1For the Chief Musician. A song, a Psalm. Make a joyful noise unto God, all the earth:
1မြေကြီးသားအပေါင်းတို့၊ ဘုရားသခင့်ရှေ့တော်၌ ကျူးဧသော အသံကို ပြု၍၊
2Sing forth the glory of his name: Make his praise glorious.
2နာမတော်၏ဂုဏ်ကို သီချင်းဆိုကြလော့။ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကို ပြကြလော့။
3Say unto God, How terrible are thy works! Through the greatness of thy power shall thine enemies submit themselves unto thee.
3ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။
4All the earth shall worship thee, And shall sing unto thee; They shall sing to thy name. Selah
4မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့။
5Come, and see the works of God; [He is] terrible in his doing toward the children of men.
5ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင်စီရင်တော်မူသော အမှုတို့သည် အံ့ဩဘွယ် ဖြစ်ကြ၏။
6He turned the sea into dry land; They went through the river on foot: There did we rejoice in him.
6ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍၊ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
7He ruleth by his might for ever; His eyes observe the nations: Let not the rebellious exalt themselves. Selah
7တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည် ဖြစ်၍၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့်။
8Oh bless our God, ye peoples, And make the voice of his praise to be heard;
8အချင်းလူစုတို့၊ ငါတို့ ဘုရားသခင်ကို ကောင်းကြီးပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့။
9Who holdeth our soul in life, And suffereth not our feet to be moved.
9ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်းစောင့်မတော်မူ၏။
10For thou, O God, hast proved us: Thou hast tried us, as silver is tried.
10အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။
11Thou broughtest us into the net; Thou layedst a sore burden upon our loins.
11ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောက်ကုန်းပေါ်မှာ လေးသော ဝန်ကို တင်တော်မူပြီ။
12Thou didst cause men to ride over our heads; We went through fire and through water; But thou broughtest us out into a wealthy place.
12အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ။ မီး၌၎င်း၊ ရေ၌၎င်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။
13I will come into thy house with burnt-offerings; I will pay thee my vows,
13မီးရှို့ရသော ယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။
14Which my lips uttered, And my mouth spake, when I was in distress.
14ဆင်းရဲခံရစဉ်အခါ၊ အကျွန်ုပ်သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည်အတိုင်း၊ သစ္စာဝတ်ကို ဖြေပါမည်။
15I will offer unto thee burnt-offerings of fatlings, With the incense of rams; I will offer bullocks with goats. Selah
15ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ် ပြု၍ ပူဇော်ပါမည်။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည်။
16Come, and hear, all ye that fear God, And I will declare what he hath done for my soul.
16ဘုရားသခင်ကို ကြောက်ရွံ့သော သူအပေါင်းတို့၊ လာ၍ နားထောင်ကြလော့။ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်။
17I cried unto him with my mouth, And he was extolled with my tongue.
17ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ။
18If I regard iniquity in my heart, The Lord will not hear:
18ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။
19But verily God hath heard; He hath attended to the voice of my prayer.
19ယခုမူကား၊ ဘုရားသခင်သည် နားထောင်၍၊ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ။
20Blessed be God, Who hath not turned away my prayer, Nor his lovingkindness from me.
20ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း။