1ⲟⲩⲟϩ ⲁⲓⲥⲱⲧⲉⲙ ⳿ⲉⲟⲩⲛⲓϣϯ ⳿ⲛ⳿ⲥⲙⲏ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲧⲫⲉ ⲉⲥϫⲱ ⳿ⲙⲙⲟⲥ ⳿ⲛⲛⲓⲁⲅⲅⲉⲗⲟⲥ ϫⲉ ⲙⲁϣⲉ ⲛⲱⲧⲉⲛ ϫⲉϣ ⲛⲉⲧⲉⲛⲫⲩⲁⲗⲏ ⳿ⲉⲡⲉⲥⲏⲧ ⳿ⲛⲧⲉ ⳿ⲡⲉⲙⲃⲟⲛ ⳿ⲙⲫϯ.
1ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော် ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။
2ⲟⲩⲟϩ ⲁϥϣⲉ ⲛⲁϥ ⳿ⲛϫⲉ ⲡⲓϩⲟⲩⲓⲧ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲁϥϫⲉϣ ⲧⲉϥⲫⲩⲁⲗⲏ ⳿ⲉϫⲉⲛ ⲡⲓⲕⲁϩⲓ ⲟⲩⲟϩ ⲁ ⲟⲩϣⲁϣⲓ ⲉϥϩⲱⲟⲩ ϣⲱⲡⲓ ϧⲉⲛ ⲛⲓⲣⲱⲙⲓ ⲛⲏⲉⲧⲧⲟⲃ ⳿ⲉⲡⲓⲑⲏⲣⲓⲟⲛ ⲛⲉⲙ ⲛⲏⲉⲑⲟⲩⲱϣⲧ ⳿ⲛⲧⲉϥϩⲩⲕⲱⲛ.
2ပဋ္ဌမသူသည် သွား၍မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။
3ⲟⲩⲟϩ ⲁ ⲡⲓⲙⲁϩⲃ̅ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲁϥϫⲱϣ ⳿ⲛⲧⲉϥⲫⲩⲁⲗⲏ ⳿ⲉϫⲉⲛ ⳿ⲫⲓⲟⲙ ⲟⲩⲟϩ ⲁϥⲉⲣ⳿ⲥⲛⲟϥ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲙⲫⲁ ⲟⲩⲣⲉϥⲙⲱⲟⲩⲧ ⲟⲩⲟϩ ⲯⲩⲭⲏ ⲛⲓⲃⲉⲛ ⲉⲧⲟⲛϧ ⲁⲩⲙⲟⲩ ϧⲉⲛ ⳿ⲫⲓⲟⲙ.
3ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။
4ⲟⲩⲟϩ ⲁ ⲡⲓⲙⲁϩⲅ̅ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲁϥϫⲱϣ ⳿ⲛⲧⲉϥⲫⲩⲁⲗⲏ ⳿ⲉϫⲉⲛ ⲛⲓⲓⲁⲣⲱⲟⲩ ⲛⲉⲙ ⲛⲓⲙⲟⲩⲙⲓ ⳿ⲙⲙⲱⲟⲩ ⲟⲩⲟϩ ⲁⲩⲉⲣ⳿ⲥⲛⲟϥ.
4တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့၎င်း၊ စမ်းရေတွင်းပေါ်သို့၎င်း သွန်းလောင်း လျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။
5ⲁⲓⲥⲱⲧⲉⲙ ⳿ⲉⲡⲓⲁⲅⲅⲉⲗⲟⲥ ⳿ⲛⲧⲉ ⲛⲓⲙⲱⲟⲩ ⲉϥϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⳿ⲛⲑⲟⲕ ⲟⲩ⳿ⲑⲙⲏⲓ ⲫⲏⲉⲧϣⲟⲡ ⲟⲩⲟϩ ⲫⲏ ⲉⲛⲁϥϣⲟⲡ ϫⲉ ⲁⲕϯϩⲁⲡ ⳿ⲉⲛⲁⲓ.
5ကောင်းကင်တမန်ကလည်း၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော် သည် ဤသို့ တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ် တော်မူ၏။
6ϫⲉ ⲡⲓ⳿ⲥⲛⲟϥ ⳿ⲛⲧⲉ ⲛⲓⲙⲁⲣⲧⲩⲣⲟⲥ ⲛⲉⲙ ⲛⲓⲡⲣⲟⲫⲏⲧⲏⲥ ⲁⲩⲫⲟⲛϥ ⳿ⲉⲃⲟⲗ ⲁⲕϯ ⳿ⲥⲛⲟϥ ⲛⲱⲟⲩ ⳿ⲉⲥⲱ ϫⲉ ⲥⲉⲙ⳿ⲡϣⲁ.
