1ⲡⲁⲩⲗⲟⲥ ⳿ⲡⲁⲡⲟⲥⲧⲟⲗⲟⲥ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲡⲉⲧⲉϩⲛⲁϥ ⳿ⲙⲫϯ ⲛⲉⲙ ⲧⲓⲙⲟⲑⲉⲟⲥ ⲡⲓⲥⲟⲛ.
1ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည်၊
2⳿ⲛⲛⲓⲁⲅⲓⲟⲥ ⲉⲧϧⲉⲛ ⲕⲟⲗⲁⲥⲥⲁⲓⲥ ⲟⲩⲟϩ ⳿ⲙⲡⲓⲥⲧⲟⲥ ⳿ⲛ⳿ⲥⲛⲏⲟⲩ ⲉⲧϧⲉⲛ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ⳿ⲡ⳿ϩⲙⲟⲧ ⲛⲱⲧⲉⲛ ⲛⲉⲙ ⳿ⲧϩⲓⲣⲏⲛⲏ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲫϯ ⲡⲉⲛⲓⲱⲧ ⲛⲉⲙ ⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅.
2ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
3ⲧⲉⲛϣⲉⲡ⳿ϩⲙⲟⲧ ⳿ⲛⲧⲉⲛ ⲫϯ ⳿ⲫⲓⲱⲧ ⳿ⲙⲡⲉⲛϭ̅ ⲥ̅ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ ⳿ⲉϫⲉⲛ ⲑⲏⲛⲟⲩ ⲉⲛⲧⲱⲃϩ.
3သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊
4⳿ⲉⲁⲛⲥⲱⲧⲉⲙ ⳿ⲉⲡⲉⲧⲉⲛⲛⲁϩϯ ⲉⲧϧⲉⲛ Ⲡ⳪ Ⲓⲏ̅ⲥ̅ ⲛⲉⲙ ϯⲁⲅⲁⲡⲏ ⲉⲧϧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲉⲛⲓⲁⲅⲓⲟⲥ ⲧⲏⲣⲟⲩ.
4သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့ အဘို့ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
5ⲉⲑⲃⲉ ϯϩⲉⲗⲡⲓⲥ ⲉⲧⲭⲏ ϧⲁϫⲱⲧⲉⲛ ϧⲉⲛ ⲛⲓⲫⲏⲟⲩ⳿ⲓ ⲑⲏ ⲉⲧⲁⲣⲉⲧⲉⲛⲉⲣϣⲟⲣⲡ ⳿ⲛⲥⲟⲑⲙⲉⲥ ϧⲉⲛ ⳿ⲡⲥⲁϫⲓ ⳿ⲛⲧⲉ ϯⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ ⲡⲓⲉⲩⲁⲅⲅⲉⲗⲓⲟⲛ.
5ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
6ⲫⲁⲓ ⲉⲧϣⲟⲡ ϧⲉⲛ ⲑⲏⲛⲟⲩ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲟⲛ ⲉⲧⲉϥϣⲟⲡ ϧⲉⲛ ⲡⲓⲕⲟⲥⲙⲟⲥ ⲧⲏⲣϥ ⲉϥϯⲟⲩⲧⲁϩ ⲟⲩⲟϩ ⲉϥⲁⲓⲁⲓ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲟⲛ ϧⲉⲛ ⲑⲏⲛⲟⲩ ⲓⲥϫⲉⲛ ⲡⲓ⳿ⲉϩⲟⲟⲩ ⲉⲧⲁⲣⲉⲧⲉⲛⲥⲱⲧⲉⲙ ⲟⲩⲟϩ ⲉⲧⲁⲣⲉⲧⲉⲛⲥⲟⲩⲉⲛ ⲡⲓ⳿ϩⲙⲟⲧ ⳿ⲛⲧⲉ ⲫϯ ϧⲉⲛ ⲟⲩⲙⲉⲑⲙⲏⲓ.
6ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
7ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧⲁⲣⲉⲧⲉⲛ⳿ⲉⲙⲓ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲉⲡⲁⲫⲣⲁ ⲡⲓⲙⲉⲛⲣⲓⲧ ⳿ⲛ⳿ϣⲫⲏⲣ ⳿ⲙⲃⲱⲕ ⳿ⲛⲧⲁⲛ ⲉⲧⲉ ⲟⲩⲡⲓⲥⲧⲟⲥ ⲡⲉ ⳿ⲛⲇⲓ⳿ⲁⲕⲱⲛ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ ⳿ⲉϫⲉⲛ ⲑⲏⲛⲟⲩ.
7သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။
8ⲫⲁⲓ ⲉⲧⲁϥⲧⲁⲙⲟⲛ ⲉⲧⲉⲧⲉⲛⲁⲅⲁⲡⲏ ϧⲉⲛ ⲡⲓⲡ͞ⲛⲁ̅.
8သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။
9ⲉⲑⲃⲉⲫⲁⲓ ⳿ⲁⲛⲟⲛ ϩⲱⲛ ⲓⲥϫⲉⲛ ⲡⲓ⳿ⲉϩⲟⲟⲩ ⲉⲧⲁⲛⲥⲱⲧⲉⲙ ⳿ⲛⲧⲉⲛⲭⲱ ⳿ⲛⲧⲟⲧⲉⲛ ⳿ⲉⲃⲟⲗ ⲁⲛ ⲉⲛⲧⲱⲃϩ ⳿ⲉϫⲉⲛ ⲑⲏⲛⲟⲩ ⲛⲉⲙ ⲉⲛⲉⲣⲉⲧⲓⲛ ϩⲓⲛⲁ ⳿ⲛⲧⲉⲧⲉⲛⲙⲟϩ ϧⲉⲛ ⳿ⲡⲥⲟⲩⲉⲛ ⲡⲉⲧⲉϩⲛⲁϥ ϧⲉⲛ ⲥⲟⲫⲓⲁ ⲛⲓⲃⲉⲛ ⲛⲉⲙ ⲕⲁϯ ⲛⲓⲃⲉⲛ ⳿ⲙⲡ͞ⲛⲁ̅ⲧⲓⲕⲟⲛ.
9ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက် နေကြ၏။
10ⲉⲣⲉⲧⲉⲛⲙⲟϣⲓ ⲉⲣⲉⲧⲉⲛ⳿ⲙ⳿ⲡϣⲁ ⳿ⲙⲠ⳪ ϧⲉⲛ ⲣⲁⲛⲁϥ ⲛⲓⲃⲉⲛ ϧⲉⲛ ϩⲱⲃ ⲛⲓⲃⲉⲛ ⲉⲑⲛⲁⲛⲉⲩ ⲉⲣⲉⲧⲉⲛⲧⲁⲟⲩ⳿ⲟ ⲟⲩⲧⲁϩ ⳿ⲉⲃⲟⲗ ⲟⲩⲟϩ ⲉⲣⲉⲧⲉⲛⲁⲓⲁⲓ ϧⲉⲛ ⲡⲓ⳿ⲉⲙⲓ ⳿ⲛⲧⲉ ⲫϯ.
10ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဥာဏ်တိုးပွါးခြင်း ရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊
11ⲉⲣⲉⲧⲉⲛϫⲉⲙϫⲟⲙ ϧⲉⲛ ϫⲟⲙ ⲛⲓⲃⲉⲛ ⲕⲁⲧⲁ ⳿ⲡⲁⲙⲁϩⲓ ⳿ⲛⲧⲉ ⲡⲉϥⲱⲟⲩ ϧⲉⲛ ϩⲩⲡⲟⲙⲟⲛⲏ ⲛⲓⲃⲉⲛ ⲛⲉⲙ ⲟⲩⲙⲉⲧⲣⲉϥⲱⲟⲩ ⳿ⲛϩⲏⲧ ϧⲉⲛ ⲟⲩⲣⲁϣⲓ.
11ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
12ⲉⲣⲉⲧⲉⲛϣⲉⲡ⳿ϩⲙⲟⲧ ⳿ⲛⲧⲉⲛ ⳿ⲫⲓⲱⲧ ⲫⲁⲓ ⲉⲧⲁϥ⳿ⲑⲣⲉⲛⲉⲣ⳿ⲡⲉⲙ⳿ⲡϣⲁ ⳿ⲛ⳿ⲓ ⳿ⲉϧⲟⲩⲛ ⳿ⲉϯⲧⲟⲓ ⳿ⲛⲧⲉ ⲡⲓ⳿ⲕⲗⲏⲣⲟⲥ ⳿ⲛⲧⲉ ⲛⲓⲁⲅⲓⲟⲥ ϧⲉⲛ ⳿ⲫⲟⲩⲱⲓⲛⲓ.
