1The elder unto the elect lady and her children, whom I love in truth; and not I only, but also all they that know the truth;
1အသက်ကြီးသူသည် မြတ်သောသခင်မကို၎င်း၊ သားသမီးတို့ကို၎င်းကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့်၊
2for the truth's sake which abideth in us, and it shall be with us for ever:
2ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်း တို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ၏။
3Grace, mercy, peace shall be with us, from God the Father, and from Jesus Christ, the Son of the Father, in truth and love.
3ခမည်းတော်ဘုရားထံတော်က၎င်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်အထံက၎င်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
4I rejoice greatly that I have found [certain] of thy children walking in truth, even as we received commandment from the Father.
4ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း၊ သင်၏သားသမီးအချို့တို့သည် သမ္မာတရား၌ ကျင်လည်၍ နေသည်ကို ငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်းရှိ၏။
5And now I beseech thee, lady, not as though I wrote to thee a new commandment, but that which we had from the beginning, that we love one another.
5ယခုတွင်ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍၊ သခင်မ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန်၏။
6And this is love, that we should walk after his commandments. This is the commandment, even as ye heard from the beginning, that ye should walk in it.
6ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း၊ ရှေ့ဦးစွာကပင်သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည်ထိုသို့သော သဘောရှိ၏။
7For many deceivers are gone forth into the world, [even] they that confess not that Jesus Christ cometh in the flesh. This is the deceiver and the antichrist.
7လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။
8Look to yourselves, that ye lose not the things which we have wrought, but that ye receive a full reward.
8ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။
9Whosoever goeth onward and abideth not in the teaching of Christ, hath not God: he that abideth in the teaching, the same hath both the Father and the Son.
9ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော် ၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။
10If any one cometh unto you, and bringeth not this teaching, receive him not into [your] house, and give him no greeting:
10ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေ သောဟု နှုတ်မဆက်နှင့်။
11for he that giveth him greeting partaketh in his evil works.
11မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။
12Having many things to write unto you, I would not [write them] with paper and ink: but I hope to come unto you, and to speak face to face, that your joy may be made full.
12သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း၊ စက္ကူပေါ်၌မှင်နှင့်ရေးခြင်းငှါ အလိုမရှိ၊ သင်တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက်ခြင်းစုံလင်မည်အကြောင်း၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြောမည်ဟုမြော်လင့်လျက်နေ၏။
13The children of thine elect sister salute thee.
13သင်၏မြတ်သောညီမ၏ သားသမီးတို့သည် သင့်ကိုနှုတ်ဆက် ကြ၏။