Coptic: New Testament

Myanmar

1 Corinthians

11

1ϣⲱⲡⲓ ⲉⲣⲉⲧⲉⲛ⳿ⲟⲛⲓ ⳿ⲙⲙⲟⲓ ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ϩⲱ ⳿ⲉϯ⳿ⲟⲛⲓ ⳿ⲙⲠⲭ̅ⲥ.̅.
1ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။
2ϯⲧⲁⲓ⳿ⲟ ⲇⲉ ⳿ⲙⲙⲱⲧⲉⲛ ϫⲉ ⲧⲉⲧⲉⲛⲓⲣⲓ ⳿ⲙⲡⲁⲙⲉⲩ⳿ⲓ ϧⲉⲛ ϩⲱⲃ ⲛⲓⲃⲉⲛ ⲟⲩⲟϩ ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ⲉⲧⲁⲓϯ ⳿ⲛⲛⲓⲡⲁⲣⲁⲇⲟⲥⲓⲥ ⳿ⲛⲧⲉⲛ ⲑⲏⲛⲟⲩ ⲧⲉⲧⲉⲛ⳿ⲁⲙⲟⲛⲓ ⳿ⲙⲙⲱⲟⲩ..
2ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ၌ ငါ့ကို အောက်မေ့၍၊ ငါအပ်ပေးသောနည်းဥပဒေတို့ကို စွဲလမ်း ကြသည်ဖြစ်၍ သင်တို့ကို ငါချီးမွမ်း၏။
3ϯⲟⲩⲉϣ ⲑⲏⲛⲟⲩ ⲇⲉ ⳿ⲉⲣⲉⲧⲉⲛ⳿ⲉⲙⲓ ϫⲉ ⳿ⲧ⳿ⲁⲫⲉ ⳿ⲛⲣⲱⲙⲓ ⲛⲓⲃⲉⲛ ⲡⲉ Ⲡⲭ̅ⲥ̅ ⳿ⲧ⳿ⲁⲫⲉ ⲇⲉ ⳿ⲛϯ⳿ⲥϩⲓⲙⲓ ⲡⲉⲥϩⲁⲓ ⲡⲉ ⳿ⲧ⳿ⲁⲫⲉ ⲇⲉ ⳿ⲙⲠⲭ̅ⲥ̅ ⲫϯ ⲡⲉ..
3ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည် ကို၎င်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။
4ⲣⲱⲙⲓ ⲛⲓⲃⲉⲛ ⲉϥⲧⲱⲃϩ ⲓⲉ ⲉϥⲉⲣ⳿ⲡⲣⲟⲫⲏⲧⲉⲩⲓⲛ ⲉⲣⲉ ϫⲱϥ ϩⲱⲃⲥ ⲉϥϯϣⲓⲡⲓ ⳿ⲛⲧⲉϥ⳿ⲁⲫⲉ..
4ယောက်ျားမည်သည်ကား၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်း အသရေကို ရှုတ်ချ၏။
5⳿ⲥϩⲓⲙⲓ ⲇⲉ ⲛⲓⲃⲉⲛ ⲉⲥⲧⲱⲃϩ ⲓⲉ ⲉⲥⲉⲣ⳿ⲡⲣⲟⲫⲏ ⲧⲉⲩⲓⲛ ⳿ⲛϫⲱⲥ ϩⲱⲃⲥ ⲁⲛ ⳿ⲥϯϣⲓⲡⲓ ⳿ⲛⲧⲉⲥ⳿ⲁⲫⲉ ⲟⲩⲁⲓ ⲅⲁⲣ ⲡⲉ ⲟⲩⲟϩ ⲫⲁⲓ ⲣⲱ ⲡⲉ ⳿ⲛⲑⲏ ⲉⲧⲉ ϫⲱⲥ ϧⲟⲕϩⲥ..