12အလင်း၌နေသော သန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။
13ⲫⲁⲓ ⲉⲧⲁϥⲛⲁϩⲙⲉⲛ ⳿ⲉⲃⲟⲗ ϩⲁ ⳿ⲡⲉⲣϣⲓϣⲓ ⳿ⲛⲧⲉ ⳿ⲡⲕⲁⲕⲓ ⲟⲩⲟϩ ⲁϥⲟⲩⲟⲑⲃⲉⲛ ⳿ⲉⲃⲟⲗ ⳿ⲉϧⲟⲩⲛ ⳿ⲉϯⲙⲉⲧⲟⲩⲣⲟ ⳿ⲛⲧⲉ ⳿ⲡϣⲏⲣⲓ ⳿ⲛⲧⲉ ⲧⲉϥⲁⲅⲁⲡⲏ.
13မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။
14ⲫⲁⲓ ⲉⲧⲁⲛϭⲓ ⳿ⲙⲡⲓⲥⲱϯ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ⲡⲓⲭⲱ ⳿ⲉⲃⲟⲗ ⳿ⲛⲧⲉ ⲛⲉⲛⲛⲟⲃⲓ.
14ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။
15ⲉⲧⲉ ⳿ⲧϩⲓⲕⲱⲛ ⳿ⲙⲫϯ ⲡⲉ ⲡⲓⲁⲑⲛⲁⲩ ⳿ⲉⲣⲟϥ ⲡⲓϣⲟⲣⲡ ⳿ⲙⲙⲓⲥⲓ ⳿ⲛⲧⲉ ⲥⲱⲛⲧ ⲛⲓⲃⲉⲛ.
15ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
16ϫⲉ ⳿ⲛ⳿ϩⲣⲏⲓ ⳿ⲛϧⲏⲧϥ ⲁⲩⲥⲱⲛⲧ ⳿ⲛϩⲱⲃ ⲛⲓⲃⲉⲛ ⲛⲏⲉⲧϧⲉⲛ ⲛⲓⲫⲏⲟⲩ⳿ⲓ ⲛⲉⲙ ⲛⲏⲉⲧϩⲓϫⲉⲛ ⳿ⲡⲕⲁϩⲓ ⲛⲏⲉⲧⲟⲩⲛⲁⲩ ⳿ⲉⲣⲱⲟⲩ ⲛⲉⲙ ⲛⲏⲉⲧⲉ⳿ⲛⲥⲉⲛⲁⲩ ⳿ⲉⲣⲱⲟⲩ ⲁⲛ ⳿ⲓⲧⲉ ⲛⲓ⳿ⲑⲣⲟⲛⲟⲥ ⳿ⲓⲧⲉ ⲛⲓⲙⲉⲧϭ̅ ⲥ̅ ⳿ⲓⲧⲉ ⲛⲓⲁⲣⲭⲏ ⳿ⲓⲧⲉ ⲛⲓⲉⲝⲟⲩⲥⲓⲁ ϩⲱⲃ ⲛⲓⲃⲉⲛ ⲁⲩϣⲱⲡⲓ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ⲟⲩⲟϩ ⲁⲩⲥⲟⲛⲧⲟⲩ ⳿ⲉⲣⲟϥ.
16အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
17ⲟⲩⲟϩ ⳿ⲛⲑⲟϥ ⲉⲧϣⲟⲡ ϧⲁϫⲱϥ ⳿ⲛⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲟⲩⲟϩ ϩⲱⲃ ⲛⲓⲃⲉⲛ ⲁⲩⲟϩⲓ ⳿ⲉⲣⲁⲧⲟⲩ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧϥ.
17သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
18ⲟⲩⲟϩ ⳿ⲛⲑⲟϥ ⲡⲉ ⳿ⲧⲁⲫⲉ ⳿ⲙⲡⲓⲥⲱⲙⲁ ⳿ⲛⲧⲉ ϯⲉⲕ⳿ⲕⲗⲏⲥⲓⲁ ⲉⲧⲉ ⳿ⲛⲑⲟϥ ⲡⲉ ϯⲁⲣⲭⲏ ⳿ⲛϣⲟⲣⲡ ⳿ⲙⲙⲓⲥⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲏⲉⲑⲙⲱⲟⲩⲧ ϩⲓⲛⲁ ⳿ⲛⲧⲉϥϣⲱⲡⲓ ⲉϥⲟⲓ ⳿ⲛϣⲟⲣⲡ ϧⲉⲛ ϩⲱⲃ ⲛⲓⲃⲉⲛ.
18အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။
19ϫⲉ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧϥ ⲁϥϯⲙⲁϯ ⳿ⲛϫⲉ ⲡⲓⲙⲟϩ ⲧⲏⲣϥ ⳿ⲉϣⲱⲡⲓ ⳿ⲛϧⲏⲧϥ.
19အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊
20ⲟⲩⲟϩ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ⳿ⲉϩⲱⲧⲡ ⳿ⲛϩⲱⲃ ⲛⲓⲃⲉⲛ ⳿ⲉⲣⲟϥ ⳿ⲉⲁϥⲁⲓⲧⲟⲩ ⳿ⲛϩⲓⲣⲏⲛⲏ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲡⲓ⳿ⲥⲛⲟϥ ⳿ⲛⲧⲉ ⲡⲉϥ ̇⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ⳿ⲓⲧⲉ ⲛⲏⲉⲧϩⲓϫⲉⲛ ⳿ⲡⲕⲁϩⲓ ⳿ⲓⲧⲉ ⲛⲏⲉⲧⲉ ⳿ⲛ⳿ϩⲣⲏⲓ ϧⲉⲛ ⲛⲓⲫⲏⲟⲩ⳿ⲓ.
20လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ၎င်း အလိုရှိတော်မူ၏။
21ⲟⲩⲟϩ ⳿ⲛⲑⲱⲧⲉⲛ ϩⲱⲧⲉⲛ ⳿ⲛⲟⲩⲥⲏⲟⲩ ⲛⲁⲣⲉⲧⲉⲛⲟⲓ ⳿ⲛϣⲉⲙⲙⲟ ⲟⲩⲟϩ ⳿ⲛϫⲁϫⲓ ϧⲉⲛ ⲛⲉⲧⲉⲛⲙⲉⲩⲓ ϧⲉⲛ ⲛⲓ⳿ϩⲃⲏⲟⲩⲓ ⲉⲧϩⲱⲟⲩ.
21အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခုမိဿဟာယဖွဲ့စေတော်မူ၏။
22ϯⲛⲟⲩ ⲇⲉ ⲁϥϩⲉⲧⲡ ⲑⲏⲛⲟⲩ ϧⲉⲛ ⳿ⲡⲥⲱⲙⲁ ⳿ⲛⲧⲉ ⲧⲉϥⲥⲁⲣⲝ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲡⲉϥⲙⲟⲩ ⳿ⲉⲧⲁϩⲉ ⲑⲏⲛⲟⲩ ⳿ⲉⲣⲁⲧⲉⲛ ⲑⲏⲛⲟⲩ ⲟⲩⲁⲃ ⲟⲩⲟϩ ⲉⲣⲉⲧⲉⲛⲟⲓ ⳿ⲛⲁⲧⲁϭⲛⲓ ⲟⲩⲟϩ ⳿ⲛⲁⲧⲁⲣⲓⲕⲓ ⳿ⲙⲡⲉϥ⳿ⲙⲑⲟ.
22အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊
23ⲓⲥϫⲉ ⲧⲉⲧⲉⲛϣⲟⲡ ⳿ⲙⲡⲓⲛⲁϩϯ ⲉⲣⲉⲧⲉⲛⲧⲁϫⲣⲏ ⲟⲩⲧ ⳿ⲛⲥⲉⲛϯ ⲟⲩⲟϩ ⲉⲣⲉⲧⲉⲛϫⲟⲣ ⲟⲩⲟϩ ⲉⲣⲉⲧⲉⲛⲟⲓ ⳿ⲛⲁⲧⲕⲓⲙ ⳿ⲉⲣⲱⲧⲉⲛ ⳿ⲉⲃⲟⲗ ϩⲁ ϯ ϩⲉⲗⲡⲓⲥ ⳿ⲛⲧⲉ ⲡⲓⲉⲩⲁⲅⲅⲉⲗⲓⲟⲛ ⲫⲁⲓ ⲉⲧⲁⲣⲉⲧⲉⲛⲥⲟⲑⲙⲉϥ ⲫⲁⲓ ⲉⲧⲁⲩϩⲓⲱⲓϣ ⳿ⲙⲙⲟϥ ϧⲉⲛ ⲡⲓⲥⲱⲛⲧ ⲧⲏⲣϥ ⲉⲧⲥⲁⲡⲉⲥⲏⲧ ⳿ⲛ⳿ⲧⲫⲉ ⲫⲁⲓ ⲉⲧⲁⲓϣⲱⲡⲓ ⲛⲁϥ ⳿ⲁⲛⲟⲕ ⲡⲁⲩⲗⲟⲥ ⳿ⲛⲇⲓ⳿ⲁⲕⲱⲛ.
23တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။
24ϯⲛⲟⲩ ⲇⲉ ϯⲣⲁϣⲓ ϧⲉⲛ ⲛⲓ⳿ⲙⲕⲁⲩϩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲑⲏⲛⲟⲩ ⲟⲩⲟϩ ϯϫⲱⲕ ⳿ⲛⲛⲓϭⲣⲟϩ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲛⲓϩⲟϫϩⲉϫ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ ϧⲉⲛ ⲧⲁⲥⲁⲣⲝ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲡⲉϥⲥⲱⲙⲁ ⲉⲧⲉ ϯⲉⲕ⳿ⲕⲗⲏ ⲥⲓⲁ ⲧⲉ.
24ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခု ဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။
25ⲑⲁⲓ ⳿ⲁⲛⲟⲕ ⲉⲧⲁⲓϣⲱⲡⲓ ⲛⲁⲥ ⳿ⲛⲇⲓ⳿ⲁⲕⲱⲛ ⲕⲁⲧⲁ ϯⲟⲓⲕⲟⲛⲟⲙⲓⲁ ⳿ⲛⲧⲉ ⲫϯ ⲉⲧⲧⲟⲓ ⲛⲏⲓ ⳿ⲉⲣⲱⲧⲉⲛ ⳿ⲉϫⲱⲕ ⳿ⲙⲡⲓⲥⲁϫⲓ ⳿ⲛⲧⲉ ⲫϯ ⳿ⲉⲃⲟⲗ.
25ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊
26ⲡⲓⲙⲩⲥⲧⲏⲣⲓⲟⲛ ⲉⲧϩⲏⲡ ⲓⲥϫⲉⲛ ⳿ⲡⲉⲛⲉϩ ⲛⲉⲙ ⲛⲓⲅⲉⲛⲉ⳿ⲁ ϯⲛⲟⲩ ⲇⲉ ⲁϥⲟⲩⲟⲛϩ ⳿ⲉⲃⲟⲗ ⳿ⲛⲛⲓⲁⲅⲓⲟⲥ ⳿ⲛⲧⲁϥ.
26သင်တို့အကျိုးကို ထောက်၍၊ ငါအား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော်နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏ အဖြစ်သို့ရောက်ရပြီ။
27ⲛⲏⲉⲧⲁ ⲫϯ ⲟⲩⲱϣ ⳿ⲉⲧⲁⲙⲱⲟⲩ ϫⲉ ⲁϣ ⲧⲉ ϯⲙⲉⲧⲣⲁⲙⲁ⳿ⲟ ⳿ⲛⲧⲉ ⳿ⲡⲱⲟⲩ ⳿ⲛⲧⲉ ⲡⲁⲓⲙⲩⲥⲧⲏⲣⲓⲟⲛ ϧⲉⲛ ⲛⲓⲉⲑⲛⲟⲥ ⲉⲧⲉ Ⲡⲭ̅ⲥ̅ ⲡⲉ ϧⲉⲛ ⲑⲏⲛⲟⲩ ϯϩⲉⲗⲡⲓⲥ ⳿ⲛⲧⲉ ⳿ⲡⲱⲟⲩ.
27တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
28ⲫⲁⲓ ⳿ⲁⲛⲟⲛ ⲉⲧⲉⲛϩⲓⲱⲓϣ ⳿ⲙⲙⲟϥ ⲉⲛ⳿ⲧⲥⲁⲃⲟ ⳿ⲛⲣⲱⲙⲓ ⲛⲓⲃⲉⲛ ⲟⲩⲟϩ ⲉⲛϯ⳿ⲥⲃⲱ ⳿ⲛⲣⲱⲙⲓ ⲛⲓⲃⲉⲛ ϧⲉⲛ ⲥⲟⲫⲓⲁ ⲛⲓⲃⲉⲛ ϩⲓⲛⲁ ⳿ⲛⲧⲉⲛⲧⲁϩⲉ ⲣⲱⲙⲓ ⲛⲓⲃⲉⲛ ⳿ⲉⲣⲁⲧⲟⲩ ⲉⲩϫⲏⲕ ⳿ⲉⲃⲟⲗ ϧⲉⲛ Ⲡⲭ̅ⲥ̅.
28ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။
29ⲫⲁⲓ ⳿ⲉϯϭⲓϧⲓⲥⲓ ⳿ⲛϧⲏⲧϥ ⲉⲓⲉⲣⲁⲅⲱⲛⲓⲍⲉⲥⲑⲉ ⲕⲁⲧⲁ ⲡⲉϥⲉⲣϩⲱⲃ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧ ϧⲉⲛ ⲟⲩϫⲟⲙ
29ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။