Bulgarian

Myanmar

Song of Solomon

1

1Соломоновата песен на песните.
1သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှော လမုန်သီချင်း။
2Нека ме целуне с целувките на устата си, Защото любовта ти е по-желателна от виното.
2သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။
3Твоите масла са благоуханни; Името ти е [ароматно като] излеяно масло; Затова те обичат девиците.
3ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။
4Привлечи ме; ние ще тичаме след тебе. Царят ме въведе във вътрешните си стаи; Ще се радваме и ще [се] {В изданието от 1940 г. "се" липсва.} веселим за тебе, Ще спомняме твоята любов повече от виното; С право те обичат!
4ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
5Черна съм, но хубава, ерусалимски дъщери, Като кидарските шатри, като Соломоновите завеси.
5အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
6Не ме гледайте, че съм почерняла, Понеже слънцето ме е припърлило. Синовете на майка ми, като се разгневиха на мене, Поставиха ме пазачка на лозята; Но своето лозе не опазих.
6ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
7Кажи ми ти, кого люби душата ми, Где пасеш [стадото си], где [го] успокояваш на пладне; Че защо да съм като една, която се скита Край стадата на твоите другари?
7ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
8Ако ти не знаеш, хубавице между жените, Излез по дирите на стадата И паси яретата си при шатрите на овчарите.
8မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေး မွေးပါလော့။
9Уподобих те, любезна моя, На конете от Фараоновите колесници.
9ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။
10Красиви са твоите бузи с плетенки, И шията ти с огърлици.
10သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
11Ще ти направим златни плетеници Със сребърни копчета.
11ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။
12Докато царят [седи] на трапезата си, Нардът ми издава благоуханието си.
12အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။
13Възлюбеният ми е за мене [като] китка от смирна, Която лежи между гърдите ми.
13ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။
14Възлюбленият ми е за мене [като] кипрова китка В лозята на Енгади.
14ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
15Ето, хубава си, любезна моя, ето, хубава си; Очите ти [са като] на гълъбите.
15ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။
16Ето, хубав си, любезни ми, да! приятен си; И постелката ни е зеленината.
16ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်း သည် စိမ်းသော အဆင်းရှိ၏။
17Гредите на къщите ни са кедрови, Дъските ни са кипарисови.
17ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း။