1В началото на царуването на Юдовия цар Иоаким, Иосиевия син, дойде това слово от Господа, което рече:
1ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်း ထိုင်စ က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ ၍၊
2Така казва Господ: Застани в двора на Господния дом та изговори на всичките Юдови градове, които дохождат да се покланят в Господния дом, всичките думи, които ти заповядвам да им говориш; не задържай ни една дума.
2ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန် တော်၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ငါသည်သင်၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော် တန်တိုင်း ထဲမှာရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှ မထိမ်မဝှက်နှင့်။
3Може би ще послушат, и всеки ще се върне от нечестивия си път, за да се разкая за злото, което възнамерявам да им сторя поради лошите им дела.
3သူတို့သည် နားထောင်၍၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေး မည်ဟု ကြံစည်ခြင်းကို နောင်တရမည်။
4И да им речеш: Така казва Господ: Ако не Ме послушате да ходите в закона Ми, който поставих пред вас,
4သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်း သို့ မလိုက်၊
5да слушате думите на слугите Ми пророците, които пращам при вас, като ставам рано и ги пращам, (но вие не послушахте),
5ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲ နေလျှင်၊
6тогава ще направя тоя дом като Сило, и ще направя тоя град [предмет, с който] всичките народи на света ще кълнат.
6ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသော မြို့ဖြစ်စေမည်ဟု မိန့်တော်မူ၏။
7А свещениците, пророците и всичките люде чуха Еремия като говореше тия думи в Господния дом.
7ထိုစကားကို ဗိမာန်တော်၌ ယေရမိ ဟောပြော သည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများ အပေါင်းတို့သည် ကြားကြ၏။
8И като свърши Еремия да говори всичко, което Господ му бе заповядал да каже на всичките люде, тогава свещениците, пророците и всичките люде го хванаха и думаха: Непременно ще бъдеш умъртвен.
8လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရော ဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
9Ти защо пророкува в Господното име, като рече: Тоя дом ще стане като Сило, и тоя град ще се запусти та да няма жител? И всичките люде се събраха около Еремия в Господния дом.
9ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့် မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက်၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက်၌ စုဝေးကြ၏။
10И Юдовите първенци, като чуха това нещо, възлязоха от царския дворец в Господния дом и седнаха във входа на новата порта на Господния [дом].
10ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသော အခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။
11Тогава свещениците и пророците говориха на първенците и на всичките люде, казвайки: Този човек заслужава да бъде умъртвен, защото пророкува против тоя град, както чухте с ушите си.
11ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူ သည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ၏။
12Тогава Еремия говори на всичките първенци и на всичките люде, като рече: Господ ме изпрати да пророкувам против тоя дом и против тоя град всичките думи, които чухте.
12ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူပြီ။
13Затова сега оправете постъпките си и делата си, и послушайте гласа на Господа вашия Бог; и Господ ще се разкае за злото, което е изговорил против вас.
13ယခုမှာသင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်း လဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရ ဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူလိမ့် မည်။
14А за мене, ето, съм в ръката ви; направете ми каквото ви се вижда за добро и угодно.
14ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။
15Но добре да знаете, че ако ме умъртвите, то ще докарате невинна кръв върху себе си, върху тоя град и върху жителите му; защото наистина Господ ме прати при вас да говоря в ушите ви всички тия думи.
15သို့ရာတွင်၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။
16Тогава първенците и всичките люде рекоха на свещениците и на пророците: Тоя човек не заслужава да бъде умъртвен; защото ни говори в името на Господа нашия Бог.
16ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့ က၊ ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ဘုရား သခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့ အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက် တို့အား ပြောဆိုကြ၏။
17Тогава някои от местните старейшини станаха та говориха на всичките събрани люде, като казаха:
17ပြည်သားအသက်ကြီးသူ အချို့ကလည်း၊
18Михей моресетецът пророкуваше в дните на Юдовия цар Езекия, като говори на всичките Юдови люде, думайки: Така казва Господ на Силите: Сион ще се изоре като нива, Ерусалим ще стане грамади [от развалини], и хълмът на дома като високи места на лес.
18ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
19Умъртвиха ли го Юдовия цар Езекия и целия Юда? Не убоя ли се той от Господа, и не умилостиви ли Господа, та Господ се разкая за злото, което беше изрекъл против тях? Ние, прочее, бихме причинили голямо зло на своите души.
19ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ် သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီး ခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်း တို့အား ပြောဆိုကြ၏။
20А имаше и друг човек, Урия Семаиевият син от Кириатиарим, който пророкуваше в Господното име; и пророкуваше против тоя град и против тая страна, със същите думи както и Еремия.
20ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏ နာမတော်ကို အမှီ ပြု၍၊ ထိုမြို့နှင့် ထိုပြည်တဘက်၌ ပရောဖက်ပြု၍၊ ယေရမိ ဟောပြောသောစကားနှင့် တညီတည်းဟောပြော၏။
21И когато цар Иоаким, всичките му силни мъже, и всичките първенци чуха думите му, царят търсеше [случай] да го умъртви; а Урия, като чу, уплаши се, побягна, та отиде в Египет.
21ယောယကိမ် မင်းကြီးနှင့် မင်းများ၊ မှူးမတ်များ အပေါင်းတို့သည် ထိုပရောဖက်၏ စကားကို ကြားသော အခါ၊ သူ့ကို သတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ၏။ ထိုသိတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တု ပြည်သို့ ပြေးသွားလေ၏။
22А цар Иоаким прати мъже в Египет, Елнатана, Аховоровия син, и известни мъже с него в Египет,
22ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊
23та изведоха Урия из Египет, и го доведоха при цар Иоакима, който го порази с нож и хвърли трупа му в гробищата на простолюдието.
23ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယ ကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ထားနှင့် သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏ သင်္ချိုင်း၌ ပစ်ထားလေ၏။
24Но ръката на Ахикама Сафановия син бе с Еремия, за да го не предадат в ръката на людете та да го убият.
24သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းငှါ လူများ တို့ လက်သို့မအပ်ရ။