1ⲉⲑⲃⲉⲫⲁⲓ ⲅⲁⲣ ⳿ⲁⲛⲟⲛ ϩⲱⲛ ⳿ⲉⲟⲩⲟⲛ ⲟⲩ ϭⲏⲡⲓ ⳿ⲛⲧⲁⲓⲙⲁⲓⲏ ⲭⲏ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ ⳿ⲛⲧⲉ ϩⲁⲛⲙⲁⲣⲧⲩⲣⲟⲥ ⳿ⲉⲁⲛⲭⲱ ⳿ⲛⲥⲱⲛ ⳿ⲙⲙⲉⲧϭⲁⲥⲓϩⲏⲧ ⲛⲓⲃⲉⲛ ⲛⲉⲙ ⳿ⲫⲛⲟⲃⲓ ⲉⲧⲟϩⲓ ⳿ⲉⲣⲁⲧϥ ⳿ⲉⲣⲟⲛ ⲉⲙⲁϣⲱ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲟⲩϩⲩⲡⲟⲙⲟⲛⲏ ⲙⲁⲣⲉⲛϭⲟϫⲓ ϧⲉⲛ ⲡⲓⲁⲅⲱⲛ ⲉⲧⲭⲏ ⲛⲁⲛ ⳿ⲉ⳿ϧⲣⲏⲓ.
1ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။
2ⲉⲛϫⲟⲩϣⲧ ⳿ⲉ⳿ⲡⲁⲣⲭⲏⲅⲟⲥ ⳿ⲛⲧⲉ ⳿ⲫⲛⲁϩϯ ⲛⲉⲙ ⲡⲓⲣⲉϥϫⲱⲕ Ⲓⲏ̅ⲥ̅ ⲫⲁⲓ ⲉⲧⲉ ⳿ⲛ⳿ⲧϣⲉⲃⲓⲱ ⳿ⲙⲡⲓⲣⲁϣⲓ ⲉⲧⲭⲏ ϧⲁϫⲱϥ ⲁϥ⳿ⲁⲙⲟⲛⲓ ⳿ⲛⲧⲟⲧϥ ⳿ⲉⲟⲩ ̇ⲁϥⲉⲣⲕⲁⲧⲁ⳿ⲫⲣⲟⲛⲓⲛ ⳿ⲙ⳿ⲡϣⲓⲡⲓ ⲁϥϩⲉⲙⲥⲓ ⲥⲁⲟⲩ⳿ⲓⲛⲁⲙ ⳿ⲙⲡⲓ⳿ⲑⲣⲟⲛⲟⲥ ⳿ⲛⲧⲉ ⲫϯ.
2ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။
3ⲙⲉⲕⲙⲉⲕ ⲑⲏⲛⲟⲩ ⲅⲁⲣ ⳿ⲉⲧⲁⲓⲙⲉⲧⲣⲉϥ⳿ⲁⲙⲟⲛⲓ ⳿ⲛⲧⲟⲧϥ ⳿ⲛⲧⲉ ⲫⲁⲓ ⳿ⲙⲡⲁⲓⲣⲏϯ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧⲟⲩ ⳿ⲛⲛⲓⲣⲉϥⲉⲣⲛⲟⲃⲓ ⲉⲩⲁⲛⲧⲓⲗⲟⲅⲓⲁ ⳿ⲉⲣⲱⲟⲩ ⳿ⲙⲙⲓⲛ ⳿ⲙⲙⲱⲟⲩ ϩⲓⲛⲁ ⳿ⲛⲧⲉⲧⲉⲛ⳿ϣⲧⲉⲙϭⲓϧⲓⲥⲓ ⲉⲣⲉⲧⲉⲛⲃⲏⲗ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲉⲧⲉⲛⲯⲩⲭⲏ.
3အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။
4⳿ⲙⲡⲁⲧⲉⲧⲉⲛⲟϩⲓ ⳿ⲉⲣⲁⲧⲉⲛ ⲑⲏⲛⲟⲩ ⲉⲣⲉⲧⲉⲛϯ ⲟⲩⲃⲉ ⳿ⲫⲛⲟⲃⲓ ϣⲁ ⳿ⲉ⳿ϧⲣⲏⲓ ⳿ⲉ⳿ⲡ⳿ⲥⲛⲟϥ.
4သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြ သေး။
5ⲟⲩⲟϩ ⲁⲣⲉⲧⲉⲛⲉⲣ⳿ⲡⲱⲃϣ ⳿ⲙⲡⲓⲑⲱⲧ ⳿ⲛϩⲏⲧ ⲫⲁⲓ ⲉⲧⲁϥⲥⲁϫⲓ ⲛⲉⲙⲱⲧⲉⲛ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛϩⲁⲛϣⲏⲣⲓ ⲡⲁϣⲏⲣⲓ ⳿ⲙⲡⲉⲣⲉⲣⲕⲟⲩϫⲓ ⳿ⲛϩⲏⲧ ϧⲉⲛ ϯ⳿ⲥⲃⲱ ⳿ⲛⲧⲉ Ⲡ⳪ ⲟⲩⲇⲉ ⳿ⲙⲡⲉⲣⲃⲱⲗ ⳿ⲉⲃⲟⲗ ⲉϥⲥⲟϩⲓ ⳿ⲙⲙⲟⲕ.
5ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက်နှင့်။
6ⲫⲏ ⲅⲁⲣ ⲉⲧⲉ Ⲡ⳪ ⲙⲉⲓ ⳿ⲙⲙⲟϥ ϣⲁϥ ϯ⳿ⲥⲃⲱ ⲛⲁϥ ϣⲁϥⲉⲣⲙⲁⲥⲧⲓⲅⲅⲟⲓⲛ ⲇⲉ ⳿ⲛϣⲏⲣⲓ ⲛⲓⲃⲉⲛ ⲉⲧⲉϥⲛⲁϣⲟⲡⲟⲩ ⳿ⲉⲣⲟϥ.
6ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြ သလော။
7ⲁⲣⲓϩⲩⲡⲟⲙⲉⲛⲓⲛ ⳿ⲛ⳿ⲥⲃⲱ ⲁϥⲥⲁϫⲓ ⲛⲉⲙⲱⲧⲉⲛ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛϩⲁⲛϣⲏⲣⲓ ⳿ⲛϫⲉ ⲫϯ ⲛⲓⲙ ⲅⲁⲣ ⳿ⲛϣⲏⲣⲓ ⲉⲧⲉ ⳿ⲙⲡⲁⲣⲉ ⲡⲉϥⲓⲱⲧ ϯ⳿ⲥⲃⲱ ⲛⲁϥ.
7သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည်သင်တို့ကို ပြုတော် မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။
8ⲓⲥϫⲉ ⲧⲉⲧⲉⲛⲭⲏ ⲥⲁⲃⲟⲗ ⳿ⲛϯ⳿ⲥⲃⲱ ⲑⲏ ⲉⲧⲁⲩⲉⲣ⳿ϣⲫⲏⲣ ⳿ⲉⲣⲟⲥ ⲧⲏⲣⲟⲩ ϩⲁⲣⲁ ⳿ⲛⲑⲱⲧⲉⲛ ϩⲁⲛϣⲏⲣⲓ ⳿ⲛⲛⲟⲩϫ ⲟⲩⲟϩ ⳿ⲛⲑⲱⲧⲉⲛ ϩⲁⲛϣⲏⲣⲓ ⲁⲛ.
8သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ၏။
9ⲓⲥϫⲉ ⲛⲉⲛⲓⲟϯ ⲙⲉⲛ ⳿ⲛⲧⲉ ⳿ⲧⲥⲁⲣⲝ ⲛⲁⲩ⳿ⲛⲧⲁⲛ ⳿ⲙⲙⲁⲩ ⳿ⲛⲣⲉϥϯ⳿ⲥⲃⲱ ⲟⲩⲟϩ ⲛⲁⲛ⳿ϣⲫⲓⲧ ϧⲁⲧⲟⲩϩⲏ ⲓⲉ ⳿ⲛϩⲟⲩ⳿ⲟ ⲁⲛ ϫⲉ ⳿ⲛⲧⲉⲛϭⲛⲉϫⲱⲛ ⳿ⲙ⳿ⲫⲓⲱⲧ ⳿ⲛⲧⲉ ⲛⲓⲡ͞ⲛⲁ̅ ⲟⲩⲟϩ ⳿ⲛⲧⲉⲛⲱⲛϧ.
9တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။
10ⲛⲏ ⲙⲉⲛ ⲅⲁⲣ ⳿ⲡⲣⲟⲥ ⲟⲩⲕⲟⲩϫⲓ ⳿ⲛ⳿ⲉϩⲟⲟⲩ ⲛⲁⲩϯ⳿ⲥⲃⲱ ⲛⲁⲛ ⲕⲁⲧⲁ ⲡⲉⲧⲉϩⲛⲱⲟⲩ ⲫⲁⲓ ⲇⲉ ⳿ⲛⲑⲟϥ ⲡⲉⲧⲉⲣⲛⲟϥⲣⲓ ⲛⲁⲛ ⳿ⲛϩⲟⲩ⳿ⲟ ϫⲉ ⳿ⲛⲧⲉⲛϭⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲧⲉϥⲙⲉⲧⲧⲟⲩⲃⲟ.
10အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။
11⳿ⲥⲃⲱ ⲇⲉ ⲛⲓⲃⲉⲛ ⳿ⲡⲣⲟⲥ ϯⲟⲩⲛⲟⲩ ⲙⲉⲛ ⳿ⲙⲡⲁⲕϫⲉⲙⲟⲩ ⲉⲛⲁⲟⲩⲣⲁϣⲓ ⲛⲉ ⲁⲗⲗⲁ ⳿ⲛⲧⲉ ⲟⲩ⳿ⲙⲕⲁϩ ⳿ⲛϩⲏⲧ ⳿ⲉ⳿ⲡϧⲁ⳿ⲉ ⲇⲉ ⲟⲩⲟⲩⲧⲁϩ ⳿ⲛϩⲓⲣⲏ ⲛⲓⲕⲟⲛ ⳿ⲛⲧⲉ ϯⲙⲉⲑⲙⲏⲓ ϣⲁⲥⲧⲏⲓϥ ⳿ⲛⲛⲏⲉⲧⲁⲩⲉⲣⲅⲩⲙⲛⲁⲍⲓⲛ ⳿ⲙⲙⲱⲟⲩ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧⲥ.
11ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော် လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။
12ⲉⲑⲃⲉⲫⲁⲓ ⲛⲓϫⲓϫ ⲉⲧⲭⲏ ⲛⲉⲙ ⲛⲓⲫⲁⲧ ⲉⲧⲃⲏⲗ ⳿ⲉⲃⲟⲗ ⲙⲁⲧⲁϩⲱⲟⲩ ⳿ⲉⲣⲁⲧⲟⲩ.
12ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။
13ⲁⲣⲓⲟⲩ⳿ⲓ ⳿ⲛϩⲁⲛϫⲓⲛϭⲟϫⲓ ⲉⲩⲥⲟⲩⲧⲱⲛ ⳿ⲛⲛⲉⲧⲉⲛϭ ⲁⲗⲁⲩϫ ϩⲓⲛⲁ ⳿ⲛⲧⲉ⳿ϣⲧⲉⲙ ϯⲙⲉⲧϭⲁⲗⲉ ⲣⲓⲕⲓ ⲙⲁⲗⲗⲟⲛ ⲇⲉ ⳿ⲛⲧⲉⲥⲗⲟϫⲥ.
13ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။
14ϭⲟϫⲓ ⳿ⲛⲥⲁ ϯϩⲓⲣⲏⲛⲏ ⲛⲉⲙ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲛⲉⲙ ⲡⲓⲧⲟⲩⲃⲟ ⲫⲏⲉⲧⲉ ⲁⲧϭⲛⲟⲩϥ ⳿ⲙⲙⲟⲛ ⳿ϩⲗⲓ ⲛⲁⲛⲁⲩ ⳿ⲙⲠ⳪.
14လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအော် လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။
15ⲉⲣⲉⲧⲉⲛⲥⲟⲙⲥ ⳿ⲉⲃⲟⲗ ⲙⲏⲡⲱⲥ ⲟⲩⲟⲛ ⲟⲩⲁⲓ ⲉϥϣⲁⲧ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓ⳿ϩⲙⲟⲧ ⲙⲏⲡⲱⲥ ⲟⲩⲟⲛ ⲟⲩⲛⲟⲩⲛⲓ ⳿ⲛϣⲁϣⲓ ⲉⲥⲣⲏⲧ ⳿ⲉ⳿ⲡϣⲱⲓ ⲉⲥϯ ⳿ⲙⲕⲁϩ ⲟⲩⲟϩ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧⲥ ⳿ⲛⲧⲉ ⲟⲩⲙⲏϣ ϭⲱϧⲉⲙ.
15သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါ၎င်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့နှောင့်ရှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့်မညစ်ညူးစေခြင်းငှါ၎င်း၊
16ⲙⲏⲡⲱⲥ ⲁⲛ ⲟⲩⲟⲛ ⲟⲩⲡⲟⲣⲛⲟⲥ ⲓⲉ ⲟⲩⲥⲁϥϩⲏⲧ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲏⲥⲁⲩ ⲫⲏⲉⲧⲁϥϯ ⳿ⲛⲧⲉϥⲙⲉⲧϣⲁⲙⲓⲥⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲟⲩ⳿ϧⲣⲉ ⳿ⲛⲟⲩⲱⲧ.
16မတရားသော မေထုန်မှီဝဲသောသူ မရှိစေခြင်းငှါ၎င်း၊ တနပ်စာ အဘိုးနှင့်သားဥိးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုမသေပြုသောသူ မရှိစေခြင်းငှါ၎င်း၊ သတိနှင့်ကြည့်ရှုကြလော့။
17ⲧⲉⲧⲉⲛⲥⲱⲟⲩⲛ ϫⲉ ⲙⲉⲛⲉⲛⲥⲱⲥ ⲉϥⲟⲩⲱϣ ⳿ⲉⲉⲣ⳿ⲕⲗⲏⲣⲟⲛⲟⲙⲓⲛ ⳿ⲙⲡⲓ⳿ⲥⲙⲟⲩ ⲁⲩϩⲓⲧϥ ⳿ⲉⲃⲟⲗ ⳿ⲙⲡⲉϥϫⲉⲙ ⲙⲁ ⲅⲁⲣ ⳿ⲛⲉⲣⲙⲉⲧⲁⲛⲟⲓⲛ ⲕⲉⲧⲟⲓ ⲛⲉⲁϥⲕⲱϯ ⳿ⲛⲥⲱⲥ ϧⲉⲛ ϩⲁⲛⲉⲣⲙⲱⲟⲩ⳿ⲓ.
17သင်တို့သိသည်အတိုင်း၊ ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါအလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်း အခွင့်ကိုမတွေ့မရ။
18⳿ⲙⲡⲉⲧⲉⲛ⳿ⲓ ⲅⲁⲣ ϩⲁ ⲟⲩ⳿ⲭⲣⲱⲙ ⳿ⲛϫⲟⲙϫⲉⲙ ⲟⲩⲟϩ ⲉϥⲙⲟϩ ⲛⲉⲙ ⲟⲩ⳿ⲅⲛⲟⲫⲟⲥ ⲛⲉⲙ ⲟⲩⲭⲁⲕⲓ ⲉϥⲫⲟⲛϩ ⲛⲉⲙ ⲟⲩⲥⲁⲣⲁⲑⲏⲟⲩ.
18ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သောမီးသို့၎င်း၊ မည်းသော တိမ်တိုက်၊ မှောင်မိုက်၊ မိုဃ်းသက် မုန်တိုင်းသို့၎င်း၊
19ⲛⲉⲙ ⳿ⲡⲥⲉⲛⲥⲉⲛ ⳿ⲛⲧⲉ ⲟⲩⲥⲁⲗⲡⲓⲅⲅⲟⲥ ⲛⲉⲙ ⳿ⲧ⳿ⲥⲙⲏ ⳿ⲛⲧⲉ ϩⲁⲛⲥⲁϫⲓ ⲑⲏ ⲉⲧⲁ ⲛⲏⲉⲧⲥⲱⲧⲉⲙ ⳿ⲉⲣⲟⲥ ⲉⲣⲡⲁⲣⲁⲧⲓⲥⲑⲉ ⳿ⲉ⳿ϣⲧⲉⲙⲟⲩⲁϩⲉⲙ ⲥⲁϫⲓ ⲛⲉⲙⲱⲟⲩ.
