1James, a servant of God and of the Lord Jesus Christ, to the twelve tribes which are of the Dispersion, greeting.
1ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
2Count it all joy, my brethren, when ye fall into manifold temptations;
2ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊
3Knowing that the proving of your faith worketh patience.
3ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။
4And let patience have [its] perfect work, that ye may be perfect and entire, lacking in nothing.
4သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။
5But if any of you lacketh wisdom, let him ask of God, who giveth to all liberally and upbraideth not; and it shall be given him.
5သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။
6But let him ask in faith, nothing doubting: for he that doubteth is like the surge of the sea driven by the wind and tossed.
6သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။
7For let not that man think that he shall receive anything of the Lord;
7ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊
8a doubleminded man, unstable in all his ways.
8ထာဝရ ဘုရား၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင်မမှတ်စေနှင့်။
9But let the brother of low degree glory in his high estate:
9အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။
10and the rich, in that he is made low: because as the flower of the grass he shall pass away.
10ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူ ကား၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ၏။
11For the sun ariseth with the scorching wind, and withereth the grass: and the flower thereof falleth, and the grace of the fashion of it perisheth: so also shall the rich man fade away in his goings.
11နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ရောက်တတ်၏။
12Blessed is the man that endureth temptation; for when he hath been approved, he shall receive the crown of life, which [the Lord] promised to them that love him.
12စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။
13Let no man say when he is tempted, I am tempted of God; for God cannot be tempted with evil, and he himself tempteth no man:
13အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။
14but each man is tempted, when he is drawn away by his own lust, and enticed.
14မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။
15Then the lust, when it hath conceived, beareth sin: and the sin, when it is fullgrown, bringeth forth death.
15တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။
16Be not deceived, my beloved brethren.
16ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။
17Every good gift and every perfect gift is from above, coming down from the Father of lights, with whom can be no variation, neither shadow that is cast by turning.
17ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
18Of his own will he brought us forth by the word of truth, that we should be a kind of firstfruits of his creatures.
18နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။
19Ye know [this], my beloved brethren. But let every man be swift to hear, slow to speak, slow to wrath:
19သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
20for the wrath of man worketh not the righteousness of God.
20လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။
21Wherefore putting away all filthiness and overflowing of wickedness, receive with meekness the implanted word, which is able to save your souls.
21ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့။
22But be ye doers of the word, and not hearers only, deluding your own selves.
22ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။
23For if any one is a hearer of the word and not a doer, he is like unto a man beholding his natural face in a mirror:
23တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။
24for he beholdeth himself, and goeth away, and straightway forgetteth what manner of man he was.
24အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။
25But he that looketh into the perfect law, the [law] of liberty, and [so] continueth, being not a hearer that forgetteth but a doer that worketh, this man shall be blessed in his doing.
25လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။
26If any man thinketh himself to be religious, while he bridleth not his tongue but deceiveth his heart, this man's religion is vain.
26သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။
27Pure religion and undefiled before our God and Father is this, to visit the fatherless and widows in their affliction, [and] to keep oneself unspotted from the world.
27ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။