1This is the third time I am coming to you. At the mouth of two witnesses or three shall every word established.
1ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။
2I have said beforehand, and I do say beforehand, as when I was present the second time, so now, being absent, to them that have sinned heretofore, and to all the rest, that, if I come again, I will not spare;
2တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ၍ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့်၏။
3seeing that ye seek a proof of Christ that speaketh in me; who to you-ward is not weak, but is powerful in you:
3သင်တို့တွင်အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိဏ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက် လာသောအခါ မသနားရ။
4for he was crucified through weakness, yet he liveth through the power of God. For we also are weak in him, but we shall live with him through the power of God toward you.
4အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်း သော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။
5Try your own selves, whether ye are in the faith; prove your own selves. Or know ye not as to your own selves, that Jesus Christ is in you? unless indeed ye be reprobate.
5သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော။
6But I hope that ye shall know that we are not reprobate.
6ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ၏။
7Now we pray to God that ye do no evil; not that we may appear approved, but that ye may do that which is honorable, though we be as reprobate.
7ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု၏။
8For we can do nothing against the truth, but for the truth.
8ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။
9For we rejoice, when we are weak, and ye are strong: this we also pray for, even your perfecting.
9သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည်အားနည်း၍ သင်တို့သည်အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။
10For this cause I write these things while absent, that I may not when present deal sharply, according to the authority which the Lord gave me for building up, and not for casting down.
10ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
11Finally, brethren, farewell. Be perfected; be comforted; be of the same mind; live in peace: and the God of love and peace shall be with you.
11ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။
12Salute one another with a holy kiss.
12အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
13All the saints salute you.
13သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
14The grace of the Lord Jesus Christ, and the love of God, and the communion of the Holy Spirit, be with you all.
14သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။