1Ⲁⲙⲟⲓ ⲛⲁⲣⲉⲧⲉⲛⲛⲁⲉⲣ⳿ⲁⲛⲉⲭⲉⲥⲑⲉ ⳿ⲙⲙⲟⲓ ⳿ⲛⲟⲩⲕⲟⲩϫⲓ ϧⲉⲛ ⲧⲁⲙⲉⲧⲁⲧϩⲏⲧ ⲁⲗⲗⲁ ⳿ⲱⲟⲩ⳿ⲛϩⲏⲧ ⲛⲉⲙⲏⲓ..
1ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။
2ϯⲭⲟϩ ⲅⲁⲣ ⳿ⲉⲣⲱⲧⲉⲛ ϧⲉⲛ ⲟⲩⲭⲟϩ ⳿ⲛⲧⲉ ⲫϯ ⲁⲓϩⲉⲧⲡ ⲑⲏⲛⲟⲩ ⲅⲁⲣ ⳿ⲛⲟⲩϩⲁⲓ ⳿ⲛⲟⲩⲱⲧ ⳿ⲛⲟⲩⲡⲁⲣⲑⲉⲛⲟⲥ ⲉⲥⲧⲟⲩⲃⲏⲟⲩⲧ ⳿ⲙⲠⲭ̅ⲥ.̅.
2အကြောင်းမူကား၊ ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော် အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
3ϯⲉⲣϩⲟϯ ⲇⲉ ⲙⲏⲡⲱⲥ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲙⲡⲓϩⲟϥ ⳿ⲉⲧⲁϥⲉⲣϩⲁⲗ ⳿ⲛ⳿ⲉⲩⲁ ϧⲉⲛ ⲧⲉϥⲙⲉⲧⲥⲉⲃ ⳿ⲛⲥⲉⲧⲁⲕⲟ ⳿ⲛϫⲉ ⲛⲉⲧⲉⲛⲙⲉⲩ⳿ⲓ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ϯ ⲙⲉⲧϩⲁⲡⲗⲟⲩⲥ ⲛⲉⲙ ⲡⲓⲧⲟⲩⲃⲟ ⲉⲧϧⲉⲛ Ⲡⲭ̅ⲥ.̅.
3မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
4ⲓⲥϫⲉ ⲙⲉⲛ ⲅⲁⲣ ⲡⲉⲑⲛⲏⲟⲩ ⳿ϥⲛⲁϩⲓⲱⲓϣ ⲛⲱⲧⲉⲛ ⳿ⲛⲕⲉⲒⲏ̅ⲥ̅ ⳿ⲙⲡⲉⲛϩⲓⲱⲓϣ ⳿ⲙⲙⲟϥ ⲓⲉ ⲧⲉⲧⲉⲛⲛⲁϭ ⲓ ⳿ⲛⲕⲉⲡⲛ̅ⲁ̅ ⳿ⲙⲡⲉⲧⲉⲛϭⲓⲧϥ ⲓⲉ ⲕⲉⲉⲩⲁⲅⲅⲉⲗⲓⲟⲛ ⳿ⲙⲡⲉⲧⲉⲛϣⲟⲡϥ ⲕⲁⲗⲱⲥ ⲇⲉ ⲧⲉⲧⲉⲛⲛⲁⲉⲣ⳿ⲁⲛⲉⲭ ⲉⲥⲑⲉ ⲡⲉ..
4သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည်မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။
5ϯⲙⲉⲩ⳿ⲓ ⲅⲁⲣ ϫⲉ ϯⲉⲣϧⲁ⳿ⲉ ⳿ⲉ⳿ϩⲗⲓ ⲁⲛ ⳿ⲉϩⲟⲧⲉ ⲛⲓⲁⲡⲟⲥⲧⲟⲗⲟⲥ ⲉⲑⲟⲩ⳿ⲟⲧⲉⲃ..
5ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။
6ⲓⲥϫⲉ ⳿ⲁⲛⲟⲕ ⲟⲩ⳿ⲓⲇⲓ⳿ⲱⲧⲏⲥ ϧⲉⲛ ⳿ⲡⲥⲁϫⲓ ⲁⲗⲗⲁ ϧⲉⲛ ⳿ⲡ⳿ⲉⲙⲓ ⲁⲛ ⲁⲗⲗⲁ ϧⲉⲛ ϩⲱⲃ ⲛⲓⲃⲉⲛ ⲁⲛⲟⲩⲟⲛϩⲉⲛ ⳿ⲉⲣⲱⲧⲉⲛ ϧⲉⲛ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ..
6စကားအားဖြင့်လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။
7ⲙⲏ ⲟⲩⲛⲟⲃⲓ ⲡⲉⲧⲁⲓⲁⲓϥ ⲉⲓⲑⲉⲃⲓⲟ ⳿ⲙⲙⲟⲓ ϩⲓⲛⲁ ⳿ⲛⲑⲱⲧⲉⲛ ⳿ⲛⲧⲉⲧⲉⲛϭⲓⲥⲓ ϫⲉ ⲁⲓϩⲓⲱⲓϣ ⲛⲱⲧⲉⲛ ⳿ⲛϫⲓⲛϫⲏ ⳿ⲙⲡⲓⲉⲩⲁⲅⲅⲉⲗⲓⲟⲛ ⳿ⲛⲧⲉ Ⲫϯ.⳿.
7သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရား သခင်၏ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော။
8ⲁⲓⲕⲱⲗⲡ ⳿ⲛϩⲁⲛⲉⲕ⳿ⲕⲗⲏⲥⲓⲁ ⲁⲓϭⲓ ⳿ ⲟⲯⲱⲛⲓⲟⲛ ⲉⲑⲃⲉ ⲡⲉⲧⲉⲛϣⲉⲙϣⲓ..
8သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား။
9ⲟⲩⲟϩ ⲉⲓⲭⲏ ϧⲁⲧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲉⲧⲁⲓⲉⲣϧⲁ⳿ⲉ ⳿ⲙⲡⲓⲟⲩⲁϩⲃⲁⲣⲟⲥ ⳿ⲉϫⲉⲛ ⲟⲩⲁⲓ ⳿ⲙⲙⲱⲧⲉⲛ ⲡⲁ⳿ϭⲣⲟϩ ⲅⲁⲣ ⲁⲩϫⲉⲕ ⲣⲱϥ ⳿ⲛϫⲉ ⲛⲓ⳿ⲥⲛⲏⲟⲩ ⳿ⲉⲧⲁⲩ⳿ⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲑⲙⲁⲕⲉⲇⲟⲛⲓⲁ ⲟⲩⲟϩ ϧⲉⲛ ϩⲱⲃ ⲛⲓⲃⲉⲛ ⲁⲓ⳿ⲁⲣⲉϩ ⳿ⲉⲣⲟⲓ ⲉⲓⲟⲓ ⳿ⲛⲁⲧⲃⲁⲣⲟⲥ ⳿ⲉⲃⲟⲗ ϩⲁⲣⲱⲧⲉⲛ ⲟⲩⲟϩ ⲉⲓ⳿ⲉ⳿ⲁⲣⲉϩ ⲟⲛ..
9သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။
10ϯⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ ⳿ⲥϣⲟⲡ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧ ϫⲉ ⲡⲁⲓϣⲟⲩϣⲟⲩ ⳿ϥⲛⲁ⳿ϣⲑⲁⲙ ⳿ⲉⲣⲟⲓ ⲁⲛ ϧⲉⲛ ⲛⲓⲙⲁ ⳿ⲛⲧⲉ ϯ⳿ⲁⲭⲁⲓ⳿ⲁ..
10ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည် ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ။
11ⲉⲑⲃⲉⲟⲩ ϫⲉ ϯⲙⲉⲓ ⳿ⲙⲙⲱⲧⲉⲛ ⲁⲛ ⲫϯ ⲡⲉⲧⲥⲱⲟⲩⲛ..
11အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။
12ⲡⲉϯⲣⲁ ⳿ⲙⲙⲟϥ ⲇⲉ ϯⲛⲁⲁⲓϥ ⲟⲛ ϩⲓⲛⲁ ⳿ⲛⲧⲁϫⲉϫ ⳿ⲑⲗⲱⲓϫⲓ ⳿ⲛⲛⲏⲉⲑⲟⲩⲱϣ ⳿ⲉϫⲉⲛ ⲗⲱⲓϫⲓ ϩⲓⲛⲁ ⳿ⲛⲥⲉϫⲉⲙⲟⲩ ϧⲉⲛ ⲫⲏ⳿ⲉⲧϣⲟⲩϣⲟⲩ ⳿ⲙⲙⲱⲟⲩ ⳿ⲛϧⲏⲧϥ ⲕⲁⲧⲁ ⲡⲉⲛⲣⲏϯ ϩⲱⲛ..
12အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
13ⲛⲁⲓ ⲅⲁⲣ ⳿ⲙⲡⲁⲓⲣⲏϯ ϩⲁⲛⲁⲡⲟⲥⲧⲟⲗⲟⲥ ⳿ⲛⲛⲟⲩϫ ⲛⲉ ⳿ⲛⲉⲣⲅⲁⲧⲏⲥ ⳿ⲛ⳿ⲭⲣⲟϥ ⲉⲩϣⲓⲃϯ ⳿ⲙⲙⲱⲟⲩ ⳿ⲙⲡⲓ⳿ⲥⲙⲟⲧ ⳿ⲛϩⲁⲛⲁⲡⲟⲥⲧⲟⲗⲟⲥ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ.̅.
13အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင် ၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
14ⲟⲩⲟϩ ⳿ⲛⲟⲩ⳿ϣⲫⲏⲣⲓ ⲁⲛ ⲧⲉ ⳿ⲛⲑⲟϥ ϩⲱϥ ⳿ⲡⲥⲁⲧⲁⲛⲁⲥ ⳿ϥϣⲓⲃϯ ⳿ⲙⲙⲟϥ ⳿ⲙ⳿ⲡ⳿ⲥⲙⲟⲧ ⳿ⲛⲟⲩⲁⲅⲅⲉⲗⲟⲥ ⳿ⲛⲧⲉ ⳿ⲫⲟⲩⲱⲓⲛⲓ..
14ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ်၏။
15⳿ⲛⲟⲩⲛⲓϣϯ ⲁⲛ ⲟⲩⲛ ⲡⲉ ⲓⲥϫⲉ ⲛⲉϥⲕⲉⲇⲓ⳿ⲁⲕⲱⲛ ⲥⲉϣⲓⲃϯ ⳿ⲙⲙⲱⲟⲩ ⳿ⲙ⳿ⲡ⳿ⲥⲙⲟⲧ ⳿ⲛϩⲁⲛⲇⲓ⳿ⲁⲕⲱⲛ ⳿ⲛⲧⲉ ϯⲙⲉⲑⲙⲏⲓ ⲛⲁⲓ ⳿ⲉⲧⲉ ⲧⲟⲩϧⲁ⳿ⲉ ⲛⲁϣⲱⲡⲓ ⲕⲁⲧⲁ ⲛⲟⲩ⳿ϩⲃⲏⲟⲩⲓ..
15သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြ လတံ့။
16ⲡⲁⲗⲓⲛ ϯϫⲱ ⳿ⲙⲙⲟⲥ ⲙⲏⲡⲱⲥ ⳿ⲛⲧⲉ ⲟⲩⲁⲓ ⲙⲉⲩ⳿ⲓ ⳿ⲉⲣⲟⲓ ϫⲉ ⳿ⲁⲛⲟⲕ ⲟⲩⲁⲧϩⲏⲧ ⳿ⲙⲙⲟⲛ ⲕⲁⲛ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲟⲩⲁⲧϩⲏⲧ ϣⲟⲡⲧ ⳿ⲉⲣⲱⲧⲉⲛ ϩⲓⲛⲁ ⳿ⲛⲧⲁϣⲟⲩϣⲟⲩ ⳿ⲙⲙⲟⲓ ϩⲱ ⳿ⲛⲟⲩⲕⲟⲩϫⲓ..
