1Наложеното за Моава [пророчество]: Понеже Ар моавски се разори през нощ [и] загина, - Понеже Кир моавски се разори през нощ [и] загина, -
1မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။
2Затова той възлезе на високите места във Ваит и в Девон за да плаче; Моав ридае за Нево и за Медева; Всяка негова глава е плешива, Всяка брада е обръсната.
2ပြည်သားတို့သည် ဗက်မြို့၊ဒိဘုန်မြို့၌ မြင့် သောအရပ်သို့ တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူ တို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ။
3В улиците си те се опасват с вретища; По къщните си покриви и по площадите си Всичките заридават, потънали в плач.
3လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။
4И Есевон лелека, и Елеала; Гласът им се чува дори до Яса; Затова въоръжените моавски мъже ридаят; Душата на всеки [от тях] трепери вътре в него.
4ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏။
5Сърцето ми ридае за Моава; Благородните му бягат до Сигор, до Еглат-шелишия; Защото с плач възлизат през угорницата на Луит, Защото в пътя при Оронаим високо плачат за изтреблението си.
5ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။
6Защото водите на Нимрим пресъхнаха; Защото тревата изсъхна, моравата изчезна, Няма нищо зелено.
6အကြောင်းမူကား၊နိမရိမ် ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များ လည်း သေခဲ့ပြီ။ စိမ်းသောအပင် တပင်မျှမရှိ။
7Затова изобилието, което събраха, И онова, което скътаха, Ще занесат в долината на върбите.
7ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည်။
8Защото воплите стигнаха до [всичките] предели на Моава, Риданието му в Еглаим, И риданието му във Вир-елим.
8ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏။
9Защото водите на Димон се пълнят с кръв, Понеже ще докарам още [злини] върху Димон, - Лъвове върху оцелелите от Моава И върху останалите от оная земя.
9အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ၏။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို၎င်း ငါရောက်စေမည်။