American Standard Version

Myanmar

Psalms

68

1For the Chief Musician; A Psalm of David, a song. Let God arise, let his enemies be scattered; Let them also that hate him flee before him.
1ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။
2As smoke is driven away, so drive them away: As wax melteth before the fire, So let the wicked perish at the presence of God.
2မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
3But let the righteous be glad; let them exult before God: Yea, let them rejoice with gladness.
3ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။
4Sing unto God, sing praises to his name: Cast up a highway for him that rideth through the deserts; His name is Jehovah; and exult ye before him.
4ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
5A father of the fatherless, and a judge of the widows, Is God in his holy habitation.
5ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။
6God setteth the solitary in families: He bringeth out the prisoners into prosperity; But the rebellious dwell in a parched land.
6ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
7O God, when thou wentest forth before thy people, When thou didst march through the wilderness; Selah
7အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊
8The earth trembled, The heavens also dropped [rain] at the presence of God: Yon Sinai [trembled] at the presence of God, the God of Israel.
8ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
9Thou, O God, didst send a plentiful rain, Thou didst confirm thine inheritance, when it was weary.
9အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
10Thy congregation dwelt therein: Thou, O God, didst prepare of thy goodness for the poor.
10ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
11The Lord giveth the word: The women that publish the tidings are a great host.
11ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
12Kings of armies flee, they flee; And she that tarrieth at home divideth the spoil.
12စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။
13When ye lie among the sheepfolds, [It is as] the wings of a dove covered with silver, And her pinions with yellow gold.
13သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။
14When the Almighty scattered kings therein, [It was as when] it snoweth in Zalmon.
14အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။
15A mountain of God is the mountain of Bashan; A high mountain is the mountain of Bashan.
15ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊
16Why look ye askance, ye high mountains, At the mountain which God hath desired for his abode? Yea, Jehovah will dwell [in it] for ever.
16သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
17The chariots of God are twenty thousand, even thousands upon thousands; The Lord is among them, [as in] Sinai, in the sanctuary.
17ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
18Thou hast ascended on high, thou hast led away captives; Thou hast received gifts among men, Yea, [among] the rebellious also, that Jehovah God might dwell [with them].
18ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။
19Blessed be the Lord, who daily beareth our burden, Even the God who is our salvation. Selah
19ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။
20God is unto us a God of deliverances; And unto Jehovah the Lord belongeth escape from death.
20ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။
21But God will smite through the head of his enemies, The hairy scalp of such a one as goeth on still in his guiltiness.
21ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း ဧကန်အမှန် နှိပ်စက်တော်မူမည်။
22The Lord said, I will bring again from Bashan, I will bring [them] again from the depths of the sea;
22သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။
23That thou mayest crush [them], [dipping] thy foot in blood, That the tongue of thy dogs may have its portion from [thine] enemies.
23ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
24They have seen thy goings, O God, Even the goings of my God, my King, into the sanctuary.
24အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။
25The singers went before, the minstrels followed after, In the midst of the damsels playing with timbrels.
25ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။
26Bless ye God in the congregations, Even the Lord, [ye that are] of the fountain of Israel.
26ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။
27There is little Benjamin their ruler, The princes of Judah [and] their council, The princes of Zebulun, the princes of Naphtali.
27အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။
28Thy God hath commanded thy strength: Strengthen, O God, that which thou hast wrought for us.
28အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။
29Because of thy temple at Jerusalem Kings shall bring presents unto thee.
29ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။
30Rebuke the wild beast of the reeds, The multitude of the bulls, with the calves of the peoples, Trampling under foot the pieces of silver: He hath scattered the peoples that delight in war.
30ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
31Princes shall come out of Egypt; Ethiopia shall haste to stretch out her hands unto God.
31အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။
32Sing unto God, ye kingdoms of the earth; Oh sing praises unto the Lord; Selah
32မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
33To him that rideth upon the heaven of heavens, which are of old; Lo, he uttereth his voice, a mighty voice.
33အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။
34Ascribe ye strength unto God: His excellency is over Israel, And his strength is in the skies.
34ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။
35O God, [thou art] terrible out of thy holy places: The God of Israel, he giveth strength and power unto [his] people. Blessed be God.
35အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။