1ⲟⲩ ϫⲉ ⲡⲉⲧⲉⲛⲛⲁϫⲟϥ ⲉⲑⲃⲉ ⲁⲃⲣⲁⲁⲙ ϫⲉ ⲁⲩϫⲉⲙϥ ⲡⲉⲛϣⲟⲣⲡ ⳿ⲛⲓⲱⲧ ⲕⲁⲧⲁ ⲥⲁⲣⲝ.
1ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိ ပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။
2ⲓⲥϫⲉ ⲅⲁⲣ ⲁⲃⲣⲁⲁⲙ ⲁϥⲙⲁⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ϩⲁⲛ⳿ϩⲃⲏⲟⲩ⳿ⲓ ⲓⲉ ⲟⲩⲟⲛⲧⲉϥ ϣⲟⲩϣⲟⲩ ⳿ⲙⲙⲁⲩ ⲁⲗⲗⲁ ⲟⲩⲃⲉ ⲫϯ ⲁⲛ.
2အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။
3ⲟⲩ ⲅⲁⲣ ⲉⲧⲉ ϯ⳿ⲅⲣⲁⲫⲏ ϫⲱ ⳿ⲙⲙⲟϥ ⲁⲃⲣⲁⲁⲙ ⲇⲉ ⲁϥⲛⲁϩϯ ⳿ⲉⲫϯ ⲟⲩⲟϩ ⲁⲩⲟⲡⲥ ⲛⲁϥ ⲉⲩⲙⲉⲑⲙⲏⲓ.
3ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
4ⲫⲏⲉⲧⲉⲣϩⲱⲃ ⳿ⲙⲡⲁⲩⲉⲡ ⲡⲉϥⲃⲉⲭⲉ ⲛⲁϥ ⲕⲁⲧⲁ ⲟⲩ⳿ϩⲙⲟⲧ ⲁⲗⲗⲁ ϫⲉ ⳿ϥⲉⲣⲟϥ.
4အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့်ခံရ၏။
5ⲫⲏ ⲇⲉ ⲉⲧⲉ⳿ⲛ⳿ϥⲉⲣϩⲱⲃ ⲁⲛ ⲉϥⲛⲁϩϯ ⲇⲉ ⳿ⲉⲫⲏⲉⲧ⳿ⲑⲙⲁⲓⲟ ⳿ⲙⲡⲓⲁⲥⲉⲃⲏⲥ ϣⲁⲩⲉⲡ ⲡⲉϥⲛⲁϩϯ ⲛⲁϥ ⲉⲩⲙⲉⲑⲙⲏⲓ.
5အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။
6ⲕⲁⲧⲁ⳿ⲫⲣⲏϯ ϩⲱϥ ⲉⲧⲁ ⲇⲁⲩⲓⲇ ϫⲱ ⳿ⲙⲡⲓⲙⲁⲕⲁⲣⲓⲟⲥ ⳿ⲛⲧⲉ ⲡⲓⲣⲱⲙⲓ ⲫⲏⲉⲧⲉ ⲫϯ ⲛⲁⲱⲡ ⳿ⲛϯⲙⲉⲑⲙⲏⲓ ⲛⲁϥ ⲁⲧϭⲛⲉ ϩⲱⲃ.
6ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊
7ⲱⲟⲩⲛⲓ⳿ⲁⲧⲟⲩ ⳿ⲛⲛⲏⲉⲧⲁⲩⲭⲱ ⳿ⲛⲛⲟⲩ⳿ⲁⲛⲟⲙⲓⲁ ⲛⲱⲟⲩ ⳿ⲉⲃⲟⲗ ⲛⲉⲙ ⲛⲏⲉⲧⲁⲩϩⲱⲃⲥ ⳿ⲉⲃⲟⲗ ⳿ⲉϫⲉⲛ ⲛⲟⲩⲛⲟⲃⲓ.
7အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။
8ⲱⲟⲩⲛⲓ⳿ⲁⲧϥ ⳿ⲙⲡⲓⲣⲱⲙⲓ ⲉⲧⲉ Ⲡ⳪ ⲛⲁⲉⲡ ⲛⲟⲃⲓ ⳿ⲉⲣⲟϥ ⲁⲛ.
8ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။
9ⲡⲁⲓⲙⲁⲕⲁⲣⲓⲥⲙⲟⲥ ⲟⲩⲛ ⲁϥⲭⲏ ⳿ⲉϫⲉⲛ ⳿ⲡⲥⲉⲃⲓ ϣⲁⲛ ⳿ⲉϫⲉⲛ ϯⲙⲉⲧⲁⲧⲥⲉⲃⲓ ⲧⲉⲛϫⲱ ⲅⲁⲣ ⳿ⲙⲙⲟⲥ ϫⲉ ⲁⲩⲉⲡ ⳿ⲫⲛⲁϩϯ ⳿ⲛⲁⲃⲣⲁⲁⲙ ⲛⲁϥ ⲉⲩⲙⲉⲑⲙⲏⲓ.
9အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။
10ⲡⲱⲥ ⲟⲩⲛ ⲁⲩⲟⲡϥ ⲉϥⲭⲏ ϧⲉⲛ ⳿ⲡⲥⲉⲃⲓ ϣⲁⲛ ⲉϥⲭⲏ ϧⲉⲛ ϯⲙⲉⲧⲁⲧⲥⲉⲃⲓ ⲉϥⲭⲏ ϧⲉⲛ ⳿ⲡⲥⲉⲃⲓ ⲁⲛ ⲁⲗⲗⲁ ϧⲉⲛ ϯⲙⲉⲧⲁⲧⲥⲉⲃⲓ.
10ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း။ အရေ ဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။
11ⲟⲩⲟϩ ⲁϥϭⲓ ⳿ⲛⲟⲩⲙⲏⲓⲛⲓ ⳿ⲛⲧⲉ ⳿ⲡⲥⲉⲃⲓ ⲟⲩ⳿ⲥⲫⲣⲁⲅⲓⲥ ⳿ⲛⲧⲉ ϯⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ ⳿ⲫⲛⲁϩϯ ⲑⲏⲉⲧϧⲉⲛ ϯⲙⲉⲧⲁⲧⲥⲉⲃⲓ ⲉⲑⲣⲉϥϣⲱⲡⲓ ⳿ⲛⲓⲱⲧ ⳿ⲛⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲑⲛⲁϩϯ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ϯⲙⲉⲧⲁⲧⲥⲉⲃⲓ ⳿ⲉ⳿ⲡϫⲓⲛⲧⲟⲩⲱⲡ ⳿ⲛⲟⲩⲙⲉⲑⲙⲏⲓ ⲛⲱⲟⲩ.
11အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ၊
12ⲟⲩⲟϩ ⳿ⲛⲓⲱⲧ ⳿ⲛⲧⲉ ⳿ⲡⲥⲉⲃⲓ ⳿ⲛⲛⲓ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲡⲥⲉⲃⲓ ⳿ⲙⲙⲁⲩⲁⲧⲟⲩ ⲁⲛ ⲁⲗⲗⲁ ⲛⲉⲙ ⲛⲏⲉⲑⲙⲟϣⲓ ϩⲓ ⲛⲓϣⲉⲛⲧⲁⲧⲥⲓ ⳿ⲛⲧⲉ ⳿ⲫⲛⲁϩϯ ⲉⲧϧⲉⲛ ϯⲙⲉⲧⲁⲧⲥⲉⲃⲓ ⳿ⲛⲧⲉ ⲡⲉⲛⲓⲱⲧ ⲁⲃⲣⲁⲁⲙ.
12ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အရေဖျားလှီးခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသောယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမှီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျား လှီးခြင်း၏ လက္ခဏာကို ခံရသတည်း။
13ⲟⲩ ⲅⲁⲣ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲡⲓⲛⲟⲙⲟⲥ ⲁⲛ ⲁⲩϯ ⳿ⲙⲡⲓⲱϣ ⳿ⲛⲁⲃⲣⲁⲁⲙ ⲓⲉ ⲡⲉϥ⳿ϫⲣⲟϫ ⲉⲑⲣⲉϥϣⲱⲡⲓ ⲉϥⲟⲓ ⳿ⲛ⳿ⲕⲗⲏⲣⲟⲛⲟⲙⲟⲥ ⳿ⲛⲧⲉ ⲡⲓⲕⲟⲥⲙⲟⲥ ⲁⲗⲗⲁ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ϯⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ ⳿ⲫⲛⲁϩϯ.
13ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှစသောသူ၏ အမျိုးအနွယ်တို့ သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။
14ⲓⲥϫⲉ ⲅⲁⲣ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⳿ⲫⲛⲟⲙⲟⲥ ⲛⲉ ⲛⲓ⳿ⲕⲗⲏⲣⲟⲛⲟⲙⲟⲥ ϩⲁⲣⲁ ⲁϥϣⲱⲡⲓ ⲉϥϣⲟⲩⲓⲧ ⳿ⲛϫⲉ ⲡⲓⲛⲁϩϯ ⲟⲩⲟϩ ⲁϥⲕⲱⲣϥ ⳿ⲛϫⲉ ⲡⲓⲱϣ.
14အကြောင်းမူကား၊ ပညတ်တရားနှင့်ဆိုင်သော သူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်း တရားကိုပယ်ပြီ။ ဂတိတော်လည်း အချည်းနှီးဖြစ်၏။
15⳿ⲫⲛⲟⲙⲟⲥ ⲅⲁⲣ ⲁϥⲉⲣϩⲱⲃ ⲉⲩϫⲱⲛⲧ ⳿ⲫⲙⲁ ⲇⲉ ⲉⲧⲉ ⳿ⲙⲙⲟⲛ ⲛⲟⲙⲟⲥ ⳿ⲙⲙⲁⲩ ⲟⲩⲇⲉ ⳿ⲙⲙⲟⲛ ⲡⲁⲣⲁⲃⲁⲥⲓⲥ.
15ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။
16ⲉⲑⲃⲉ ⲫⲁⲓ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲟⲩⲛⲁϩϯ ϩⲓⲛⲁ ⲕⲁⲧⲁ ⲟⲩ⳿ϩⲙⲟⲧ ⲉⲑⲣⲉϥϣⲱⲡⲓ ⳿ⲛϫⲉ ⲡⲓⲱϣ ⲉϥⲧⲁϫⲣⲏⲟⲩⲧ ⳿ⲙⲡⲓ⳿ϫⲣⲟϫ ⲧⲏⲣϥ ⳿ⲙⲫⲏⲉⲧϣⲟⲡ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲓⲛⲟⲙⲟⲥ ⳿ⲙⲙⲁⲩⲁⲧϥ ⲁⲛ ⲁⲗⲗⲁ ⲛⲉⲙ ⲫⲏⲉⲧϣⲟⲡ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲫⲛⲁϩϯ ⳿ⲛⲁⲃⲣⲁⲁⲙ ⲉⲧⲉ ⲡⲉⲛⲓⲱⲧ ⲧⲏⲣⲉⲛ ⲡⲉ.
16ထိုကြောင့်၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။
17ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧ⳿ⲥϧⲏⲟⲩⲧ ϫⲉ ⲁⲓⲭⲁⲕ ⳿ⲛⲓⲱⲧ ⳿ⲛⲟⲩⲙⲏϣ ⳿ⲛⲉⲑⲛⲟⲥ ⳿ⲙⲡⲉ⳿ⲙⲑⲟ ⳿ⲙⲫϯ ⲫⲏⲉⲧⲁϥⲛⲁϩϯ ⳿ⲉⲣⲟϥ ⲫⲏⲉⲧⲧⲁⲛϧⲟ ⳿ⲛⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲟⲩⲟϩ ⲉⲧⲑⲱϩⲉⲙ ⳿ⲛⲛⲏⲉⲧⲉ ⳿ⲛⲥⲉϣⲟⲡ ⲁⲛ ⳿ⲙ⳿ⲫⲣⲏϯ ⲛⲉ ⲉⲩϣⲟⲡ.
17ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌ လာသည်နှင့်အညီ၊ ထိုအာဗြဟံ သည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။
18ⲫⲏ ⳿ⲉⲛⲁϥⲟⲓ ⳿ⲛⲁⲧϩⲉⲗⲡⲓⲥ ⲉⲩϩⲱⲃ ⲁϥⲛⲁϩϯ ⲉⲩϩⲉⲗⲡⲓⲥ ⲉⲑⲣⲉϥϣⲱⲡⲓ ⳿ⲛⲓⲱⲧ ⳿ⲛⲟⲩⲙⲏϣ ⳿ⲛⲉⲑⲛⲟⲥ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧⲁⲩϫⲟⲥ ⲛⲁϥ ϫⲉ ⲉⲣⲉ ⲡⲉⲕ⳿ϫⲣⲟϫ ⲉϥ⳿ⲉϣⲱⲡⲓ ⳿ⲙⲡⲁⲓⲣⲏϯ.
18သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည် ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများ တို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။
19ⲟⲩⲟϩ ⲉⲧⲉ ⳿ⲙⲡⲉϥϣⲱⲛⲓ ϧⲉⲛ ⲡⲓⲛⲁϩϯ ⳿ⲉⲁϥϯⲛⲓ⳿ⲁⲧϥ ⳿ⲙⲡⲉϥⲥⲱⲙⲁ ⲁϥϫⲉⲙϥ ϩⲏⲇⲏ ⲁϥⲙⲟⲩ ⲁϥ⳿ⲓ ⳿ⲛ⳿ϩⲣⲏⲓ ϧⲉⲛ ⲛⲁⲩ ⲣ̅ ⳿ⲛⲣⲟⲙⲡⲓ ⲛⲉⲙ ϯⲕⲉⲙⲉⲧⲣⲉϥⲙⲱⲟⲩⲧ ⳿ⲛⲧⲉ ⳿ⲑⲙⲏⲧⲣⲁ ⳿ⲛⲥⲁⲣⲣⲁ.
19ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည်အသေ ကဲ့သို့ ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ၏ ဝမ်းသည် သေကြောင်းကို၎င်း မအောက်မေ့၊
20ⲟⲩⲟϩ ⲉⲧⲉ ⳿ⲙⲡⲉϥⲉⲣϩⲏⲧ ⲃ̅ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲑⲛⲁϩϯ ⳿ⲉⲡⲓⲱϣ ⳿ⲛⲧⲉ ⲫϯ ⲁⲗⲗⲁ ⲁϥϫⲉⲙϫⲟⲙ ϧⲉⲛ ⲡⲓⲛⲁϩϯ ⳿ⲉⲁϥϯⲱⲟⲩ ⳿ⲙⲫϯ.
20ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊
21ⲟⲩⲟϩ ⲁ ⲡⲉϥϩⲏⲧ ⲑⲏⲧ ϫⲉ ⲫⲏⲉⲧⲁϥⲱϣ ⳿ⲙⲙⲟϥ ⲛⲁϥⲟⲩⲟⲛ ⳿ϣϫⲟⲙ ⳿ⲙⲙⲟϥ ