1Now these are the generations of Aaron and Moses in the day that Jehovah spake with Moses in mount Sinai.
1ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊
2And these are the names of the sons of Aaron: Nadab the first-born, and Abihu, Eleazar, and Ithamar.
2အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။
3These are the names of the sons of Aaron, the priests that were anointed, whom he consecrated to minister in the priest's office.
3ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။
4And Nadab and Abihu died before Jehovah, when they offered strange fire before Jehovah, in the wilderness of Sinai, and they had no children; and Eleazar and Ithamar ministered in the priest's office in the presence of Aaron their father.
4နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
5And Jehovah spake unto Moses, saying,
5ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊
6Bring the tribe of Levi near, and set them before Aaron the priest, that they may minister unto him.
6သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။
7And they shall keep his charge, and the charge of the whole congregation before the tent of meeting, to do the service of the tabernacle.
7သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
8And they shall keep all the furniture of the tent of meeting, and the charge of the children of Israel, to do the service of the tabernacle.
8သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
9And thou shalt give the Levites unto Aaron and to his sons: they are wholly given unto him on the behalf of the children of Israel.
9လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။
10And thou shalt appoint Aaron and his sons, and they shall keep their priesthood: and the stranger that cometh nigh shall be put to death.
10အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
11And Jehovah spake unto Moses, saying,
11တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
12And I, behold, I have taken the Levites from among the children of Israel instead of all the first-born that openeth the womb among the children of Israel; and the Levites shall be mine:
12ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။
13for all the first-born are mine; on the day that I smote all the first-born in the land of Egypt I hallowed unto me all the first-born in Israel, both man and beast; mine they shall be: I am Jehovah.
13အကြော်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
14And Jehovah spake unto Moses in the wilderness of Sinai, saying,
14တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊
15Number the children of Levi by their fathers' houses, by their families: every male from a month old and upward shalt thou number them.
15လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊
16And Moses numbered them according to the word of Jehovah, as he was commanded.
16မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။
17And these were the sons of Levi by their names: Gershon, and Kohath, and Merari.
17လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
18And these are the names of the sons of Gershon by their families: Libni and Shimei.
18မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။
19And the sons of Kohath by their families: Amram, and Izhar, Hebron, and Uzziel.
19မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
20And the sons of Merari by their families: Mahli and Mushi. These are the families of the Levites according to their fathers' houses.
20မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။
21Of Gershon was the family of the Libnites, and the family of the Shimeites: these are the families of the Gershonites.
21ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
22Those that were numbered of them, according to the number of all the males, from a month old and upward, even those that were numbered of them were seven thousand and five hundred.
22ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။
23The families of the Gershonites shall encamp behind the tabernacle westward.
23ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။
24And the prince of the fathers' house of the Gershonites shall be Eliasaph the son of Lael.
24ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသား ဧလျာသပ်တည်း။
25And the charge of the sons of Gershon in the tent of meeting shall be the tabernacle, and the Tent, the covering thereof, and the screen for the door of the tent of meeting,
25ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊
26and the hangings of the court, and the screen for the door of the court, which is by the tabernacle, and by the altar round about, and the cords of it for all the service thereof.
26တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
27And of Kohath was the family of the Amramites, and the family of the Izharites, and the family of the Hebronites, and the family of the Uzzielites: these are the families of the Kohathites.
27ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။
28According to the number of all the males, from a month old and upward, there were eight thousand and six hundred, keeping the charge of the sanctuary.
28တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း။
29The families of the sons of Kohath shall encamp on the side of the tabernacle southward.
29ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော် တောင်မျက်နှာ၌ နေရာချရမည်။
30And the prince of the fathers' house of the families of the Kohathites shall be Elizaphan the son of Uzziel.
30ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလ သား ဧလိဇာဖန်တည်း။
31And their charge shall be the ark, and the table, and the candlestick, and the altars, and the vessels of the sanctuary wherewith they minister, and the screen, and all the service thereof.
31သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။
32And Eleazar the son of Aaron the priest shall be prince of the princes of the Levites, [and have] the oversight of them that keep the charge of the sanctuary.
32ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။
33Of Merari was the family of the Mahlites, and the family of the Mushites: these are the families of Merari.
33မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
34And those that were numbered of them, according to the number of all the males, from a month old and upward, were six thousand and two hundred.
34ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။
35And the prince of the fathers' house of the families of Merari was Zuriel the son of Abihail: they shall encamp on the side of the tabernacle northward.
35မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
36And the appointed charge of the sons of Merari shall be the boards of the tabernacle, and the bars thereof, and the pillars thereof, and the sockets thereof, and all the instruments thereof, and all the service thereof,
36မေရာရိသားတို့ အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊
37and the pillars of the court round about, and their sockets, and their pins, and their cords.
37ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
38And those that encamp before the tabernacle eastward, before the tent of meeting toward the sunrising, shall be Moses, and Aaron and his sons, keeping the charge of the sanctuary for the charge of the children of Israel; and the stranger that cometh nigh shall be put to death.
38မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
39All that were numbered of the Levites, whom Moses and Aaron numbered at the commandment of Jehovah, by their families, all the males from a month old and upward, were twenty and two thousand.
39ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
40And Jehovah said unto Moses, Number all the first-born males of the children of Israel from a month old and upward, and take the number of their names.
40တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
41And thou shalt take the Levites for me (I am Jehovah) instead of all the first-born among the children of Israel; and the cattle of the Levites instead of all the firstlings among the cattle of the children of Israel:
41ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊
42and Moses numbered, as Jehovah commanded him, all the first-born among the children of Israel.
42မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊
43And all the first-born males according to the number of names, from a month old and upward, of those that were numbered of them, were twenty and two thousand two hundred and threescore and thirteen.
43အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။
44And Jehovah spake unto Moses, saying,
44တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
45Take the Levites instead of all the first-born among the children of Israel, and the cattle of the Levites instead of their cattle; and the Levites shall be mine: I am Jehovah.
45ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
46And for the redemption of the two hundred and threescore and thirteen of the first-born of the children of Israel, that are over and above [the number of] the Levites,
46လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊
47thou shalt take five shekels apiece by the poll; after the shekel of the sanctuary shalt thou take them (the shekel is twenty gerahs):
47အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
48and thou shalt give the money, wherewith the odd number of them is redeemed, unto Aaron and to his sons.
48ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊
49And Moses took the redemption-money from them that were over and above them that were redeemed by the Levites;
49လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊
50from the first-born of the children of Israel took he the money, a thousand three hundred and threescore and five [shekels], after the shekel of the sanctuary:
50မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊
51and Moses gave the redemption-money unto Aaron and to his sons, according to the word of Jehovah, as Jehovah commanded Moses.
51ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။