Coptic: New Testament

Myanmar

Acts

26

1ⲁⲅⲣⲓⲡⲡⲁⲥ ⲇⲉ ⲡⲉϫⲁϥ ⳿ⲙⲡⲁⲩⲗⲟⲥ ϫⲉ ⲥⲉⲟⲩⲁϩⲥⲁϩⲛⲓ ⲛⲁⲕ ⳿ⲉⲥⲁϫⲓ ⳿ⲉϫⲱⲕ ⲧⲟⲧⲉ ⲡⲁⲩⲗⲟⲥ ⲁϥⲥⲟⲩⲧⲉⲛ ⲧⲉϥϫⲓϫ ⳿ⲉⲃⲟⲗ ⲁϥⲉⲣⲁⲡⲟⲗⲟⲅⲓⲥⲑⲉ ..
1ထိုအခါအဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဘို့ အလိုငှါ ပြောရသော အခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။
2ⲉⲑⲃⲉ ϩⲱⲃ ⲛⲓⲃⲉⲛ ⲉⲧⲟⲩϫⲉⲙ ⳿ⲁⲣⲓⲕⲓ ⳿ⲉⲣⲟϥ ⳿ⲛϧⲏⲧⲟⲩ ⳿ⲛϫⲉ ⲛⲓⲒⲟⲩⲇⲁⲓ ⳿ⲙ⳿ⲡⲟⲩⲣⲟ ⲁⲅⲣⲓⲡⲡⲁ ϯⲙⲉⲩⲓ ϫⲉ ⳿ⲁⲛⲟⲕ ⲟⲩⲙⲁⲕⲁⲣⲓⲟⲥ ⲉⲓⲛⲁⲉⲣⲁⲡⲟⲗⲟⲅⲓⲥⲑⲉ ⳿ⲙⲫⲟⲟⲩ ϧⲁⲧⲟⲧⲕ ..
2အဂြိပ္ပမင်းကြီး၊
3ⲙⲁⲗⲓⲥⲧⲁ ⲉⲕⲥⲱⲟⲩⲛ ⳿ⲛⲛⲓⲥⲩⲛⲏⲑⲓ⳿ⲁ ⳿ⲛⲧⲉ ⲛⲓⲒⲟⲩⲇⲁⲓ ⲛⲉⲙ ⲛⲟⲩⲍⲏⲧⲏⲙⲁ ⲉⲑⲃⲉ ⲫⲁⲓ ϯ ⲧⲱⲃϩ ⳿ⲙⲙⲟⲕ ⲉⲑⲣⲉⲕⲥⲱⲧⲉⲙ ⳿ⲉⲣⲟⲓ ϧⲉⲛ ⲟⲩⲙⲉⲧⲣⲉϥⲱⲟⲩ ⳿ⲛϩⲏⲧ ..
3ယုဒလူတို့သည် အကျွန်ုပ်ကိုအမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌အပြစ်ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကိုလေ့ကျက်တော်မူ ကြောင်းကို၎င်း အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့်သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည် အကြောင်း အသနားတော်ခံပါ၏။
4ⲡⲁϫⲓⲛⲱⲛϧ ⲓⲥϫⲉⲛ ⲧⲁⲙⲉⲧⲁⲗⲟⲩ ⳿ⲉⲧⲁϥϣⲱⲡⲓ ⲓⲥϫⲉⲛ ϩⲏ ϧⲉⲛ ⲡⲁⲉⲑⲛⲟⲥ ⳿ⲛ⳿ϩⲣⲏⲓ ϧⲉⲛ Ⲓⲗ̅ⲏ̅ⲙ̅ ⲥⲉⲥⲱⲟⲩⲛ ⳿ⲙⲙⲟϥ ⳿ⲛϫⲉ ⲛⲓⲒⲟⲩⲇⲁⲓ ⲧⲏⲣⲟⲩ ..
4ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏ အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်အရွယ်မှ စ၍၊ အကျွန်ုပ်၏အနေ အတိုင်းအပြုအမူများကို ယုဒလူ အပေါင်းတို့သည်သိကြပါ၏။
5ⲉⲩⲉⲣϣⲟⲣⲡ ⳿ⲛⲥⲱⲟⲩⲛ ⳿ⲙⲙⲟⲓ ⲓⲥϫⲉⲛ ⲥⲁ⳿ⲡϣⲱⲓ ⲁⲩϣⲁⲛⲟⲩⲱϣ ⳿ⲉⲉⲣⲙⲉⲑⲣⲉ ϫⲉ ⲕⲁⲧⲁ ϯϩⲉⲣⲉⲥⲓⲥ ⲉⲧⲧⲁϫⲣⲏⲟⲩⲧ ⳿ⲛⲧⲉ ⲡⲉⲛϣⲉⲙϣⲓ ⲁⲓⲱⲛϧ ⳿ⲙⲪⲁⲣⲓⲥⲉⲟⲥ ..
5အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေးဦးစွာကပင် သိကြပါ၏။
6ⲟⲩⲟϩ ϯⲛⲟⲩ ⲉⲑⲃⲉ ⳿ⲧϩⲉⲗⲡⲓⲥ ⳿ⲙⲡⲓⲱϣ ⳿ⲉⲧⲁϥϣⲱⲡⲓ ⳿ⲛⲛⲉⲛⲓⲟϯ ⳿ⲉⲃⲟⲗϩⲓⲧⲉⲛ Ⲫϯ ϯ⳿ⲟϩⲓ ⳿ⲉⲣⲁⲧ ⲉⲩϯϩⲁⲡ ⳿ⲉⲣⲟⲓ ..
6ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍ မြော်လင့်ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
7⳿ⲉⲧⲉ ⲧⲁⲓϩⲉⲗⲡⲓⲥ ⲧⲉ ⳿ⲉⲛⲁⲣⲉ ϯⲓ̅ⲃ̅ ⳿ⲙⲫⲩⲗⲏϣⲉⲙϣⲓ ϧⲉⲛ ⲟⲩⲙⲟⲩⲛ ⳿ⲉⲃⲟⲗ ⳿ⲙⲡⲓ⳿ⲉϩⲟⲟⲩ ⲛⲉⲙ ⲡⲓ⳿ⲉϫⲱⲣϩ ⲉⲩⲟⲩⲱϣ ⲉⲑⲣⲉ ⲧⲟⲧⲟⲩ ϯⲙⲁϯ ⳿ⲉⲣⲟⲥ ⲉⲑⲃⲉ ⲧⲁⲓϩⲉⲗⲡⲓⲥ ⳿ⲡⲟⲩⲣⲟ ⲥⲉϫⲉⲙ ⳿ⲁⲣⲓⲕⲓ ⳿ⲉⲣⲟⲓ ⳿ⲛϫⲉ ⲛⲓⲒⲟⲩⲇⲁⲓ ..
7ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညဉ့်မပြတ် ကြိုးစား၍ ဘုရားဝတ်ပြုသဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့ သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။
8ⲟⲩ ⲙⲉⲧⲁⲑⲛⲁϩϯ ⲧⲉ ⲙⲁϩⲁⲡ ϧⲉⲛ ⲑⲏⲛⲟⲩ ⲓⲥϫⲉ Ⲫϯ ⲛⲁⲧⲟⲩⲛⲟⲥ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ..
8သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။
9⳿ⲁⲛⲟⲕ ⲙⲉⲛ ⲟⲩⲛ ⲛⲁⲓⲙⲉⲩⲓ ⳿ⲉⲣⲟⲓ ⳿ⲉⲉⲣ ⲟⲩⲙⲏϣ ⳿ⲛϩⲱⲃ ⲉⲩϯ ⳿ⲉϧⲟⲩⲛ ⳿ⲉ⳿ϩⲣⲉⲛ ⳿ⲫⲣⲁⲛ ⳿ⲛⲒⲏ̅ⲥ̅ ⲡⲓⲚⲁⲍⲱⲣⲉⲟⲥ ..
9နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊
10ⲫⲁⲓ ⳿ⲉⲧⲁⲓⲁⲓϥ ϧⲉⲛ Ⲓⲗ̅ⲏ̅ⲙ̅ ⲟⲩⲙⲏϣ ϧⲉⲛ ⲛⲏⲉⲑⲟⲩⲁⲃ ⳿ⲁⲛⲟⲕ ⲁⲓϩⲓⲧⲟⲩ ⳿ⲉϧⲟⲩⲛ ⳿ⲉⲛⲓ⳿ϣⲧⲉⲕⲱⲟⲩ ⳿ⲉⲁⲓϭⲓ ⳿ⲙⲡⲓⲉⲣϣⲓϣⲓ ϩⲓⲧⲉⲛ ⲛⲓⲁⲣⲭⲏⲉⲣⲉⲩⲥ ⲉⲩϧⲱⲧⲉⲃ ⳿ⲙⲙⲱⲟⲩ ϣⲁⲓϯⲱⲡ ϧⲁⲣⲱⲟⲩ ..
10ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။
11ⲕⲁⲧⲁ ⲥⲩⲛⲁⲅⲱⲅⲏ ⲛⲓⲃⲉⲛ ⲉⲓϯ⳿ⲙⲕⲁϩ ⲛⲱⲟⲩ ⳿ⲛⲟⲩⲙⲏϣ ⳿ⲛⲥⲟⲡ ⲛⲁⲓϭⲓ ⳿ⲙⲙⲱⲟⲩ ⳿ⲛϫⲟⲛⲥ ⲉⲑⲣⲟⲩϫⲉⲟⲩ⳿ⲁ ϧⲉⲛ ⲟⲩⲙⲉⲧϩⲟⲩ⳿ⲟ ⲇⲉ ⲉⲓϧⲉⲛ ⲟⲩⲗⲓⲃⲓ ⳿ⲉϧⲟⲩⲛ ⳿ⲉⲣⲱⲟⲩ ϣⲁⲓϭⲟϫⲓ ⳿ⲛⲥⲱⲟⲩ ϣⲁ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉⲛⲓⲕⲉⲡⲟⲗⲓⲥ ⲉⲧⲥⲁⲃⲟⲗ ..
11ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှါ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားစရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကို ညှဉ်းဆဲနိုပ်စက်ပါ၏။
12ⲟⲩⲟϩ ϧⲉⲛ ⲛⲁⲓ ⲉⲓⲙⲟϣⲓ ⳿ⲉⲇⲁⲙⲁⲥⲕⲟⲥ ⲛⲉⲙ ⲟⲩⲉⲝⲟⲩⲥⲓ⳿ⲁ ⲛⲉⲙ ⲟⲩⲁϩⲥⲁϩⲛⲓ ⳿ⲛⲧⲉ ⲛⲓⲁⲣⲭⲏ⳿ⲉⲣⲉⲩⲥ ..
12ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ် တွင်၊
13ⲉⲓϩⲓ ⲡⲓⲙⲱⲓⲧ ⲇⲉ ϧⲉⲛ ⳿ⲧⲫⲁϣⲓ ⳿ⲙⲡⲓ⳿ⲉϩⲟⲟⲩ ⲁⲓⲛⲁⲩ ⳿ⲡⲟⲩⲣⲟ ⳿ⲉⲟⲩⲟⲩⲱⲓⲛⲓ ⳿ⲉⲃⲟⲗϧⲉⲛ ⳿ⲧⲫⲉ ⲉϥⲫⲟⲣⲓ ⳿ⲉϩⲟⲧⲉ ⳿ⲫⲣⲏ ⲁϥ⳿ⲓ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲓ ⲛⲉⲙ ⲛⲏⲉⲑⲛⲉⲙⲏⲓ ..
13နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်ချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည်။ အရှင်မင်းကြီး။
14ⲉⲧⲁⲛϩⲉⲓ ⲇⲉ ⲧⲏⲣⲉⲛ ϩⲓϫⲉⲛ ⲡⲓⲕⲁϩⲓ ⲁⲓⲥⲱⲧⲉⲙ ⳿ⲉⲟⲩ⳿ⲥⲙⲏ ⲉⲥϫⲱ ⳿ⲙⲙⲟⲥ ⲛⲏⲓ ϧⲉⲛ ϯⲁⲥⲡⲓ ⳿ⲙⲙⲉⲧϩⲉⲃⲣⲉⲟⲥ ϫⲉ ⲥⲁⲟⲩⲗ ⲥⲁⲟⲩⲗ ⳿ⲁϧⲟⲕ ⳿ⲕϭⲟϫⲓ ⳿ⲛⲥⲱⲓ ⲟⲩϩⲱⲃ ⲉϥⲛⲁϣⲧ ⲛⲁⲕ ⲡⲉ ⳿ⲉϯϣⲉⲛⲫⲁⲧ ⳿ⲉϧⲟⲩⲛ ϧⲉⲛ ϩⲁⲛⲥⲟⲩⲣⲓ ..
14အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ၍ နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း။ ဒုတ်ချွန်ကို ခြေနှင့်ကျော်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင်၊
15⳿ⲁⲛⲟⲕ ⲇⲉ ⲡⲉϫⲏⲓ ϫⲉ ⳿ⲛⲑⲟⲕ ⲛⲓⲙ Ⲡ⳪ Ⲡ⳪ ⲇⲉ ⲡⲉϫⲁϥ ⲛⲏⲓ ϫⲉ ⳿ⲁⲛⲟⲕ ⲡⲉ Ⲓⲏ̅ⲥ̅ ⲫⲏ⳿ⲛⲑⲟⲕ ⳿ⲉⲧⲉⲕϭⲟϫⲓ ⳿ⲛⲥⲱϥ ..
15သခင်ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ် မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။
16ⲁⲗⲗⲁ ⲧⲱⲛⲕ ⳿ⲟϩⲓ ⳿ⲉⲣⲁⲧⲕ ⳿ⲉϫⲉⲛ ⲛⲉⲕϭⲁⲗⲁⲩϫ ⲉⲑⲃⲉ ⲫⲁⲓ ⲅⲁⲣ ⲁⲓⲟⲩⲟⲛϩⲧ ⳿ⲉⲣⲟⲕ ⳿ⲉⲥⲟⲧⲡⲕ ⳿ⲛⲟⲩϩⲩⲡⲉⲣⲉⲧⲏⲥ ⲛⲏⲓ ⲟⲩⲟϩ ⳿ⲛⲧⲉⲕⲉⲣⲙⲉⲑⲣⲉ ⳿ⲛⲛⲏⲉⲧⲁⲕⲛⲁⲩ ⳿ⲉⲣⲱⲟⲩ ⲛⲏ⳿ⲉϯⲛⲁⲟⲩⲟⲛϩⲧ ⳿ⲉⲣⲟⲕ ⳿ⲛϧⲏⲧⲟⲩ ..
16သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။
17ⲉⲓ⳿ⲉⲛⲁϩⲙⲉⲕ ⳿ⲉⲃⲟⲗϧⲉⲛ ⲡⲓⲗⲁⲟⲥ ⲛⲉⲙ ⳿ⲉⲃⲟⲗϧⲉⲛ ⲛⲓⲉⲑⲛⲟⲥ ⲛⲏ⳿ⲁⲛⲟⲕ ⳿ⲉϯⲛⲁⲟⲩⲟⲣⲡⲕ ⳿ⲉⲣⲱⲟⲩ ..
17ငါသည်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ်၍၊
18⳿ⲉⲁⲟⲩⲱⲛ ⳿ⲛⲛⲟⲩⲃⲁⲗ ⲉⲑⲣⲟⲩⲕⲟⲧⲟⲩ ⳿ⲉⲃⲟⲗϩⲁ ⳿ⲡⲭⲁⲕⲓ ⳿ⲉϧⲟⲩⲛ ⳿ⲉ⳿ⲫⲟⲩⲱⲓⲛⲓ ⲛⲉⲙ ⳿ⲉⲃⲟⲗϩⲁ ⳿ⲡⲉⲣϣⲓϣⲓ ⳿ⲙ⳿ⲡⲥⲁⲧⲁⲛⲁⲥ ⳿ⲉⲫϯ ⲉⲑⲣⲟⲩϭⲓ ⳿ⲙ⳿ⲡⲭⲱ ⳿ⲉⲃⲟⲗ ⳿ⲛⲧⲉ ⲛⲟⲩⲛⲟⲃⲓ ⲛⲉⲙ ⲟⲩ⳿ⲕⲗⲏⲣⲟⲛⲟⲙⲓ⳿ⲁ ϧⲉⲛ ⲛⲏⲉⲧⲧⲟⲩⲃⲏⲟⲩⲧ ϧⲉⲛ ⲡⲓⲛⲁϩϯ ⳿ⲉⲣⲟⲓ ..
18သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ၏။
19ⲉⲑⲃⲉ ⲫⲁⲓ ⳿ⲡⲟⲩⲣⲟ ⳿ⲁⲅⲣⲓⲡⲡⲁ ⳿ⲙⲡⲓϣⲉⲣⲁⲧⲥⲱⲧⲉⲙ ⳿ⲛⲥⲁ ⲡⲓⲛⲁⲩ ⳿ⲛⲧⲉ ⳿ⲧⲫⲉ ..
19အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။
20ⲁⲗⲗⲁ ⲛⲏⲉⲧϧⲉⲛ ⲇⲁⲙⲁⲥⲕⲟⲥ ⳿ⲛϣⲟⲣⲡ ⲛⲉⲙ Ⲓⲗ̅ⲏ̅ⲙ̅ ⲛⲉⲙ ⳿ⲧⲭⲱⲣⲁ ⲧⲏⲣⲥ ⳿ⲛⲧⲉ ϯⲒⲟⲩⲇⲉ⳿ⲁ ⲛⲉⲙ ⲛⲓⲉⲑⲛⲟⲥ ⲁⲓϩⲓⲱⲓϣ ⲛⲱⲟⲩ ⲉⲑⲣⲟⲩⲉⲣⲙⲉⲧⲁⲛⲟⲓⲛ ⲟⲩⲟϩ ⲉⲑⲣⲟⲩⲕⲟⲧⲟⲩ ⳿ⲉⲫϯ ⳿ⲉ⳿⳿ⲓⲣⲓ ⳿ⲛϩⲁⲛ⳿ϩⲃⲏⲟⲩ⳿ⲓ ⲉⲩ⳿ⲙ⳿ⲡϣⲁ ⳿ⲛϯⲙⲉⲧⲁⲛⲟⲓ⳿ⲁ.
20လူတို့သည် နောင်တရရမည်။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသောသူတို့အား၎င်း၊ တပါးအမျိုးသား၊ တို့အား၎င်း၊ ဟောပြောပါ၏။
21ⲉⲑⲃⲉ ⲫⲁⲓ ⳿ⲁ ⲛⲓⲒⲟⲩⲇⲁⲓ ⳿ⲁⲙⲟⲛⲓ ⳿ⲙⲙⲟⲓ ϧⲉⲛ ⲡⲓⲉⲣⲫⲉⲓ ⲛⲁⲩϭⲱⲛⲧ ⳿ⲉ⳿ⲓⲛⲓ ⳿ⲛⲧⲟⲧⲟⲩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲓ ..
21ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဘမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။
22ⲉⲧⲁⲓϭⲓ ⲇⲉ ⳿ⲛⲟⲩⲃⲟⲏⲑⲓ⳿ⲁ ⳿ⲉⲃⲟⲗϩⲓⲧⲉⲛ Ⲫϯ ⲁⲓ⳿ⲟϩⲓ ⳿ⲉⲣⲁⲧ ϣⲁ ⳿ⲉϧⲟⲩⲛ ⳿ⲉⲫⲟⲟⲩ ⲉⲓⲉⲣⲙⲉⲑⲣⲉ ⳿ⲛⲟⲩⲕⲟⲩϫⲓ ⲛⲉⲙ ⲟⲩⲛⲓϣϯ ⳿ⲛϯϫⲉ ⳿ϩⲗⲓ ⲁⲛ ⲥⲁⲃⲟⲗ ⳿ⲛⲛⲏ⳿ⲉⲧⲁ ⲛⲓⲡⲣⲟⲫⲏⲧⲏⲥ ϫⲟⲧⲟⲩ ⲛⲉⲙ Ⲙⲱ⳿ⲩⲥⲏⲥ ϫⲉ ⲥⲉⲛⲁϣⲱⲡⲓ ..