6ထိုသူတို့သည် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။
7ⲟⲩⲟϩ ⲁⲓⲥⲱⲧⲉⲙ ⳿ⲉⲡⲓⲙⲁ⳿ⲛⲉⲣϣⲱⲟⲩϣⲓ ⲉϥϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲥⲉ Ⲡ⳪ ⲫϯ ⲡⲓⲡⲁⲛⲧⲟⲕⲣⲁⲧⲱⲣ ⲡⲓ⳿ⲑⲙⲏⲓ ⲛⲉⲕϩⲁⲡ ⲧⲏⲣⲟⲩ ϩⲁⲛⲙⲉⲑⲙⲏⲓ ⲛⲉ.
7ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ် တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။
8ⲟⲩⲟϩ ⲡⲓⲙⲁϩⲇ̅ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲁϥϫⲱϣ ⳿ⲛⲧⲉϥⲫⲩⲁⲗⲏ ⳿ⲉϫⲉⲛ ⳿ⲫⲣⲏ ⲟⲩⲟϩ ⲁⲩⲧⲏⲓⲥ ⲛⲁϥ ⳿ⲉⲉⲣⲕⲁⲩⲙⲁ ⳿ⲉϫⲉⲛ ⲛⲓⲣⲱⲙⲓ ϧⲉⲛ ⲟⲩⲛⲓϣϯ ⳿ⲛⲕⲁⲩⲙⲁ.
8စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည်လူတို့ကို မီးလောင် ရသော အခွင့်ကိုရ၏။
9ⲟⲩⲟϩ ⲁⲩⲉⲣⲕⲁⲩⲙⲁ ⳿ⲛϫⲉ ⲛⲓⲣⲱⲙⲓ ⲟⲩⲟϩ ⲁⲩϫⲉⲟⲩⲁ ⳿ⲉ⳿ⲫⲣⲁⲛ ⳿ⲙⲫϯ ⲫⲏⲉⲧⲉ ⲟⲩⲟⲛⲧⲉϥ ⲉⲣϣⲓϣⲓ ⳿ⲙⲙⲁⲩ ⳿ⲉϫⲉⲛ ⲛⲁⲓⲉⲣϧⲟⲧ ⲟⲩⲟϩ ⳿ⲙⲡⲟⲩⲉⲣⲙⲉⲧⲁⲛⲟⲓⲛ ⳿ⲉϯⲱⲟⲩ ⳿ⲙⲫϯ.
9ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှါ နောင်တမရကြ။
10ⲟⲩⲟϩ ⲡⲓⲙⲁϩⲉ̅ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲁϥϫⲱϣ ⳿ⲛⲧⲉϥⲫⲩⲁⲗⲏ ⳿ⲉϫⲉⲛ ⲡⲓ⳿ⲑⲣⲟⲛⲟⲥ ⳿ⲛⲧⲉ ⲡⲓⲑⲏⲣⲓⲟⲛ ⲟⲩⲟϩ ⲁⲥⲉⲣⲭⲁⲕⲓ ⳿ⲛϫⲉ ⲧⲉϥⲙⲉⲧⲟⲩⲣⲟ ⲟⲩⲟϩ ⲛⲁⲩⲟⲩⲟϫⲟⲩⲉϫ ⳿ⲛⲛⲟⲩⲗⲁⲥ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓ⳿ⲙⲕⲁϩ.
10ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံ သည် မှောင်မိုက်အတိဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။
11ⲟⲩⲟϩ ⲁⲩϫⲉⲟⲩ⳿ⲁ ⳿ⲉⲫϯ ⳿ⲛⲧⲉ ⳿ⲧⲫⲉ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓ⳿ⲙⲕⲁϩ ⲛⲉⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲟⲩ⳿ϩⲃⲏ ⲟⲩ⳿ⲓ ⲟⲩⲟϩ ⳿ⲙⲡⲟⲩⲉⲣⲙⲉⲧⲁⲛⲟⲓⲛ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲟⲩ⳿ϩⲃⲏⲟⲩ⳿ⲓ ⲉⲧϩⲱⲟⲩ.
11မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲ ကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။
12ⲟⲩⲟϩ ⲡⲓⲙⲁϩ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲁϥϫⲱϣ ⳿ⲛⲧⲉϥⲫⲩⲁⲗⲏ ⳿ⲉϫⲉⲛ ⳿ⲫⲓⲁⲣⲟ ⲡⲓⲛⲓϣϯ ⲡⲓⲉⲩⲫⲣⲁⲧⲏ ⲥ ⲟⲩⲟϩ ⲁϥϣⲱⲟⲩ⳿ⲓ ⳿ⲛϫⲉ ⲡⲓⲙⲱⲟⲩ ϩⲓⲛⲁ ⳿ⲛⲧⲉϥⲥⲟⲃϯ ⳿ⲛϫⲉ ⲡⲓⲙⲱⲓⲧ ⳿ⲛⲧⲉ ⲛⲓⲟⲩⲣⲱⲟⲩ ⲉⲧⲥⲁⲛⲓⲙⲁ ⳿ⲛϣⲁⲓ ⳿ⲛⲧⲉ ⳿ⲫⲣⲏ.
12ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။
13ⲟⲩⲟϩ ⲁⲓⲛⲁⲩ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲣⲱϥ ⳿ⲙⲡⲓ⳿ⲇⲣⲁⲕⲱⲛ ⲛⲉⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲣⲱϥ ⳿ⲙⲡⲓⲑⲏⲣⲓⲟⲛ ⲛⲉⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲣⲱϥ ⳿ⲙⲡⲓⲯⲉⲩⲇⲟ⳿ⲡⲣⲟⲫⲏⲧⲏⲥ ⳿ⲉⲅ̅ ⳿ⲙⲡ͞ⲛⲁ̅ ⲉⲩⲥⲱϥ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛϩⲁⲛ⳿ⲭⲣⲟⲩⲣ.
13ထိုအခါ၊ နဂါး၏ခံတွင်းထဲက၎င်း၊ သားရဲ၏ ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည် ကို ငါမြင်၏။
14ϩⲁⲛⲡ͞ⲛⲁ̅ ⲅⲁⲣ ⳿ⲛⲓϧ ⲛⲉ ⲉⲩ⳿ⲓⲣⲓ ⳿ⲛϩⲁⲛⲙⲏ ⲓⲛⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲓⲟⲩⲣⲱⲟⲩ ⳿ⲛⲧⲉ ⳿ⲡⲕⲁϩⲓ ⲉⲑⲟⲩⲱⲧⲟⲩ ⳿ⲉ⳿ⲡⲡⲟⲗⲉⲙⲟⲥ ⳿ⲛⲧⲉ ⲛⲓⲛⲓϣϯ ⳿ⲛ⳿ⲉϩⲟⲟⲩ ⳿ⲛⲧⲉ ⲫϯ ⲡⲓⲡⲁⲛⲧⲟⲕⲣⲁⲧⲱⲣ.
14နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီ တနိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးစေကြ၏။
15ϩⲏⲡⲡⲉ ϯⲛⲏⲟⲩ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲟⲩⲣⲉϥ ϭⲓⲟⲩ⳿ⲓ ⲱⲟⲩ⳿ⲛⲓⲁⲧϥ ⳿ⲙⲫⲏⲉⲑⲛⲁⲣⲱⲓⲥ ⲟⲩⲟϩ ⳿ⲛⲧⲉϥⲁⲣⲉϩ ⳿ⲉⲛⲉϥ⳿ϩⲃⲱⲥ ϩⲓⲛⲁ ⳿ⲛⲧⲉϥ⳿ϣⲧⲉⲙⲙⲟϣⲓ ⲉϥⲃⲏϣ ⲟⲩⲟϩ ⳿ⲛⲧⲟⲩⲛⲁⲩ ⳿ⲉⲡⲉϥϣⲓⲡⲓ.
15ဟေဗြဲဘာသာအားဖြင့် အာမေဂေဒုန် အမည်ရှိသောအရပ်၌ စုဝေးစေကြ၏။
16ⲟⲩⲟϩ ⲁϥⲑⲟⲩⲱⲧⲟⲩ ⲉⲩⲙⲁ ⲉⲩⲙⲟⲩϯ ⳿ⲉⲣⲟϥ ⳿ⲙⲙⲉⲧϩⲉⲃⲣⲉⲟⲥ ϫⲉ ⲉⲣⲙⲁⲕⲉⲇⲱⲛ.
16အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။
17ⲟⲩⲟϩ ⲡⲓⲙⲁϩⲍ̅ ⳿ⲛⲁⲅⲅⲉⲗⲟⲥ ⲁϥϫⲱϣ ⳿ⲛⲧⲉϥⲫⲩⲁⲗⲏ ⳿ⲉϫⲉⲛ ⲡⲓⲁⲏⲣ ⲟⲩⲟϩ ⲁϥⲉϣ ⲟⲩⲛⲓϣϯ ⳿ⲛ⳿ϧⲣⲱⲟⲩ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓⲉⲣⲫⲉⲓ ⳿ⲉⲃⲟⲗ ϩⲁ ⲡⲓ⳿ⲑⲣⲟⲛⲟⲥ ⲉϥϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲁϥϣⲱⲡⲓ.
17သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီး ပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။
18ⲟⲩⲟϩ ⲁⲩϣⲱⲡⲓ ⳿ⲛϫⲉ ϩⲁⲛϧⲁⲣⲁⲃⲁⲓ ⲛⲉⲙ ϩⲁⲛ⳿ⲥⲙⲏ ⲛⲉⲙ ϩⲁⲛⲥⲉⲧⲉⲃⲣⲏϫ ⲟⲩⲟϩ ⲟⲩⲛⲓϣϯ ⳿ⲙⲙⲟⲛⲙⲉⲛ ⲁϥϣⲱⲡⲓ ⳿ⲙⲡⲉ ⲟⲩⲟⲛ ϣⲱⲡⲓ ⳿ⲙⲡⲉϥⲣⲏϯ ⲓⲥϫⲉⲛ ⲉⲧⲁ ⲣⲱⲙⲓ ϣⲱⲡⲓ ϩⲓϫⲉⲛ ⳿ⲡⲕⲁϩⲓ.
18လျှပ်စစ်ပြတ်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီး အပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ် ခြင်းသည်မဖြစ်စဖူး။
19ⲟⲩⲟϩ ⲁⲥϣⲱⲡⲓ ⳿ⲛϫⲉ ϯⲛⲓϣϯ ⳿ⲙⲃⲁⲕⲓ ⳿ⲉⲅ̅ ⳿ⲛⲧⲟⲓ ⲟⲩⲟϩ ⲛⲓⲃⲁⲕⲓ ⳿ⲛⲧⲉ ⲛⲓⲉⲑⲛⲟⲥ ⲁⲩϩⲉⲓ ⲟⲩⲟϩ ⲃⲁⲃⲩⲗⲱⲛ ϯⲛⲓϣϯ ⲁⲩⲉⲣⲡⲉⲥⲙⲉⲩⲓ ⳿ⲙⲡⲉ⳿ⲙⲑⲟ ⳿ⲙⲫϯ ⳿ⲉϯ ⲛⲁⲥ ⳿ⲙⲡⲓⲁⲫⲟⲧ ⳿ⲛⲏⲣⲡ ⳿ⲛⲧⲉ ⳿ⲡⲉⲙⲃⲟⲛ ⳿ⲛⲧⲉ ⲡⲓϫⲱⲛⲧ.
19မြို့ကြီးသည်သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။
20ⲟⲩⲟϩ ⲛⲏⲥⲟⲥ ⲛⲓⲃⲉⲛ ⲁⲩⲫⲱⲧ ⲟⲩⲟϩ ⲛⲓⲧⲱⲟⲩ ⳿ⲙⲡⲟⲩϫⲉⲙ ⲡⲟⲩⲙⲁ.
20အချိန်အခွက်တဆယ်ရှိသော မိုဃ်းသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။
21ⲟⲩⲟϩ ϩⲁⲛⲁⲗ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛϩⲁⲛϫⲓⲛ ϭⲱⲣ ⳿ⲛϣⲓ ⲁⲩ⳿ⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲧⲫⲉ ⳿ⲉϫⲉⲛ ⲛⲓⲣⲱⲙⲓ ⲟⲩⲟϩ ⲁ ⲛⲓⲣⲱⲙⲓ ϫⲉⲟⲩ⳿ⲁ ⳿ⲉⲫϯ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓⲉⲣϧⲟⲧ ⳿ⲛⲧⲉ ⲡⲓⲁⲗ ⲉⲧⲟϣ ⳿ⲉⲙⲁϣⲱ
21ထိုမိုဃ်းသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။