24And when she had weaned him, she took him up with her, with three bullocks, and one ephah of meal, and a bottle of wine, and brought him unto the house of Jehovah in Shiloh: and the child was young.
24နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန့်ညက် တဧဖာ၊ စပျစ်ရည်တဘူးနှင့်တကွ သူငယ်ကို ဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။
25And they slew the bullock, and brought the child to Eli.
25နွားကိုသတ်၍ သူငယ်ကို ဧလိထံသို့ သွင်းလျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊-
26And she said, Oh, my lord, as thy soul liveth, my lord, I am the woman that stood by thee here, praying unto Jehovah.
26ကိုယ်တော် အသက်ရှင်သည်အတိုင်း၊ ကျွန်မသည် ယမန်တခါ ဤအရပ်၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသော မိန်းမဖြစ်ပါ၏။
27For this child I prayed; and Jehovah hath given me my petition which I asked of him:
27ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။
28therefore also I have granted him to Jehovah; as long as he liveth he is granted to Jehovah. And he worshipped Jehovah there.
28ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှါးပါပြီ။ သူသည် တသက်လုံး ထာဝရဘုရားထံ တော်၌ အငှါးခံ၍ နေရပါမည်သခင်ဟု လျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။