5မိန်းမမည်သည်ကား၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်း အသရေကိုရှုတ်ချ၏။
6ⲓⲥϫⲉ ⲅⲁⲣ ⳿ⲙⲙⲟⲛ ⲟⲩ⳿ⲥϩⲓⲙⲓ ⲛⲁϩⲉⲃⲥ ϫⲱⲥ ⲓⲉ ⲙⲁⲣⲉⲥϧⲟⲕϩϥ ⲓⲥϫⲉ ⲇⲉ ⲟⲩϣⲱϣ ⲡⲉ ⳿ⲛⲟⲩ⳿ⲥϩⲓⲙⲓ ⳿ⲉϫⲉⲃⲥ ϫⲱⲥ ⲓⲉ ⳿ⲉϧⲟⲕϩϥ ⲓⲉ ⲙⲁⲣⲉⲥϩⲉⲃⲥ ϫⲱⲥ..
6ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည် မိမိခေါင်းကို မဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ။
7ⲡⲓⲣⲱⲙⲓ ⲙⲉⲛ ⲅⲁⲣ ⲥⲉⲙ⳿ⲡϣⲁ ⲛⲁϥ ⲁⲛ ⳿ⲛⲧⲉϥϩⲉⲃⲥ ϫⲱϥ ϫⲉ ⲟⲩϩⲓⲕⲱⲛ ⲛⲉⲙ ⲟⲩⲱⲟⲩ ⳿ⲛⲧⲉ ⲫϯ ⲡⲉ ϯ⳿ⲥϩⲓⲙⲓ ⲇⲉ ⳿ⲛⲑⲟⲥ ⲟⲩⲱⲟⲩ ⳿ⲛⲧⲉ ⲡⲉⲥϩⲁⲓ ⲧⲉ..
7ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။
8ⲛⲉⲧⲁⲩ⳿ⲉⲛ ⲡⲓⲣⲱⲙⲓ ⲅⲁⲣ ⲁⲛ ⳿ⲉⲃⲟⲗ ϧⲉⲛ ϯ⳿ⲥϩⲓⲙⲓ ⲁⲗⲗⲁ ϯ⳿ⲥϩⲓⲙⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓⲣⲱⲙⲓ..
8ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။
9ⲕⲉ ⲅⲁⲣ ⲉⲧⲁⲩⲥⲉⲛⲧ ⲡⲓⲣⲱⲙⲓ ⲁⲛ ⲉⲑⲃⲉ ϯ⳿ⲥϩⲓⲙⲓ ⲁⲗⲗⲁ ϯ⳿ⲥϩⲓⲙⲓ ⲉⲑⲃⲉ ⲡⲓⲣⲱⲙⲓ..
9ယောက်ျားကို မိန်းမတို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဘို့ ဖန်ဆင်း၏။
10ⲉⲑⲃⲉⲫⲁⲓ ⲥⲉⲙ⳿ⲡϣⲁ ⳿ⲛⲧⲉ ϯ⳿ⲥϩⲓⲙⲓ ⲭⲁ ⲟⲩⲉⲣϣⲓϣⲓ ⳿ⲉϫⲉⲛ ⲧⲉⲥ⳿ⲁⲫⲉ ⲉⲑⲃⲉ ⲛⲓⲁⲅⲅⲉⲗⲟⲥ..
10ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။
11⳿ⲡⲗⲏⲛ ⲟⲩⲇⲉ ⳿ⲙⲙⲟⲛ ⳿ⲥϩⲓⲙⲓ ⲭⲱⲣⲓⲥ ⲣⲱⲙⲓ ⲟⲩⲇⲉ ⲣⲱⲙⲓ ⲭⲱⲣⲓⲥ ⳿ⲥϩⲓⲙⲓ ϧⲉⲛ Ⲡ⳪..
11သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ်။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။
12ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ⲅⲁⲣ ⲉⲧⲉ ϯ⳿ⲥϩⲓⲙⲓ ⲟⲩ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓⲣⲱⲙⲓ ⲧⲉ ⲡⲁⲓⲣⲏϯ ⲟⲛ ⲡⲓⲣⲱⲙⲓ ⲟⲩ⳿ⲉⲃⲟⲗ ϧⲉⲛ ϯ⳿ⲥϩⲓⲙⲓ ⲡⲉ ⲉⲛⲭⲁⲓ ⲛⲓⲃⲉⲛ ⲇⲉ ϩⲁⲛ ⳿ⲉⲃⲟⲗ ⳿ⲙⲫϯ ⲛⲉ..
12မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံ တို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ၏။
13ⲙⲁϩⲁⲡ ϧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲙⲙⲓⲛ ⳿ⲙⲙⲱⲧⲉⲛ ϫⲉ ⲁⲛ⳿ⲥϣⲉ ⳿ⲛⲟⲩ⳿ⲥϩⲓⲙⲓ ⲉⲑⲣⲉⲥⲧⲱⲃϩ ⳿ⲙⲫϯ ⳿ⲛϫⲱⲥ ϩⲟⲃⲥ ⲁⲛ..
13မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ် သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။
14ⲟⲩⲇⲉ ⳿ⲛⲑⲟⲥ ϯⲫⲩⲥⲓⲥ ϯ⳿ⲥⲃⲱ ⲛⲱⲧⲉⲛ ⲁⲛ ϫⲉ ⲡⲓⲣⲱⲙⲓ ⲙⲉⲛ ⲅⲁⲣ ⲉϣⲱⲡ ⳿ⲉⲣⲥ ϫⲱϥ ϣⲏⲟⲩ ⲟⲩϣⲱϣ ⲛⲁϥ ⲡⲉ..
14ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဘွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။
15ϯ⳿ⲥϩⲓⲙⲓ ⲇⲉ ⳿ⲛⲑⲟⲥ ⳿ⲉϣⲱⲡ ⳿ⲉⲣⲉ ϫⲱⲥ ϣⲏⲟⲩ ⲟⲩ⳿ⲱⲟⲩ ⲛⲁⲥ ⲡⲉ ϫⲉ ⲉⲧⲁⲩϯ ⳿ⲙⲡⲓϥⲱⲓ ⲛⲁⲥ ⳿ⲛ⳿ⲧϣⲉⲃⲓⲱ ⳿ⲛⲟⲩⲉⲣϣⲱⲛ..
15မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင် သည် မိမိခြုံစရာတို့ ဖြစ်၏။
16ⲓⲥϫⲉ ⲇⲉ ⲟⲩⲟⲛ ⲟⲩⲁⲓ ⲙⲉⲩ⳿ⲓ ⳿ⲉⲉⲣⲣⲉϥ⳿ϣ⳿ϭ ⲛⲏⲛ ⳿ⲁⲛⲟⲛ ⲇⲉ ⳿ⲙⲙⲟⲛⲧⲁⲛ ⳿ⲙⲙⲁⲩ ⳿ⲛⲟⲩⲕⲁϩⲥ ⳿ⲙⲡⲁⲓⲣⲏϯ ⲟⲩⲇⲉ ⲛⲓⲉⲕ⳿ⲕⲗⲏⲥⲓ⳿ⲁ ⳿ⲛⲧⲉ ⲫϯ..
16သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌၎င်း၊ ဘုရားသခင်၏ အသင်းတော်၌ ၎င်း၊ ထိုသို့သော ထုံးစံမရှိ၏။
17ⲫⲁⲓ ⲇⲉ ⲉⲓϩⲟⲛϩⲉⲛ ⳿ⲙⲙⲟϥ ⲛⲁⲓ⳿ⲑⲙⲁⲓⲟ ⳿ⲙⲙⲱⲧⲉⲛ ⲁⲛ ϫⲉ ⲉⲧⲁⲣⲉⲧⲉⲛⲑⲱⲟⲩϯ ⳿ⲉⲫⲏⲉⲧⲥⲱⲧⲡ ⲁⲛ ⲁⲗⲗⲁ ⳿ⲉⲫⲏⲉⲧⲑⲉⲃⲓⲏⲟⲩⲧ..
17တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။
18⳿ⲛϣⲟⲣⲡ ⲙⲉⲛ ⲅⲁⲣ ⲉⲣⲉⲧⲉⲛⲛⲁⲑⲱⲟⲩϯ ϩⲓ ⲟⲩⲙⲁ ϧⲉⲛ ϯⲉⲕ⳿ⲕⲗⲏⲥⲓ⳿ⲁ ϯⲥⲱⲧⲉⲙ ⳿ⲉϩⲁⲛⲫⲱⲣϫ ⲉⲩϣⲟⲡ ϧⲉⲛ ⲑⲏⲛⲟⲩ ⲟⲩⲟϩ ϯⲛⲁϩϯ ϧⲉⲛ ⲟⲩⲙⲉⲣⲟⲥ..