22သို့ရာတွင်ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊
23ⲓⲥϫⲉ ⲟⲩⲣⲉϥϭⲓ⳿ⲙⲕⲁϩ ⲡⲉ Ⲡⲭ̅ⲥ̅ ⲓⲥϫⲉ ⲟⲩϩⲟⲩⲓⲧ ⲡⲉ ⳿ⲉⲃⲟⲗϧⲉⲛ ⳿ⲧ⳿ⲁⲛⲁⲥⲧⲁⲥⲓⲥ ⳿ⲛⲧⲉ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⳿ϥⲛⲁϩⲓⲱⲓϣ ⳿ⲛⲟⲩⲱⲓⲛⲓ ⳿ⲙⲡⲓⲗⲁⲟⲥ ⲛⲉⲙ ⲛⲓⲉⲑⲛⲟⲥ ..
23ယခုတိုင်အောင်ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေခြင်းမှ အဦးဆုံး ထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၎င်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။
24ⲛⲁⲓ ⲉϥϫⲱ ⳿ⲙⲙⲱⲟⲩ ⲡⲉϫⲉ ⲫⲏⲥⲧⲟⲥ ϧⲉⲛ ⲟⲩⲛⲓϣϯ ⳿ⲛ⳿ⲥⲙⲏ ϫⲉ ⲁⲕⲗⲓⲃⲓ ⲡⲁⲩⲗⲉ ⳿ⲁ ⲡⲓⲙⲏϣ ⳿ⲛ⳿ⲥϧⲁⲓ ⳿ⲑⲣⲉⲕⲗⲓⲃⲓ ..
24ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို၏။
25ⲡⲁⲩⲗⲟⲥ ⲇⲉ ⲡⲉϫⲁϥ ϫⲉ ϯⲗⲟⲃⲓ ⲁⲛ ⳿ⲕⲣⲁⲧⲓⲥⲑⲉ ⲫⲏⲥⲧⲉ ⲁⲗⲗⲁ ϩⲁⲛⲥⲁϫⲓ ⳿ⲛⲧⲉ ϯⲙⲉⲑⲙⲏⲓ ⲛⲉⲙ ϯⲙ⳿ⲉⲧⲉⲩⲥⲉⲃⲏⲥ ⲛⲏ⳿ⲉϯϫⲱ ⳿ⲙⲙⲱⲟⲩ ..
25ပေါလုကလည်း၊ မြတ်တော်မူသောဖေတ္တမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သော စကားကို ပြောပါ၏။
26⳿ϥⲥⲱⲟⲩⲛ ⲅⲁⲣ ⳿ⲛϫⲉ ⲡⲓⲕⲉⲟⲩⲣⲟ ⲉⲑⲃⲉ ⲛⲁⲓ ⲫⲁⲓ ⳿ⲉϯⲟⲩⲟⲛϩ ⳿ⲙⲙⲟⲓ ⳿ⲉⲃⲟⲗ ⲉⲓⲥⲁϫⲓ ⲛⲉⲙⲁϥ ⲡⲁϩⲏⲧ ⲅⲁⲣ ⲑⲏⲧ ϫⲉ ⲟⲩⲟⲛ ⳿ϩⲗⲓ ⳿ⲛⲛⲁⲓ ⲟⲃϣ ⳿ⲉⲣⲟϥ ⲁⲛ ⲛⲉⲧⲁ ⲫⲁⲓ ⲅⲁⲣ ⲁⲛ ϣⲱⲡⲓ ϧⲉⲛ ⲟⲩⲉⲗⲕⲥ ..
26ဤအရာများကိုအဂြိပ္ပမင်းကြီး သိတော်မူ၏။ ထိုမင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤအမူအရာ တစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ်၌ ပြုသောအမှု မဟုတ်ပါ။
27⳿ⲭⲛⲁϩϯ ⳿ⲡⲟⲩⲣⲟ ⲁⲅⲣⲓⲡⲡⲁⲥ ⳿ⲉⲛⲓⲡⲣⲟⲫⲏⲧⲏⲥ ϯⲥⲱⲟⲩⲛ ϫⲉ ⳿ⲭⲛⲁϩϯ ..
27အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။
28ⲁⲅⲣⲓⲡⲡⲁⲥ ⲇⲉ ⲡⲉϫⲁϥ ⳿ⲙⲡⲁⲩⲗⲟⲥ ϫⲉ ⲕⲉⲕⲟⲩϫⲓ ⳿ⲭⲛⲁⲑⲉⲧ ⲡⲁϩⲏⲧ ⳿ⲉⲁⲓⲧ ⳿ⲛ⳿ⲭⲣⲏⲥⲧⲓ⳿ⲁⲛⲟⲥ ..
28အဂြိပ္ပမင်းကလည်း၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟု ပေါလုအား ပြောဆိုလျှင်၊
29ⲡⲁⲩⲗⲟⲥ ⲇⲉ ⲡⲉϫⲁϥ ϫⲉ ϯⲧⲱⲃϩ ⳿ⲙⲪϯ ⲛⲉⲙ ϧⲉⲛ ⲟⲩⲕⲟⲩϫⲓ ⲛⲉⲙ ϧⲉⲛ ⲟⲩⲛⲓϣϯ ⲟⲩ ⲙⲟⲛⲟⲛ ⳿ⲛⲑⲟⲕ ⲁⲗⲗⲁ ⲛⲉⲙ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲧⲥⲱⲧⲉⲙ ⳿ⲉⲣⲟⲓ ⳿ⲙⲫⲟⲟⲩ ⲉⲑⲣⲟⲩϣⲱⲡⲓ ⳿ⲙⲡⲁⲣⲏϯ ⳿ⲙⲡⲓⲣⲏϯ ⳿ⲉϯⲟⲓ ⳿ⲙⲙⲟϥ ϩⲱ ϣⲁⲧⲉⲛ ⲛⲁ⳿ⲥⲛⲁⲩϩ ..
29ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည် သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။
30ⲁϥⲧⲱⲛϥ ⲇⲉ ⳿ⲛϫⲉ ⳿ⲡⲟⲩⲣⲟ ⲛⲉⲙ ⲡⲓϩⲏⲅⲉⲙⲱⲛ ⲛⲉⲙ ⲃⲉⲣⲛⲓⲕⲏⲛⲉⲙ ⲛⲏⲉⲧϩⲉⲙⲥⲓ ⲛⲉⲙⲱⲟⲩ ..
30ထိုအခါမင်းကြီးနှင့်ဗေရနိတ်သည် ထ၍ မြို့ဝန် မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ၊
31ⲟⲩⲟϩ ⳿ⲉⲧⲁⲩⲉⲣⲁⲛⲁⲭⲱⲣⲓⲛ ⲛⲁⲩⲥⲁϫⲓ ⲛⲉⲙ ⳿ⲛⲛⲟⲩ⳿ⲉⲣⲏⲟⲩ ⲉⲩϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⳿ϥⲉⲣ ⳿ϩⲗⲓ ⳿ⲛϩⲱⲃ ⲁⲛ ⳿ⲛϫⲉ ⲡⲁⲓⲣⲱⲙⲓ ⲉϥ⳿ⲙ⳿ⲡϣⲁ ⳿ⲙ⳿ⲫⲙⲟⲩ ⲓⲉ ϩⲁⲛ⳿ⲥⲛⲁⲩϩ ..
31အခြားသို့သွားပြီလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်းခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ၏။
32ⲁⲅⲣⲓⲡⲡⲁⲥ ⲇⲉ ⲡⲉϫⲁϥ ⳿ⲙⲫⲏⲥⲧⲟⲥ ϫⲉ ⲛⲉ ⲟⲩⲟⲛ⳿ϣϫⲟⲙ ⲡⲉ ⳿ⲉⲭⲁ ⲡⲁⲓⲣⲱⲙⲓ ⳿ⲉⲃⲟⲗ ⳿⳿ⲉⲛⲉ ⳿ⲙⲡⲉϥⲉⲣⲉⲡⲓⲕⲁⲗⲓⲥⲑⲉ ⳿ⲙ⳿ⲡⲟⲩⲣⲟ .
32အဂြိပ္ပ မင်းကလည်း၊ ဤသူသည်ကဲသော ဘုရင် ၏ အယူတော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို၏။