16တဖန်ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။
17ⲡⲉϯⲥⲁϫⲓ ⳿ⲙⲙⲟϥ ⲛⲁⲓϫⲱ ⳿ⲙⲙⲟϥ ⲁⲛ ⲕⲁⲧⲁ Ⲡ⳪ ⲁⲗⲗⲁ ϩⲱⲥ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲧϩⲏⲧ ⳿ⲛ⳿ϩⲣⲏⲓ ϧⲉⲛ ⲡⲁⲓϣⲓ ⳿ⲛⲧⲉ ⲡⲁⲓϣⲟⲩϣⲟⲩ..
17ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏ နည်းတူငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို၏။
18⳿ⲉⲡⲓⲇⲏ ⲟⲩⲟⲛ ⲟⲩⲙⲏϣ ϣⲟⲩϣⲟⲩ ⳿ⲙⲙⲱⲟⲩ ⲕⲁⲧⲁ ⲥⲁⲣⲝ ⳿ⲁⲛⲟⲕ ϩⲱ ϯⲛⲁϣⲟⲩϣⲟⲩ ⳿ⲙⲙⲟⲓ..
18လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ၏။
19ϩⲏⲇⲏⲱⲥ ⲅⲁⲣ ⲧⲉⲧⲉⲛⲉⲣⲁⲛⲉⲭⲉⲥⲑⲉ ⳿ⲛⲛⲓⲁⲧϩⲏⲧ ⳿ⲛⲑⲱⲧⲉⲛ ϩⲁⲛⲥⲁⲃⲉⲩ..
19သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။
20ⲧⲉⲧⲉⲛⲉⲣⲁⲛⲉⲭⲉⲥⲑⲉ ⲅⲁⲣ ⳿ⲙⲫⲏⲉⲧ⳿ⲓⲣⲓ ⳿ⲙⲙⲱⲧⲉⲛ ⳿ⲙⲃⲱⲕ ⲫⲏⲉⲑⲟⲩⲱⲙ ⳿ⲙⲙⲱⲧⲉⲛ ⲫⲏⲉⲧϭⲓ ⳿ⲛⲧⲉⲛ ⲑⲏⲛⲟⲩ ⲫⲏⲉⲧϭⲓⲥⲓ ⳿ⲙⲙⲟϥ ⲛⲉⲙ ⲫⲏ⳿ⲉⲧϩⲓⲟⲩ⳿ⲓ ϧⲉⲛ ⲡⲉⲧⲉⲛϩⲟ..
20သူတပါးသည်သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။
21ⲕⲁⲧⲁ ⲟⲩϣⲱϣ ϯϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲁⲛϣⲱⲛⲓ ⳿ⲁⲛⲟⲛ ⲫⲏ ⲇⲉ ⳿ⲉⲧⲉ ⲟⲩⲟⲛ ⲟⲩⲁⲓ ⲛⲁⲉⲣⲧⲟⲗⲙⲁⲛ ⳿ⲛϧⲏⲧϥ ⲁⲓϫⲱ ⳿ⲙⲙⲟⲥ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲧϩⲏⲧ ϯⲛⲁⲉⲣⲧⲟⲗⲙⲁⲛ ϩⲱ..
21ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။
22ϩⲁⲛϩⲉⲃⲣⲉⲟⲥ ⲛⲉ ⳿ⲁⲛⲟⲕ ϩⲱ ϩⲁⲛ⳿ⲥⲣⲁ⳿ⲏⲗⲓⲧⲏⲥ ⲛⲉ ⳿ⲁⲛⲟⲕ ϩⲱ ϩⲁⲛ⳿ϫⲣⲟϫ ⳿ⲛⲧⲉ ⲁⲃⲣⲁⲁⲙ ⲛⲉ ⳿ⲁⲛⲟⲕ ϩⲱ..
22သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် ဣသရေလလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည်အာဗြဲဟံ အမျိုးဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။
23ϩⲁⲛⲇⲓ⳿ⲁⲕⲱⲛ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ ⲛⲉ ⲁⲓⲥⲁϫⲓ ϧⲉⲛ ⲟⲩⲥⲓϩⲓ ⳿ⲛϩⲏⲧ ⳿ⲁⲛⲟⲕ ⳿ⲛϩⲟⲩ⳿ⲟ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ϩⲁⲛϧⲓⲥⲓ ⳿ⲛϩⲟⲩ⳿ⲟ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ϩⲁⲛϣⲏϣⲓ ⳿ⲛϩⲟⲩ⳿ⲟ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ϩⲁⲛ⳿ϣⲧⲉⲕⲱⲟⲩ ϧⲉⲛ ⲟⲩⲙⲉⲧϩⲟⲩ⳿ⲟ ϧⲉⲛ ϩⲁⲛⲙⲟⲩ ⳿ⲛⲟⲩⲙⲏϣ ⳿ⲛⲥⲟⲡ..
23သူတို့သည်ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူး သဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
24⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧⲟⲩ ⳿ⲛⲛⲓⲓⲟⲩⲇⲁⲓ ⲁⲓϭⲓ ⲉ̅ ⲅⲁⲣ ⳿ⲛⲙ̅ ⳿ⲛϣⲁϣ ϣⲁⲧⲉⲛ ⲟⲩⲁⲓ..
24ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တခု ယုတ်ငါခံခဲ့ရပြီ။
25ⲁⲩⲟⲩⲉϣⲟⲩⲱϣⲧ ⳿ⲙ⳿ⲡ⳿ϣⲃⲱⲧ ⳿ⲛⲅ̅ ⳿ⲛⲥⲟⲡ ⲁⲩϩⲒ⳿ⲱⲛⲓ ⳿ⲉϫⲱⲓ ⳿ⲛⲟⲩⲥⲟⲡ ⲁ ⳿ⲡϫⲟⲓ ⲃⲓϫⲓ ϧⲁⲣⲟⲓ ⳿ⲛⲅ̅ ⳿ⲛⲥⲟⲡ ⲁⲓⲉⲣ ⲟⲩ⳿ⲉϩⲟⲟⲩ ⲛⲉⲙ ⲟⲩ⳿ⲉϫⲱⲣϩ ϧⲉⲛ ⳿ⲡϣⲱⲕ ⳿ⲙ⳿ⲫⲓⲟⲙ..
25သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။
26ⲉⲛ ϩⲁⲛⲙⲟϣⲓ ϩⲓ ⳿ⲫⲙⲱⲓⲧ ⳿ⲛⲟⲩⲙⲏϣ ⳿ⲛⲥⲟⲡ ⲁⲓϩⲱϣ ϧⲉⲛ ϩⲁⲛⲓⲁⲣⲱⲟⲩ ⲁⲓϩⲱϣ ⳿ⲛⲧⲉ ϩⲁⲛⲥⲓⲛⲱⲟⲩ⳿ⲓ ⲁⲓϩⲱϣ ⳿ⲛⲧⲉ ⲛⲁ ⲡⲁ⳿ϣⲗⲱⲗ ⲁⲓϩⲱϣ ⳿ⲛⲧⲉ ϩⲁⲛⲉⲑⲛⲟⲥ ⲁⲓϩⲱϣ ϧⲉⲛ ϩⲁⲛⲃⲁⲕⲓ ⲁⲓϩⲱϣ ϩⲓ ⳿ⲡϣⲁϥⲉ ⲁⲓϩⲱϣ ϧⲉⲛ ⳿ⲫⲓⲟⲙ ⲁⲓϩⲱϣ ⳿ⲛⲧⲉ ϩⲁⲛ⳿ⲥⲛⲏⲟⲩ ⳿ⲛⲛⲟⲩϫ..
26အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီး။ မြစ်ကို ကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ် ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။
27ⲉⲛ ϩⲁⲛϧⲓⲥⲓ ⲛⲉⲙ ϩⲁⲛ⳿ⲙⲕⲁⲩϩ ϧⲉⲛ ϩⲁⲛ⳿ϣⲣⲱⲓⲥ ⳿ⲛⲟⲩⲙⲏϣ ⳿ⲛⲥⲟⲡ ϧⲉⲛ ϩⲁⲛ⳿ϩⲕⲟ ⲛⲉⲙ ⲟⲩⲓⲃⲓ ϧⲉⲛ ϩⲁⲛⲛⲏⲥⲧⲓ⳿ⲁ ⳿ⲛⲟⲩⲙⲏϣ ⳿ⲛⲥⲟⲡ ϧⲉⲛ ϩⲁⲛϫⲁϥ ⲛⲉⲙ ϩⲁⲛⲃⲱϣ..
27ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။
28ⲭⲱⲣⲓⲥ ⲛⲏⲉⲧⲥⲁⲃⲟⲗ ⲉϥⲭⲏ ϩⲓϫⲱⲓ ⳿ⲙⲙⲏⲛⲓ ⳿ⲛϫⲉ ⳿ⲫⲣⲱⲟⲩϣ ⳿ⲛⲛⲓⲉⲕ⳿ⲕⲗⲏⲥⲓⲁ ⲧⲏⲣⲟⲩ..
28ထိုအပမှုမှတပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။
29ⲛⲓⲙ ⲉⲧϣⲱⲛⲓ ⲟⲩⲟϩ ϯϣⲱⲛⲓ ⲁⲛ ⲛⲓⲙ ⲉⲧⲉⲣ⳿ⲥⲕⲁⲛⲇⲁⲗⲓⲍⲉⲥⲑⲉ ⲟⲩⲟϩ ⳿ⲁⲛⲟⲕ ϯⲣⲱⲕϩ ⲁⲛ..
29ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း။
30ⲓⲥϫⲉ ⳿ⲥⲉⲙ⳿ⲡϣⲁ ⳿ⲛⲧⲁϣⲟⲩϣⲟⲩ ⳿ⲙⲙⲟⲓ ⲁⲓⲛⲁϣⲟⲩϣⲟⲩ ⳿ⲙⲙⲟⲓ ϧⲉⲛ ⲛⲁⲙⲉⲧϫⲱⲃ..
30ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။
31ⲫϯ ⲟⲩⲟϩ ⳿ⲫⲓⲱⲧ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲉⲧⲥⲱⲟⲩⲛ ⲫⲏⲉⲧ⳿ⲥⲙⲁⲣⲱⲟⲩⲧ ϣⲁ ⲛⲓ⳿ⲉⲛⲉϩ ϫⲉ ⳿ⲛϯϫⲉⲙⲉⲑⲛⲟⲩϫ ⲁⲛ..
31ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သိတော်မူ၏။
32ϫⲉ ⳿ⲛ⳿ϩⲣⲏⲓ ϧⲉⲛ ⲇⲁⲙⲁⲥⲕⲟⲥ ⳿ⲡⲁⲣⲭⲱⲛ ⳿ⲛⲧⲉ ⲛⲓⲉⲑⲛⲟⲥ ⳿ⲛⲧⲉ ⳿ⲁⲣⲉⲧⲁ ⳿ⲡⲟⲩⲣⲟ ⲛⲁϥ⳿ⲁⲣⲉϩ ⳿ⲉ⳿ⲑⲃⲁⲕⲓ ⳿ⲛⲧⲉ ⲛⲁ ⲇⲁⲙⲁⲥⲕⲟⲥ ⲉϥⲟⲩⲱϣ ⳿ⲉⲧⲁϩⲟⲓ..
32ဒမာသက်မြို့၌ အရေတ မင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကို ဘမ်းဆီးခြင်းငှါအလိုရှိ၍၊ ဒမာသက် မြို့ကိုစောင့်စဉ်တွင်၊
33ⲟⲩⲟϩ ⲁⲩⲭⲁⲧ ⳿ⲉⲡⲉⲥⲏⲧ ϧⲉⲛ ⲟⲩϣⲟⲩϣⲧ ϧⲉⲛ ⲟⲩⲥⲁⲣⲅⲁⲛⲏ ⳿ⲉⲃⲟⲗϩⲓϫⲉⲛ ⲡⲓⲥⲟⲃⲧ ⲁⲓⲛⲟϩⲉⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲉϥϫⲓϫ.
33တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။