19တံပိုးမှုတ်ခြင်းအသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်းတောင်းပန်ကြ၏။
20ⲛⲁⲩ⳿ϣϥⲁⲓ ⲅⲁⲣ ⲁⲛ ⲡⲉ ϧⲁ ⲡⲉⲧⲉⲛⲁⲩϫⲱ ⳿ⲙⲙⲟϥ ⲕⲁⲛ ⲟⲩⲑⲏⲣⲓⲟⲛ ⲁϥϣⲁⲛϭⲓ ⲛⲉⲙ ⲡⲓⲧⲱⲟⲩ ⲉⲩ⳿ⲉϩⲓⲱⲛⲓ ⳿ⲉϫⲱϥ.
20အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင်၊ ကျောက်ခဲနှင့်ပစ်၍ သေစေဟုပညတ်တော်မူသံကို လူတို့သည်နားမခံနိုင်ကြ။
21ⲟⲩⲟϩ ⲡⲁⲓⲣⲏϯ ⲛⲁϥⲟⲓ ⳿ⲛϩⲟϯ ⳿ⲛϫⲉ ⲡⲉⲑⲟⲩⲟⲛϩ ⳿ⲉⲃⲟⲗ ⲙⲱ⳿ⲩⲥⲏⲥ ⲅⲁⲣ ⲁϥϫⲟⲥ ϫⲉ ϯⲟⲓ ⳿ⲛϩⲟϯ ⲟⲩⲟϩ ϯ⳿ⲥⲑⲉⲣⲉⲧⲉⲣ.
21ထိုသို့ ထင်ရှားကြသောအရာသည် အလွန်ကြောက်မက်ဘွယ်ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့ တုန်လှုပ်ခြင်းရှိသည်ဟုဆို၏။
22ⲁⲗⲗⲁ ⲁⲣⲉⲧⲉⲛ⳿ⲓ ϩⲁ ⲡⲓⲧⲱⲟⲩ ⳿ⲛⲧⲉ ⲥⲓⲱⲛ ⲛⲉⲙ ϯⲃⲁⲕⲓ ⳿ⲛⲧⲉ ⲫϯ ⲉⲧⲟⲛϧ ⳿ⲓⲗ̅ⲏ̅ⲙ̅ ⳿ⲛⲧⲉ ⳿ⲧⲫⲉ ⲛⲉⲙ ϩⲁⲛ⳿ⲑⲃⲁ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲉⲩⲉⲣϣⲁⲓ.
22သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊
23ⲛⲉⲙ ⲟⲩⲉⲕ⳿ⲕⲗⲏⲥⲓⲁ ⳿ⲛⲧⲉ ϩⲁⲛϣⲁⲙⲓⲥⲓ ⲉⲥ⳿ⲥϧⲏⲟⲩⲧ ϧⲉⲛ ⲛⲓⲫⲏⲟⲩ⳿ⲓ ⲛⲉⲙ ⲡⲓⲣⲉϥϯϩⲁⲡ ⲫϯ ⳿ⲛⲧⲉ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲛⲉⲙ ⲡⲓⲡ͞ⲛⲁ̅ ⳿ⲛⲧⲉ ⲛⲓ⳿ⲑⲙⲏⲓ ⲉⲧϫⲏⲕ ⳿ⲉⲃⲟⲗ.
23ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊
24ⲛⲉⲙ Ⲓⲏ̅ⲥ̅ ⲡⲓⲙⲉⲥⲓⲧⲏⲥ ⳿ⲛⲧⲉ ϯⲇⲓ⳿ⲁⲑⲏⲕⲏ ⳿ⲙⲃⲉⲣⲓ ⲛⲉⲙ ⲟⲩ⳿ⲥⲛⲟϥ ⳿ⲛⲧⲉ ⲟⲩⲛⲟⲩϫϧ ⲉϥⲥⲁϫⲓ ⳿ⲉϩⲟⲧⲉ ⲫⲁ ⲁⲃⲉⲗ.
24ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏ အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။
25⳿ⲁⲛⲁⲩ ⳿ⲙⲡⲉⲣⲉⲣⲡⲁⲣⲁⲧⲓⲥⲑⲉ ⳿ⲙⲡⲉⲧⲥⲁϫⲓ ⲓⲥϫⲉ ⲅⲁⲣ ⲛⲏ ⳿ⲙⲡⲟⲩ⳿ϣⲫⲱⲧ ϩⲓϫⲉⲛ ⲡⲓⲕⲁϩⲓ ⲉⲧⲁⲩⲉⲣⲡⲁⲣⲁⲧⲓⲥⲑⲉ ⳿ⲙⲡⲉⲧⲥⲁϫⲓ ⳿ⲛϩⲟⲩ⳿ⲟ ⲙⲁⲗⲗⲟⲛ ⳿ⲁⲛⲟⲛ ϧⲁ ⲛⲏⲉⲑⲛⲁⲕⲉⲧ ⳿ϩⲣⲁⲩ ⲥⲁⲃⲟⲗ ⳿ⲙⲫⲏⲉⲧⲁϥ⳿ⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲓⲫⲏⲟⲩ⳿ⲓ.
25သင်တို့သည် မိန့်တော်မူသော သူ၏စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ် ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသော သူ၏စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။
26ⲫⲏⲉⲧⲁ ⲧⲉϥ⳿ⲥⲙⲏ ⲕⲓⲙ ⳿ⲙⲡⲓⲕⲁϩⲓ ⳿ⲙⲡⲓⲥⲏ ⲟⲩ ϯⲛⲟⲩ ⲇⲉ ⲁϥⲱϣ ⲉϥϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲉⲧⲓ ⲕⲉⲥⲟⲡ ⳿ⲁⲛⲟⲕ ϯⲛⲁⲙⲟⲛⲙⲉⲛ ⲟⲩ ⲙⲟⲛⲟⲛ ⳿ⲉ⳿ⲡⲕⲁϩⲓ ⲁⲗⲗⲁ ⲛⲉⲙ ϯⲕⲉⲫⲉ.
26အထက်ကဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။
27ⲡⲓⲉⲧⲓ ⲇⲉ ⳿ⲛⲕⲉⲥⲟⲡ ⲉϥⲧⲁⲙⲟ ⳿ⲙⲙⲟⲛ ⲉⲩⲟⲩⲱⲧⲉⲃ ⳿ⲉⲃⲟⲗ ⳿ⲛⲧⲉ ⲛⲏⲉⲧⲟⲩⲕⲓⲙ ⳿ⲉⲣⲱⲟⲩ ϩⲱⲥ ⲉⲩ⳿ⲑⲙⲁⲓⲏⲟⲩⲧ ϩⲓⲛⲁ ⳿ⲛⲧⲟⲩϣⲱⲡⲓ ⲉⲩ⳿ⲥⲙⲟⲛⲧ ⳿ⲛϫⲉ ⲛⲏⲉⲧⲉ⳿ⲛⲥⲉⲕⲓⲙ ⲁⲛ.
27တဖန်ဟူသောစကား၏အဓိပ္ပါယ်ကား၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။
28ⲉⲑⲃⲉⲫⲁⲓ ⲉⲛⲛⲁϭⲓ ⳿ⲛⲟⲩⲙⲉⲧⲟⲩⲣⲟ ⳿ⲛⲁⲧⲕⲓⲙ ⲙⲁⲣⲉⲛϣⲱⲡⲓ ⳿ⲉⲟⲩⲟⲛ ⳿ϩⲙⲟⲧ ⳿ⲛⲧⲟⲧⲉⲛ ⲫⲁⲓ ⲉⲧⲉⲛⲛⲁϣⲉⲙϣⲓ ⳿ⲙⲫϯ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ⲉⲛⲣⲁⲛⲁϥ ϧⲉⲛ ⲟⲩϩⲟϯ ⲛⲉⲙ ⲟⲩ⳿ⲥⲑⲉⲣⲧⲉⲣ.
28ထိုကြောင့်၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။
29ⲕⲉ ⲅⲁⲣ ⲡⲉⲛⲛⲟⲩϯ ⲟⲩ⳿ⲭⲣⲱⲙ ⲉϥⲟⲩⲱⲙ ⲡⲉ
29ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။