1Now this is the commandment, the statutes, and the ordinances, which Jehovah your God commanded to teach you, that ye might do them in the land whither ye go over to possess it;
1သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
2that thou mightest fear Jehovah thy God, to keep all his statutes and his commandments, which I command thee, thou, and thy son, and thy son's son, all the days of thy life; and that thy days may be prolonged.
2ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏ အသက်တာရှည်စေမည်အကြောင်း၊ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
3Hear therefore, O Israel, and observe to do it; that it may be well with thee, and that ye may increase mightily, as Jehovah, the God of thy fathers, hath promised unto thee, in a land flowing with milk and honey.
3အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
4Hear, O Israel: Jehovah our God is one Jehovah:
4အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။
5and thou shalt love Jehovah thy God with all thy heart, and with all thy soul, and with all thy might.
5သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
6And these words, which I command thee this day, shall be upon thy heart;
6ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။
7and thou shalt teach them diligently unto thy children, and shalt talk of them when thou sittest in thy house, and when thou walkest by the way, and when thou liest down, and when thou risest up.
7ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။
8And thou shalt bind them for a sign upon thy hand, and they shall be for frontlets between thine eyes.
8ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့၎င်း ချည်ထားရမည်။
9And thou shalt write them upon the door-posts of thy house, and upon thy gates.
9အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။
10And it shall be, when Jehovah thy God shall bring thee into the land which he sware unto thy fathers, to Abraham, to Isaac, and to Jacob, to give thee, great and goodly cities, which thou buildest not,
10သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို၎င်း၊
11and houses full of all good things, which thou filledst not, and cisterns hewn out, which thou hewedst not, vineyards and olive-trees, which thou plantedst not, and thou shalt eat and be full;
11သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အား ပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊
12then beware lest thou forget Jehovah, who brought thee forth out of the land of Egypt, out of the house of bondage.
12ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။
13Thou shalt fear Jehovah thy God; and him shalt thou serve, and shalt swear by his name.
13သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
14Ye shall not go after other gods, of the gods of the peoples that are round about you;
14အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။
15for Jehovah thy God in the midst of thee is a jealous God; lest the anger of Jehovah thy God be kindled against thee, and he destroy thee from off the face of the earth.
15သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။
16Ye shall not tempt Jehovah your God, as ye tempted him in Massah.
16သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
17Ye shall diligently keep the commandments of Jehovah your God, and his testimonies, and his statutes, which he hath commanded thee.
17သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။
18And thou shalt do that which is right and good in the sight of Jehovah; that it may be well with thee, and that thou mayest go in and possess the good land which Jehovah sware unto thy fathers,
18သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
19to thrust out all thine enemies from before thee, as Jehovah hath spoken.
19ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။
20When thy son asketh thee in time to come, saying, What mean the testimonies, and the statutes, and the ordinances, which Jehovah our God hath commanded you?
20နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
21then thou shalt say unto thy son, We were Pharaoh's bondmen in Egypt: and Jehovah brought us out of Egypt with a mighty hand;
21သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။
22and Jehovah showed signs and wonders, great and sore, upon Egypt, upon Pharaoh, and upon all his house, before our eyes;
22ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊
23and he brought us out from thence, that he might bring us in, to give us the land which he sware unto our fathers.
23ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။
24And Jehovah commanded us to do all these statutes, to fear Jehovah our God, for our good always, that he might preserve us alive, as at this day.
24ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
25And it shall be righteousness unto us, if we observe to do all this commandment before Jehovah our God, as he hath commanded us.
25သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။