American Standard Version

Myanmar

Psalms

19

1For the Chief Musician. A Psalm of David. The heavens declare the glory of God; And the firmament showeth his handiwork.
1မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။
2Day unto day uttereth speech, And night unto night showeth knowledge.
2တနေ့ကိုတနေ့မြွက်ဆို၍၊ တညဉ့်ကို တညဉ့် သွန်သင်၏။
3There is no speech nor language; Their voice is not heard.
3နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း၊
4Their line is gone out through all the earth, And their words to the end of the world. In them hath he set a tabernacle for the sun,
4သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။
5Which is as a bridegroom coming out of his chamber, And rejoiceth as a strong man to run his course.
5မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့်၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊
6His going forth is from the end of the heavens, And his circuit unto the ends of it; And there is nothing hid from the heat thereof.
6မိုဃ်းကောင်းကင် တစွနးမှထွက်လာ၍၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ။
7The law of Jehovah is perfect, restoring the soul: The testimony of Jehovah is sure, making wise the simple.
7ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။
8The precepts of Jehovah are right, rejoicing the heart: The commandment of Jehovah is pure, enlightening the eyes.
8ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။
9The fear of Jehovah is clean, enduring for ever: The ordinances of Jehovah are true, [and] righteous altogether.
9ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။
10More to be desired are they than gold, yea, than much fine gold; Sweeter also than honey and the droppings of the honeycomb.
10ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။
11Moreover by them is thy servant warned: In keeping them there is great reward.
11တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။
12Who can discern [his] errors? Clear thou me from hidden [faults].
12မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊
13Keep back thy servant also from presumptuous [sins]; Let them not have dominion over me: Then shall I be upright, And I shall be clear from great transgression.
13ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
14Let the words of my mouth and the meditation of my heart Be acceptable in thy sight, O Jehovah, my rock, and my redeemer.
14အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော။ အိုထာဝရဘုရားအကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား။