1ⲉⲑⲃⲉ ⲛⲓ⳿ⲭⲣⲟⲛⲟⲥ ⲇⲉ ⲛⲉⲙ ⲛⲓⲕⲉⲣⲟⲥ ⲛⲓ⳿ⲥⲛⲏ ⲟⲩ ⳿ⲛⲧⲉⲧⲉⲛⲉⲣ⳿ⲭⲣⲓⲁ ⲁⲛ ⳿ⲉ⳿ⲥϧⲁⲓ ⲛⲱⲧⲉⲛ.
1ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စရာအကြောင်းမရှိ။
2⳿ⲛⲑⲱⲧⲉⲛ ⲅⲁⲣ ⲁⲕⲣⲓⲃⲱⲥ ⲧⲉⲧⲉⲛ⳿ⲉⲙⲓ ϫⲉ ⳿ⲡ⳿ⲉϩⲟⲟⲩ ⳿ⲙⲠ⳪ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲟⲩⲣⲉϥϭⲓⲟⲩ⳿ⲓ ϧⲉⲛ ⲡⲓ⳿ⲉϫⲱⲣϩ ⲡⲁⲓⲣⲏϯ ⲡⲉⲧⲉϥⲛⲏⲟⲩ ⳿ⲙⲙⲟϥ.
2အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။
3ⲉϣⲱⲡ ⲁⲩϣⲁⲛϫⲟⲥ ϫⲉ ⳿ⲧϩⲓⲣⲏⲛⲏ ⲛⲉⲙ ⳿ⲡⲧⲁϫⲣⲟ ⲧⲟⲧⲉ ϧⲉⲛ ⲟⲩⲉⲝⲁⲡⲓⲛⲁ ⲉϥ⳿ⲉ⳿ⲓ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲟⲩ ⳿ⲛϫⲉ ⲟⲩⲧⲁⲕⲟ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛϯⲛⲁⲕϩⲓ ⳿ⲉϣⲁⲥ⳿ⲓ ⳿ⲉⲑⲏ ⲉⲧⲉ⳿ⲙⲃⲟⲕⲓ ⲟⲩⲟϩ ⳿ⲛⲛⲟⲩ⳿ϣⲫⲱⲧ.
3ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။
4⳿ⲛⲑⲱⲧⲉⲛ ⲇⲉ ⲛⲉⲛ⳿ⲥⲛⲏⲟⲩ ⲛⲁⲣⲉⲧⲉⲛⲭⲏ ϧⲉⲛ ⳿ⲡⲭⲁⲕⲓ ⲁⲛ ϩⲓⲛⲁ ⳿ⲛⲧⲉ ⲡⲓ⳿ⲉϩⲟⲟⲩ ⲧⲁϩⲉ ⲑⲏⲛⲟⲩ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛϩⲁⲛⲣⲉϥϭⲓⲟⲩ⳿ⲓ.
4သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။
5⳿ⲛⲑⲱⲧⲉⲛ ⲅⲁⲣ ⲧⲏⲣⲟⲩ ⳿ⲛⲑⲱⲧⲉⲛ ϩⲁⲛϣⲏ ⲣⲓ ⳿ⲛⲧⲉ ⳿ⲫⲟⲩⲱⲓⲛⲓ ⲛⲉⲙ ϩⲁⲛϣⲏⲣⲓ ⳿ⲛⲧⲉ ⲡⲓ⳿ⲉϩⲟⲟⲩ ⳿ⲁⲛⲟⲛ ⲇⲁ ⲛⲁ ⲡⲓ⳿ⲉϫⲱⲣϩ ⲁⲛ ⲟⲩⲇⲉ ⳿ⲁⲛⲟⲛ ⲛⲁ ⳿ⲡⲭⲁⲕⲓ ⲁⲛ.
5သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။
6ϩⲁⲣⲁ ⲟⲩⲛ ⳿ⲙⲡⲉⲛ⳿ⲑⲣⲉⲛⲉⲛⲕⲟⲧ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲙ⳿ⲡⲕⲉⲥⲉⲡⲓ ⲁⲗⲗⲁ ⲙⲁⲣⲉⲛⲣⲱⲓⲥ ⲟⲩⲟϩ ⳿ⲛⲧⲉⲛⲉⲣⲛⲓⲙⲫⲓⲛ.
6သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။
7ⲛⲏ ⲅⲁⲣ ⲉⲧⲉⲛⲕⲟⲧ ⲁⲩⲉⲛⲕⲟⲧ ϧⲉⲛ ⲡⲓ⳿ⲉϫⲱⲣϩ ⲟⲩⲟϩ ⲛⲏⲉⲧⲑⲁϧⲓ ⲁⲩⲑⲁϧⲓ ϧⲉⲛ ⲡⲓ⳿ⲉϫⲱⲣϩ.
7အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။
8⳿ⲁⲛⲟⲛ ⲇⲉ ⳿ⲁⲛⲟⲛ ⲛⲁ ⲡⲓ⳿ⲉϩⲟⲟⲩ ⲙⲁⲣⲉⲛⲉⲣⲛⲓⲙⲫⲓⲛ ⲟⲩⲟϩ ⳿ⲛⲧⲉⲛϯ ϩⲓⲱⲧⲉⲛ ⳿ⲛϯϧⲉⲗⲓⲃϣ ⳿ⲛⲧⲉ ⲡⲓⲛⲁϩϯ ⲛⲉⲙ ϯⲁⲅⲁⲡⲏ ⲛⲉⲙ ϯⲡⲉⲣⲓⲕⲉⲫⲁⲗⲉⲁ ⳿ⲛⲧⲉ ϯϩⲉⲗⲡⲓⲥ ⳿ⲛⲧⲉ ⲡⲓⲟⲩϫⲁⲓ.
8နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
9ϫⲉ ⲛⲉⲧⲁ ⲫϯ ⲭⲁⲛ ⲁⲛ ⲉⲩϫⲱⲛⲧ ⲁⲗⲗⲁ ⲉⲩⲧⲁⲛϧⲟ ⳿ⲛⲟⲩϫⲁⲓ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅.
9အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။
10ⲫⲁⲓ ⲉⲧⲁϥⲙⲟⲩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ ϩⲓⲛⲁ ⳿ⲓⲧⲉ ⲉⲛⲣⲏⲥ ⳿ⲓⲧⲉ ⲉⲛⲉⲛⲕⲟⲧ ⲉⲛ⳿ⲉⲱⲛϧ ⲛⲉⲙⲁϥ ⲉⲩⲥⲟⲡ.
10ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။
11ⲉⲑⲃⲉⲫⲁⲓ ⲙⲁⲛⲟⲙϯ ⳿ⲛⲛⲉⲧⲉⲛⲉⲣⲏⲟⲩ ⲟⲩⲟϩ ⲙⲁⲣⲉ ⲡⲓⲟⲩⲁⲓ ⲡⲓⲟⲩⲁⲓ ⳿ⲙⲙⲱⲧⲉⲛ ⲕⲉⲧ ⲡⲉϥ⳿ϣⲫⲏⲣ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲟⲛ ⲉⲧⲉⲧⲉⲛ⳿ⲓⲣⲓ ⳿ⲙⲙⲟⲥ.
11ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။
12ⲧⲉⲛϯϩⲟ ⲇⲉ ⳿ⲉⲣⲱⲧⲉⲛ ⲛⲉⲛ⳿ⲥⲛⲏⲟⲩ ⳿ⲉ⳿ⲉⲙⲓ ⳿ⲉⲛⲏⲉⲧϧⲟⲥⲓ ϧⲉⲛ ⲑⲏⲛⲟⲩ ⲛⲉⲙ ⲛⲏⲉⲧ ⲭⲏ ϧⲁϫⲱⲧⲉⲛ ϧⲉⲛ Ⲡ⳪ ⲛⲉⲙ ⲛⲏⲉⲧϯ⳿ⲥⲃⲱ ⲛⲱⲧⲉⲛ.
12ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊
13ⲟⲩⲟϩ ⲭⲁⲩ ⳿ⲛⲧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲛϩⲟⲩ⳿ⲟ ϧⲉⲛ ⲟⲩⲁⲅⲁⲡⲏ ⲉⲑⲃⲉ ⲡⲟⲩϩⲱⲃ ⲁⲣⲓϩⲓⲣⲏⲛⲏ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ⲑⲏⲛⲟⲩ.
13သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။
14ⲧⲉⲛϯϩⲟ ⳿ⲉⲣⲱⲧⲉⲛ ⲛⲉⲛ⳿ⲥⲛⲏⲟⲩ ⲙⲁ⳿ⲥⲃⲱ ⳿ⲛⲛⲓⲁⲧ⳿ⲥⲃⲱ ⲙⲁⲛⲟⲙϯ ⳿ⲛⲛⲏⲉⲧⲟⲓ ⳿ⲛⲕⲟⲩϫⲓ ⳿ⲛϩⲏⲧ ϣⲱⲡ ⳿ⲉⲣⲱⲧⲉⲛ ⲛⲉⲙ ⲛⲏⲉⲧϣⲱⲛⲓ ⲱⲟⲩ⳿ⲛϩⲏⲧ ⲛⲉⲙ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ.
14တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။
15⳿ⲁⲛⲁⲩ ⳿ⲙⲡⲉⲛ⳿ⲑⲣⲉ ⲟⲩⲁⲓ ϯ ⳿ⲛⲟⲩⲡⲉⲧϩⲱⲟⲩ ⳿ⲛⲟⲩⲁⲓ ⳿ⲛ⳿ⲧϣⲉⲃⲓⲱ ⳿ⲛⲟⲩⲡⲉⲧϩⲱⲟⲩ ⲁⲗⲗⲁ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ ϭⲟϫⲓ ⳿ⲛⲥⲁ ⲡⲓⲡⲉⲑⲛⲁⲛⲉϥ ⲛⲉⲙ ⲛⲉⲧⲉⲛⲉⲣⲏⲟⲩ ⲛⲉⲙ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ.
15သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။
16ⲣⲁϣⲓ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ.
16အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။
17ⲧⲱⲃϩ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲧⲙⲟⲩⲛⲕ.
17မခြားမလပ်ဆုတောင်းပဌာနပြုကြလော့။
18ϣⲉⲡ⳿ϩⲙⲟⲧ ϧⲉⲛ ϩⲱⲃ ⲛⲓⲃⲉⲛ ⲫⲁⲓ ⲅⲁⲣ ⲡⲉ ⳿ⲫⲟⲩⲱϣ ⳿ⲙⲫϯ ϧⲉⲛ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ϧⲉⲛ ⲑⲏⲛⲟⲩ.
18အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
19ⲡⲓⲡ͞ⲛⲁ̅ ⳿ⲙⲡⲉⲣⲟϣⲙⲉϥ.
19ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့် ။
20ⲛⲓ⳿ⲡⲣⲟⲫⲏⲧⲓ⳿ⲁ ⳿ⲙⲡⲉⲣϣⲟϣϥⲟⲩ.
20ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။
21ϩⲱⲃ ⲛⲓⲃⲉⲛ ⲁⲣⲓⲇⲟⲕⲓⲙⲁⲍⲓⲛ ⳿ⲙⲙⲱⲟⲩ ⲡⲓⲡⲉⲑⲛⲁⲛⲉϥ ⳿ⲁⲙⲟⲛⲓ ⳿ⲙⲙⲟϥ.
21ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။
22ϩⲉⲛⲑⲏⲛⲟⲩ ⳿ⲉⲃⲟⲗ ϩⲁ ϩⲱⲃ ⲛⲓⲃⲉⲛ ⲉⲧϩⲱⲟⲩ.
22မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။
23⳿ⲛⲑⲟϥ ⲇⲉ ⲫϯ ⳿ⲛⲧⲉ ϯϩⲓⲣⲏⲛⲏ ⲉϥ⳿ⲉⲧⲟⲩⲃⲉ ⲑⲏⲛⲟⲩ ⲉⲩⲥⲟⲡ ⲉⲣⲉⲧⲉⲛϫⲏⲕ ⳿ⲉⲃⲟⲗ ⲟⲩⲟϩ ⲉϥ⳿ⲉⲁⲣⲉϩ ⳿ⲉⲡⲉⲧⲉⲛⲡ͞ⲛⲁ̅ ⲉϥⲟⲩⲟϫ ⲛⲉⲙ ϯⲯⲩⲭⲏ ⲛⲉⲙ ⲡⲓⲥⲱⲙⲁ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲧⲁⲣⲓⲕⲓ ϧⲉⲛ ⳿ⲧⲡⲁⲣⲟⲩⲥⲓⲁ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅.
23ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။
24⳿ϥⲉⲛϩⲟⲧ ⳿ⲛϫⲉ ⲡⲉⲧⲑⲱϩⲉⲙ ⳿ⲙⲙⲱⲧⲉⲛ ⲟⲩⲟϩ ⳿ϥⲛⲁ⳿ⲓⲣⲓ ⲟⲛ.
24သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။
25ⲛⲉⲛ⳿ⲥⲛⲏⲟⲩ ⲧⲱⲃϩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ.
25ညီအစ်ကိုတို့၊ ငါတို့အဘို့ဆုတောင်းကြလော့။
26ⲁⲣⲓⲁⲥⲡⲁⲍⲉⲥⲑⲉ ⳿ⲛⲛⲉⲧⲉⲛⲉⲣⲏⲟⲩ ϧⲉⲛ ⲟⲩⲫⲓ ⲉⲥⲟⲩⲁⲃ.
26ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
27ϯⲧⲁⲣⲕⲟ ⳿ⲙⲙⲱⲧⲉⲛ ⳿ⲉⲠ⳪ ⳿ⲉ⳿ⲑⲣⲉⲧⲉⲛⲉϣ ⲧⲁⲓⲉⲡⲓⲥⲧⲟⲗⲏ ⳿ⲛⲛⲓⲁⲅⲓⲟⲥ ⲧⲏⲣⲟⲩ ⳿ⲛ⳿ⲥⲛⲏⲟⲩ.
27ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး၏။
28⳿ⲡ⳿ϩⲙⲟⲧ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲛⲉⲙⲱⲧⲉⲛ ⲧⲏⲣⲟⲩ ⲁⲙⲏⲛ ⳿ⲡⲣⲟⲥ ⲑⲉⲥⲥⲁⲗⲟⲛⲓⲕⲏ ⲁ̅ ⲁⲩ⳿ⲥϧⲏⲧⲥ ϧⲉⲛ ⲁⲑⲏⲛⲛⲁⲥ ⲁⲩⲟⲩⲟⲣⲡⲥ ⳿ⲛⲧⲉⲛ ⲥⲓⲗⲟⲩⲁⲛⲟⲥ
28ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။