18ပဌမ အကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။
19ϩⲱϯ ⲅⲁⲣ ⳿ⲛⲧⲉ ϩⲁⲛϩⲉⲣⲉⲥⲓⲥ ϣⲱⲡⲓ ϧⲉⲛ ⲑⲏⲛⲟⲩ ϩⲓⲛⲁ ⲛⲓⲥⲱⲧⲡ ϩⲱⲟⲩ ⲉⲧϧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲛⲥⲉⲟⲩⲱⲛϩ ⳿ⲉⲃⲟⲗ..
19ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်းရှိရမည်။
20ⲉⲣⲉⲧⲉⲛⲛⲁⲑⲱⲟⲩϯ ⲟⲩⲛ ϩⲓ ⲟⲩⲙⲁ ⳿ⲛⲟⲩⲕⲩⲣⲓⲁⲕⲟⲛ ⳿ⲛⲇⲓⲡⲛⲟⲛ ⲁⲛ ⲡⲉ ⳿ⲉⲟⲩⲟⲙϥ..
20သင်တို့သည် အတူစည်းဝေးကြသောအခါ၊ သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြ သည်မဟုတ်။
21ⲡⲓⲟⲩⲁⲓ ⲅⲁⲣ ⲡⲓⲟⲩⲁⲓ ⳿ϥⲉⲣϣⲟⲣⲡ ⳿ⲛϭⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲉϥⲇⲓⲡⲛⲟⲛ ⳿ⲉⲟⲩⲱⲙ ⲟⲩⲟⲛ ⲡⲉⲧϩⲟⲕⲉⲣ ⲙⲉⲛ ⲟⲩⲟⲛ ⲡⲉⲧⲑⲁϧⲓ ⲇⲉ..
21အကြောင်းမူကား၊ သင်တို့သည် စားကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိအစာကို အရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။
22ⲙⲏ ⲅⲁⲣ ⳿ⲙⲙⲟⲛⲧⲉⲧⲉⲛ ⲏⲓ ⳿ⲙⲙⲁⲩ ⳿ⲉⲟⲩⲱⲙ ⲛⲉⲙ ⳿ⲉⲥⲱ ϣⲁⲛ ⲁⲣⲉⲧⲉⲛⲉⲣⲕⲁⲧⲁ⳿ⲫⲣⲟⲛⲓⲛ ⳿ⲛϯⲉⲕ⳿ⲕⲗⲏⲥⲓ⳿ⲁ ⳿ⲛⲧⲉ ⲫϯ ⳿ⲛⲧⲉⲧⲉⲛϯϣⲓⲡⲓ ⳿ⲛⲛⲏ ⳿ⲉⲧⲉ ⳿ⲙⲙⲟⲛ ⳿ⲛⲧⲱⲟⲩ ⲟⲩ ⲡⲉ ⳿ⲉϯⲛⲁϫⲟϥ ⲛⲱⲧⲉⲛ ⳿ⲛⲧⲁ⳿ⲑⲙⲁⲓ⳿ⲉ ⲑⲏⲛⲟⲩ ϧⲉⲛ ⲫⲁⲓ ⳿ⲛϯⲛⲁ⳿ⲑⲙⲁⲓ⳿ⲉ ⲑⲏⲛⲟⲩ ⲁⲛ..
22သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိ သလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော် ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။
23⳿ⲁⲛⲟⲕ ⲅⲁⲣ ⲁⲓϭⲓ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ Ⲡ⳪ ⳿ⲙⲫⲏ ⲉⲧⲁⲓⲧⲏⲓϥ ⳿ⲛⲧⲉⲛ ⲑⲏⲛⲟⲩ ϫⲉ Ⲡ⳪ Ⲓⲏ̅ⲥ̅ ϧⲉⲛ ⲡⲓ⳿ⲉϫⲱⲣϩ ⲉⲛⲁⲩⲛⲁⲧⲏⲓϥ ⳿ⲛϧⲏⲧϥ ⲁϥϭⲓ ⳿ⲛⲟⲩⲱⲓⲕ..
23အကြောင်းမူကား၊ သင်တို့၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူ မူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကို ခံသော နေ့ညမှာ မုန့်ကို ယူ၍၊
24ⲟⲩⲟϩ ⲁϥϣⲉⲡ⳿ϩⲙⲟⲧ ⲁϥⲫⲁϣϥ ⲟⲩⲟϩ ⲁϥϫⲟⲥ ϫⲉ ⲫⲁⲓ ⲡⲉ ⲡⲁⲥⲱⲙⲁ ⲉⲧⲟⲩⲛⲁⲧⲏⲓϥ ⳿ⲉϫⲉⲛ ⲑⲏⲛⲟⲩ ⲫⲁⲓ ⳿ⲁⲣⲓⲧϥ ⳿ⲉ⳿ⲡϫⲓⲛⲉⲣⲡⲁⲙⲉⲩ⳿ⲓ..
24ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ ပြုကြ လော့ဟု မိန့်တော်မူ၏။
25ⲡⲁⲓⲣⲏϯ ⲟⲛ ⲡⲓⲕⲉ⳿ⲁⲫⲟⲧ ⲙⲉⲛⲉⲛⲥⲁ ⲡⲓⲇⲓⲡⲛⲟⲛ ⲉϥϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲡⲁⲓ⳿ⲁⲫⲟⲧ ϯ ⲇⲓ⳿ⲁⲑⲏⲕⲏ ⳿ⲙⲃⲉⲣⲓ ⲧⲉ ϧⲉⲛ ⲡⲁ⳿ⲥⲛⲟϥ ⲫⲁⲓ ⳿ⲁⲣⲓⲧϥ ⳿ⲛⲥⲟⲡ ⲛⲓⲃⲉⲛ ⲉⲧⲉⲧⲉⲛⲛⲁⲥⲱ ⳿ⲙⲙⲟϥ ⲉⲣⲉⲧⲉⲛ⳿ⲓⲣⲓ ⳿ⲙⲡⲁⲙⲉⲩ⳿ⲓ..
25ထိုနည်းတူ၊ ညစာစာပြီးမှ ခွက်ကိုလည်း ယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သောပဋိညာဉ်တရား သစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကို အောက်မေ့ဘို့ရာ သောက်ကြလော့ဟု မိန့်တော်မူ၏။
26ⲥⲟⲡ ⲅⲁⲣ ⲛⲓⲃⲉⲛ ⲉⲧⲉⲧⲉⲛⲛⲁⲟⲩⲱⲙ ⳿ⲙⲡⲁⲓⲱⲓⲕ ⲟⲩⲟϩ ⳿ⲛⲧⲉⲧⲉⲛⲥⲱ ⳿ⲙⲡⲁⲓⲁⲫⲟⲧ ⲉⲣⲉⲧⲉⲛϩⲓⲱⲓϣ ⳿ⲙ⳿ⲫⲙⲟⲩ ⳿ⲙⲠ⳪ ϣⲁⲧⲉϥ⳿ⲓ..
26အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံ တော်မူခြင်းကို ကြွလာတော် မမူမှီတိုင်အောင် ပြကြ၏။
27ϩⲱⲥⲧⲉ ⲫⲏⲉⲑⲛⲁⲟⲩⲱⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲁⲓⲱⲓⲕ ⲟⲩⲟϩ ⳿ⲛⲧⲉϥⲥⲱ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲁⲓ⳿ⲁⲫⲟⲧ ⳿ⲛⲧⲉ Ⲡ⳪ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲧ⳿ⲙ⳿ⲡϣⲁ ⲉϥ⳿ⲉϣⲱⲡⲓ ⲉϥⲟⲓ ⳿ⲛ⳿ⲉⲛⲟⲭⲟⲥ ⳿ⲉⲡⲓⲥⲱⲙⲁ ⲛⲉⲙ ⲡⲓ⳿ⲥⲛⲟϥ ⳿ⲛⲧⲉ Ⲡ⳪..
