1Пази ногата си, когато отиваш в Божия дом, Защото да се приближиш да слушаш е по-добро, Отколкото да принесеш жертва на безумните, Които не знаят, че струват зло.
1ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။
2Не прибързвай с устата си, Нито да бърза сърцето ти да произнася думи пред Бога; Защото Бог е на небесата, а ти на земята, Затова нека бъдат думите ти малко;
2သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။
3Защото, [както] съновидението произхожда от многото занимание, [Така] и гласът на безумния от многото думи.
3အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့ သို့၊ စကားများသောအားဖြင့် မိုက်သော သူ၏အသံကို ကြားရ၏။
4Когато направиш обрек Богу, Не се бави да го изпълниш, Защото Той няма благоволение в безумните; Изпълни това, което си обрекъл.
4ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။
5По-добре да се не обричаш, Отколкото да се обречеш и да не изпълниш.
5သစ္စာဂတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာဂတိအလျှင်းမဖြေဘဲနေသော် သာ၍ကောင်း၏။
6Не позволявай на устата си да вкарат в грях плътта ти; И не казвай пред [Божия] служител {Еврейски: Пред ангела.}, че е било по небрежение; Защо да се разгневи Бог на гласа ти, И да погуби делото на ръцете ти?
6သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌ အပြစ် မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာ ပြောရသော အကြောင်းမရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံကို အမျက်ထွက်၍၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း။
7Защото, макар да изобилват сънища и суети и много думи, Ти се бой от Бога.
7အိမ်မက်များရာ၌၎င်း၊ စကားများရာ၌၎င်း၊ အချည်းနှီးသောအကြောင်း အရာပါတတ်၏။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့။
8Ако видиш, че сиромахът се угнетява, И че правосъдието и правдата в държавата се изнасилват, Да се не почудиш на това нещо; Защото над високия надзирава по-висок, И над тях има по-високи.
8ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
9При това, ползата от земята е за всичките, И сам царят служи на нивите.
9မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ ကျေးဇူးကိုခံရ၏။
10Който обича среброто не ще се насити от сребро, Нито с доходи оня, който обича изобилието. И това е суета.
10ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
11Когато се умножават благата, Умножават се и ония, които ги ядат; И каква полза има на притежателите им Освен да [ги] гледат с очите си?
11ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည် လည်း တိုးပွားများပြားကြ၏။ ဥစ္စာရှင်သည် မျက်စိနှင့် ကြည့်ရှုခြင်း ကျေးဇူးမှတပါး အဘယ်ကျေးဇူးရှိသနည်း။
12Сънят на работникът е сладък, малко ли [е] ял, или много; А пресищането на богатия не го оставя да спи.
12အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ်၏။
13Има тежко зло, което видях под слънцето, [именно], Богатство пазено от притежателя му за собствената му вреда;
13စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
14И онова богатство се изгубва чрез зъл случай, И не остава нищо в ръката на сина, когото е родил.
14ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ၏။
15Както е излязъл из утробата на майка си, Гол ще отиде пак както е дошъл, Без да вземе нещо от труда си, За да го занесе в ръката си.
15သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွား ရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
16Още и това е тежко зло, Че по всичко, както е дошъл, така ще и да отиде; И каква полза за него, че се е трудил за вятъра?
16သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ်၏။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း။
17Още и през всичките си дни яде в тъмнина, И има много досада и болест и негодуване.
17သူ၏နေ့ရက်လာလကို မှောင်မိုက်၌ လွန်စေ တတ်၏။ များစွာသောနှောင့်ရှက်ခြင်း၊ ညှိုးငယ်ခြင်း၊ အမျက်ထွက်ခြင်းကို ခံရ၏။
18Ето какво видях аз за добро и прилично: Да яде някой и да пие, И да се наслаждава от благото на всичкия си труд, В който се труди под слънцето, През всичките дни на живота си, които му е дал Бог; Защото това е делът му.
18ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်း အမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသော အကျိုး၌ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဘို့ ဖြစ်၏။
19И на който човек е дал Бог богатство и имот, И му е дал власт да яде от тях, И да взема дяла си, и да се весели с труда си, - Това е дар от Бога.
19ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။
20Защото няма много да помни дните на живота си, Понеже Бог му отговаря с веселието на сърцето му.
20လွန်သောနေ့ရက်ကာလကို များစွာမအောက် မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။