Basque: New Testament

Myanmar

Revelation

20

1Guero ikus neçan Ainguerubat iausten cela cerutic abysmeco gakoa çuela, eta cadena handibat bere escuan.
1တဖန် ကောင်းကင်တမန်သည် အနက်ဆုံး သောတွင်း၏ သော့ နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။
2Eta hatzaman ceçan dragoina, sugue çaharra, cein baita deabruä eta Satan, eta esteca ceçan hura milla vrthetacotz.
2ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူ သော နဂါးကို ကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။
3Eta irion ceçan hura abysmera, eta erts ceçan hura, eta ciguila ceçan haren gainean, gendeac guehiagoric seduci eztitzançát, milla vrtheac compli daitezqueno: eta guero behar da lacha dadin dembora gutibatetacotz.
3အနှစ်တထောင် မကုန်မှီတိုင်အောင်၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည်။
4Guero ikus nitzan alkiac, eta iar citecen hayén gainetan gendeac, eta iugemendua eman cequién: eta Iesusen testimoniageagatic, eta Iaincoaren hitzagatic buruäc edequi içan çaiztenén arimác, eta ceinéc ezpaitzuten adoratu bestiá ez haren imaginá, eta ezpaitzutén hartu vkan haren mercá bere belarretan edo bere escuetan, eta vicico dirade eta regnaturen duté Christequin milla vrthez.
4ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။
5Baina goitico hilac eztirade resuscitaturen milla vrthe compli daitezqueno: haur da lehen resurrectionea.
5ကြွင်းသော လူသေတို့သည် ထိုအနှစ်တထောင် မကုန်မှီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမမြောက်ခြင်းဖြစ်သတည်း။
6Dohatsu eta saindu da lehen resurrectionean parte duena, hayén gainean bigarren herioac eztu bothereric: baina içanen dirade Iaincoaren eta Christen sacrificadore, eta regnaturen duté harequin milla vrthez.
6ပဌမမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ် ပုရောဟိတ်ဖြစ်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြလိမ့်မည်။
7Eta complitu diratenean milla vrtheac lachaturen date Satan bere presoindeguitic.
7ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကိုရ၍၊
8Eta ilkiren date seduci ditzançát lurraren laur corneretan diraden nationeac, Gog eta Magog, hec congrega ditzançát bataillara: ceinén contua baita itsassoco sablea beçala.
8အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှာ၎င်း တက်လိမ့်မည်။
9Eta igan citecen lurraren çabaltassunera, eta ingura ceçaten Sainduén campoa, eta Ciuitate maitea: baina iauts cedin sua Iaincoaganic cerutic, eta irets citzan hec.
9ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင် အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကို မျိုလေ၏။
10Eta hec seducitzen cituen deabrua, iraitz cedin suzco eta suphrezco stagnera, non baitirade bestiá eta propheta falsua: eta tormentaturen baitirade egun eta gau secula seculacotz.
10သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြ လတံ့။
11Guero ikus neçan throno handi churibat, eta norbeit haren gainean iarria, ceinen aitzinetic ihes eguin baitzeçaten lurrac eta ceruäc, eta etzedin hayendaco lekuric eriden.
11တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။
12Eta ikus nitzan hilac chipiac eta handiac Iaincoaren aitzinean ceudela, eta liburuäc irequi citecen: eta berce liburubat irequi cedin, cein baita vicitzeco liburua: eta iugea citecen hilac liburuètan scribatuac ciraden gaucetaric, bere obrén araura.
12သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။
13Eta renda citzan itsassoac hartan ciraden hilac: herioac-ere eta iffernuac renda citzaten hetan ciraden hilac: eta iugemendua eguin cedin batbederaren obrén araura:
13သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။
14Eta iffernua eta herioa egotzi içan ciraden suzco stagnera: haur da bigarren herioa.
14ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။
15Eta nor-ere ezpaitzedin eriden vicitzeco liburuän scribaturic, suzco stagnera iraitz cedin.
15အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။