27ထိုကြောင့် သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။
28ⲙⲁⲣⲉ ⲡⲓⲣⲱⲙⲓ ⲇⲉ ⲉⲣⲇⲟⲕⲓⲙⲁⲍⲓⲛ ⳿ⲙⲙⲟϥ ⲟⲩⲟϩ ⲡⲁⲓⲣⲏϯ ⲙⲁⲣⲉϥⲟⲩⲱⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲁⲓ ⲱⲓⲕ ⲟⲩⲟϩ ⳿ⲛⲧⲉϥⲥⲱ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓ⳿ⲁⲫⲟⲧ..
28သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။
29ⲫⲏ ⲅⲁⲣ ⲉⲑⲟⲩⲱⲙ ⲟⲩⲟϩ ⲉⲧⲥⲱ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲧ⳿ⲙ⳿ⲡϣⲁ ⲁϥⲟⲩⲱⲙ ⲟⲩⲟϩ ⲁϥⲥⲱ ⲉⲩϩⲁⲡ ⲛⲁϥ ⳿ⲛⲣⲉϥⲉⲣⲇⲓ⳿ⲁ⳿ⲕⲣⲓⲛⲓⲛ ⲁⲛ ⳿ⲙⲡⲓⲥⲱⲙⲁ ⳿ⲛⲧⲉ ⲡ⳪..
29အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက် သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။
30ⲉⲑⲃⲉⲫⲁⲓ ⲟⲩⲟⲛ ⲟⲩⲙⲏϣ ϣⲱⲛⲓ ϧⲉⲛ ⲑⲏⲛⲟⲩ ⲟⲩⲟϩ ⲥⲉⲙⲟⲕϩ ⲟⲩⲟϩ ⲥⲉⲉⲛⲕⲟⲧ ⳿ⲛϫⲉ ⲟⲩⲙⲏϣ..
30ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသော သူအများရှိကြ၏။ သေသော သူအများလည်း ရှိကြ၏။
31⳿ⲉⲛⲉ ⲁⲛⲉⲣⲇⲓ⳿ⲁ⳿ⲕⲣⲓⲛⲓⲛ ⲅⲁⲣ ⳿ⲙⲙⲟⲛ ⲛⲁⲩⲛⲁϯ ϩⲁⲡ ⳿ⲉⲣⲟⲛ ⲁⲛ ⲡⲉ..
31ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
32ⲉϥϯϩⲁⲡ ⲇⲉ ⲡⲉ ⳿ⲉⲣⲟⲛ ⳿ⲛϫⲉ ⲡ⳪ ⲉϥϯ⳿ⲥⲃⲱ ⲛⲁⲛ ϩⲓⲛⲁ ⳿ⲛⲥⲉ⳿ϣⲧⲉⲙϩⲓⲧⲉⲛ ⳿ⲙ⳿ⲡϩⲁⲡ ⲛⲉⲙ ⲛⲓⲉⲑⲛⲟⲥ..
32စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။
33ϩⲱⲥⲧⲉ ⲟⲩⲛ ⲛⲁ⳿ⲥⲛⲏⲟⲩ ⲁⲣⲉⲧⲉⲛϣⲁⲛⲑⲱⲟⲩϯ ⳿ⲉⲟⲩⲱⲙ ⲟϩⲓ ⳿ⲛⲛⲉⲧⲉⲛⲉⲣⲏⲟⲩ..
33ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှါ စည်းဝေးသောအခါ၊ အချင်းချင်း တယောက်ကို တယောက်ငံ့လင့်ကြလော့။
34ⲓⲥϫⲉ ⲟⲩⲟⲛ ⲡⲉⲧϩⲟⲕⲉⲣ ⲙⲁⲣⲉϥⲟⲩⲱⲙ ϧⲉⲛ ⲡⲉϥⲏⲓ ϩⲓⲛⲁ ⳿ⲛⲧⲉⲧⲉⲛ⳿ϣⲧⲉⲙⲑⲱⲟⲩϯ ⲉⲩϩⲁⲡ ⳿ⲡⲥⲉⲡⲓ ⲇⲉ ⲁⲓϣⲁⲛ⳿ⲓ ⲉⲓ⳿ⲉⲑⲁϣⲟⲩ.
34တစုံတယောက်သောသူသည် ဆာမွတ်လျှင်၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှါ ထိုသူ သည် မိမိအိမ်၌ စားစေ။ ကြွင်းသော အမှုများကို ငါလာသောအခါ စီရင်မည်။