1ⲧⲉⲛⲥⲱⲟⲩⲛ ⲅⲁⲣ ϫⲉ ⳿ⲉϣⲱⲡ ⲁϥϣⲁⲛⲃⲱⲗ ⳿ⲉⲃⲟⲗ ⳿ⲛϫⲉ ⲡⲉⲛⲏⲓ ⳿ⲛⲧⲉ ⲡⲉⲛⲙⲁ⳿ⲛϣⲱⲡⲓ ⲉⲧϩⲓϫⲉⲛ ⳿ⲡⲕⲁϩⲓ ⲟⲩⲟⲛⲧⲁⲛ ⳿ⲛⲟⲩⲕⲱⲧ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲫϯ ⲟⲩⲏⲓ ⳿ⲛⲁⲑⲙⲟⲩⲛⲕ ⳿ⲛϫⲓϫ ⳿ⲛ⳿ⲉⲛⲉϩ ϧⲉⲛ ⲛⲓⲫⲏⲟⲩ⳿ⲓ..
1ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။
2ϧⲉⲛ ⲫⲁⲓ ⲅⲁⲣ ⲧⲉⲛϥⲓ⳿ⲁϩⲟⲙ ⲉⲛϭⲓϣϣⲱⲟⲩ ⳿ⲉϯϩⲓ⳿ⲱⲧⲉⲛ ⳿ⲙⲡⲉⲛⲙⲁ⳿ⲛϣⲱⲡⲓ ⲡⲓ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲧⲫⲉ..
2ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။
3ⲓⲉ ⳿ⲉϣⲱⲡ ⲁⲛϣⲁⲛⲧⲏⲓϥ ϩⲓ⳿ⲱⲧⲉⲛ ⲥⲉⲛⲁϫⲉⲙⲉⲛ ⲁⲛ ⲉⲛⲃⲏϣ..
3ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။
4ⲕⲉ ⲅⲁⲣ ⳿ⲁⲛⲟⲛ ϧⲁ ⲛⲏ ⲉⲧϣⲟⲡ ϧⲉⲛ ⲡⲁⲓⲙⲁ⳿ⲛϣⲱⲡⲓ ⲧⲉⲛϥⲓ⳿ⲁϩⲟⲙ ⲉⲛϩⲟⲣϣ ⳿ⲉϫⲉⲛ ⲡⲉⲧⲉⲛⲟⲩⲱϣ ⲁⲛ ⳿ⲉⲃⲁϣⲧⲉⲛ ⳿ⲙⲙⲟϥ ⲁⲗⲗⲁ ⳿ⲉⲟⲩⲁϩⲉⲙ ⲧⲏⲓϥ ϩⲓⲱⲧⲉⲛ ϩⲓⲛⲁ ⳿ⲛⲥⲉⲱⲙⲕ ⳿ⲙⲡⲉⲧⲉϣⲁϥⲙⲟⲩ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⳿ⲡⲱⲛϧ..
4ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။
5ⲫⲏ ⲇⲉ ⳿ⲉⲧⲁϥⲉⲣϩⲱⲃ ⳿ⲉⲣⲟⲛ ⳿ⲉⲫⲁⲓ ⲫϯ ⲡⲉ ⲫⲏ ⳿ⲉⲧⲁϥϯ ⲛⲁⲛ ⳿ⲙ⳿ⲡⲁⲣⲏⲃ ⳿ⲛⲧⲉ ⲡⲓⲡⲛ̅ⲁ.̅.
5ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။
6ⲉⲛⲧⲁϫⲣⲏⲟⲩⲧ ⳿ⲛϩⲏⲧ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ ⲟⲩⲟϩ ⲉⲛ⳿ⲉⲙⲓ ϫⲉ ⲉⲛϣⲟⲡ ⲧⲁⲓ ϧⲉⲛ ⲡⲓⲥⲱⲙⲁ ⲧⲉⲛϩⲓ⳿ⲡϣⲉⲙⲙⲟ ⲥⲁⲃⲟⲗ ⳿ⲙⲠ⳪..
6ထို့ကြောင့်ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌နေသည်ကို ငါတို့သည်သိလျက်၊
7ⲁⲛⲙⲟϣⲓ ⲅⲁⲣ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲟⲩⲛⲁϩϯ ⲡⲉ ⲛⲉ ⳿ⲉⲃⲟⲗ ⲁⲛ ϩⲓⲧⲉⲛ ⲟⲩ⳿ⲥⲙⲟⲧ..
7အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍၊
8ⲉⲣⲉ ⲡⲉⲛϩⲏⲧ ⲇⲉ ⲧⲁϫⲣⲏⲟⲩⲧ ⲟⲩⲟϩ ⲧⲉⲛϯ ⲙⲁϯ ⲙⲁⲗⲗⲟⲛ ⳿ⲉ⳿ⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓⲥⲱⲙⲁ ⲟⲩⲟϩ ⳿ⲉϣⲉ ϩⲁ Ⲡ⳪..
8ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။
9ⲉⲑⲃⲉ ⲫⲁⲓ ϫⲉ ⲧⲉⲛⲟⲓ ⳿ⲙⲙⲁⲓⲧⲁⲓⲟⲛ ⳿ⲓⲧⲉ ⲉⲛϣⲟⲡ ⲧⲁⲓ ϧⲉⲛ ⲡⲓⲥⲱⲙⲁ ⳿ⲓⲧⲉ ⲉⲛⲛⲏⲟⲩ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓⲥⲱⲙⲁ ⳿ⲛⲧⲉⲛϣⲱⲡⲓ ⲉⲛⲣⲁⲛⲁϥ..
9ထို့ကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည် ဖြစ်စေ၊ ကွာဝေးရာအရပ်၌နေသည်ဖြစ်စေ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။
10ϩⲱϯ ⲅⲁⲣ ⳿ⲉⲣⲟⲛ ⲧⲏⲣⲉⲛ ⳿ⲛⲧⲉⲛⲟⲩⲟⲛϩⲉⲛ ⳿ⲉⲃⲟⲗ ⲛⲁϩⲣⲉⲛ ⲡⲓⲃⲏⲙⲁ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ ϩⲓⲛⲁ ⳿ⲛⲧⲉ ⲡⲓⲟⲩⲁⲓ ⲡⲓⲟⲩⲁⲓ ϭⲓ ⲕⲁⲧⲁ ⲛⲓ⳿ϩⲃ ⲏⲟⲩ⳿ⲓ ⳿ⲉⲧⲁϥⲁⲓⲧⲟⲩ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲡⲓⲥⲱⲙⲁ ⳿ⲓⲧⲉ ⲟⲩⲡⲉⲑⲛⲁⲛⲉϥ ⳿ⲓⲧⲉ ⲟⲩⲡⲉⲧϩⲱⲟⲩ..
10အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
11ⲉⲛⲥⲱⲟⲩⲛ ⳿ⲛϯϩⲟϯ ⳿ⲛⲧⲉ Ⲡ⳪ ⲧⲉⲛⲑⲱⲧ ⳿ⲙ⳿ⲡϩⲏⲧ ⳿ⲛⲛⲓⲣⲱⲙⲓ ⲧⲉⲛⲟⲩⲱⲛϩ ⲇⲉ ⳿ⲉⲃⲟⲗ ⳿ⲙⲫϯ ϯ ⲉⲣϩⲉⲗⲡⲓⲥ ⲇⲉ ϫⲉ ⲁⲓⲟⲩⲟⲛϩⲧ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲉⲧⲉⲛⲕⲉⲥⲩⲛⲏⲇⲏⲥⲓⲥ..
11သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊ ဘုရားသခင်ရှေ့တော်၌ ထင်ရှားကြ၏။ သင်တို့၏စိတ်ရှေ့၌ လည်းထင်ရှားကြသည်ဟု ငါထင်မှတ်၏။
12ⲛⲁⲛⲧⲁϩⲟ ⳿ⲙⲙⲟⲛ ⲛⲱⲧⲉⲛ ⲁⲛ ⳿ⲛⲕⲉⲥⲟⲡ ⲁⲗⲗⲁ ⲉⲛϯⲗⲱⲓϫⲓ ⲛⲱⲧⲉⲛ ⳿ⲉϣⲟⲩϣⲟⲩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ ϩⲓⲛⲁ ⳿ⲛⲧⲉⲥϣⲱⲡⲓ ⲛⲱⲧⲉⲛ ⲟⲩⲃⲉ ⲛⲏ ⲉⲧϣⲟⲩϣⲟⲩ ⳿ⲙⲙⲱⲟⲩ ϧⲉⲛ ⳿ⲡϩⲟ ⲟⲩⲟϩ ϧⲉⲛ ⳿ⲡϩⲏⲧ ⲁⲛ..
12ငါတို့သည်သင်တို့ရှေ့၌ တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြသည်မဟုတ်။ စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း၊ ငါတို့ ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာ ပေးကြ၏။
13⳿ⲓⲧⲉ ⲅⲁⲣ ⲓⲥϫⲉ ⲁⲛⲥⲓϩⲓ ⳿ⲛϩⲏⲧ ⲓⲉ ⲁⲛⲥⲓϩⲓ ⳿ⲙⲫϯ ⳿ⲓⲧⲉ ⲧⲉⲛⲕⲁϯ ⲓⲉ ⲁⲛⲕⲁϯ ⲛⲱⲧⲉⲛ..
13ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ၏။
14ϯⲁⲅⲁⲡⲏ ⲅⲁⲣ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ ⳿ⲥ⳿ⲁⲙⲟⲛⲓ ⳿ⲙⲙⲟⲛ ⳿ⲉⲁⲛϯϩⲁⲡ ⳿ⲉⲫⲁⲓ ϫⲉ ⲓⲥϫⲉ ⲟⲩⲁⲓ ⲁϥⲙⲟⲩ ⳿ⲉϫⲉⲛ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ϩⲁⲣⲁ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲁⲩⲙⲟⲩ..
14အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊
15ⲟⲩⲟϩ ⲁϥⲙⲟⲩ ⳿ⲉϫⲉⲛ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ϩⲓⲛⲁ ⲛⲏ ⲉⲧⲟⲛϧ ⳿ⲛⲧⲟⲩ⳿ϣⲧⲉⲙⲱⲛϧ ⲛⲱⲟⲩ ⳿ⲙⲙⲁⲩⲁⲧⲟⲩ ⲁⲗⲗⲁ ⳿ⲙⲫⲏ ⳿ⲉⲧⲁϥⲙⲟⲩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲟⲩ ⲟⲩⲟϩ ⲁϥⲧⲱⲛϥ..
15လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။
16ϩⲱⲥⲧⲉ ⳿ⲁⲛⲟⲛ ⲓⲥϫⲉⲛ ϯⲛⲟⲩ ⳿ⲛⲧⲉⲛⲥⲱⲟⲩⲛ ⳿ⲛ⳿ϩⲗⲓ ⲁⲛ ⲕⲁⲧⲁ ⲥⲁⲣⲝ ⲓⲥϫⲉ ⲇⲉ ⲁⲛⲥⲟⲩⲉⲛ Ⲡⲭ̅ⲥ̅ ⲕⲁⲧⲁ ⲥⲁⲣⲝ ⲁⲗⲗⲁ ϯⲛⲟⲩ ϫⲉ ⲧⲉⲛⲥⲱⲟⲩⲛ ⳿ⲙⲙⲟϥ ⲁⲛ..
16သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်းမရှိ။
17ϩⲱⲥⲧⲉ ⲫⲏⲉⲧϧⲉⲛ Ⲡⲭ̅ⲥ̅ ⲟⲩⲥⲱⲛⲧ ⳿ⲙⲃⲉⲣⲓ ⲡⲉ ⲛⲓⲁⲣⲭⲉⲟⲥ ⲁⲩⲥⲓⲛⲓ ⲓⲥ ϩⲁⲛⲃⲉⲣⲓ ⲁⲩϣⲱⲡⲓ..
17လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
18ϩⲱⲃ ⲇⲉ ⲛⲓⲃⲉⲛ ⳿ⲉⲃⲟⲗ ⳿ⲙⲫϯ ⲛⲉ ⲫⲁⲓ ⲉⲧⲁϥϩⲟⲧⲡⲉⲛ ⳿ⲉⲣⲟϥ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ Ⲡⲭ̅ⲥ̅ ⲟⲩⲟϩ ⲁϥϯ ⲛⲁⲛ ⳿ⲙ⳿ⲡϣⲉⲙϣⲓ ⳿ⲛⲧⲉ ⲡⲓϩⲱⲧⲡ..
18ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။
19ϫⲉ ⲫϯ ⲛⲁϥϧⲉⲛ Ⲡⲭ̅ⲥ̅ ⲉϥϩⲱⲧⲡ ⳿ⲙⲡⲓⲕⲟⲥⲙⲟⲥ ⳿ⲉⲣⲟϥ ⳿ⲛ⳿ϥⲱⲡ ⳿ⲉⲣⲱⲟⲩ ⲁⲛ ⳿ⲛⲛⲟⲩⲡⲁⲣⲁⲡⲧⲱⲙⲁ ⲟⲩⲟϩ ⲁϥⲭⲱ ⳿ⲙⲡⲓⲥⲁϫⲓ ⳿ⲛⲧⲉ ⲡⲓϩⲱⲧⲡ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧⲉⲛ..
19ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များ ကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။
20ⲁⲛⲉⲣ⳿ⲡⲣⲉⲥⲃⲉⲩⲓⲛ ⲟⲩⲛ ⳿ⲉϫⲉⲛ Ⲡⲭ̅ⲥ̅ ϩⲱⲥ ⳿ⲉⲣⲉ ⲫϯ ϯ ⳿ⲛⲟⲩⲛⲟⲙϯ ⳿ⲉⲃⲟⲗϩⲓⲧⲟⲧⲉⲛ ⲧⲉⲛ ϯϩⲟ ⳿ⲉ⳿ⲫⲙⲁ ⳿ⲙⲠⲭ̅ⲥ̅ ϩⲱⲧⲡ ⳿ⲉⲫϯ..
20ထို့ကြောင့်ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။
21ⲫⲏ⳿ⲉⲧⲉ ⳿ⲙⲡⲉϥⲥⲟⲩⲉⲛ ⲛⲟⲃⲓ ⲁϥⲁⲓϥ ⳿ⲛⲛⲟⲃⲓ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ ϩⲓⲛⲁ ⳿ⲁⲛⲟⲛ ⳿ⲛⲧⲉⲛϣⲱⲡⲓ ⳿ⲛⲟⲩⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ ⲫϯ ⳿ⲛ⳿ϩⲣⲏⲓ ⳿ⲛϧⲏⲧϥ.
21အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။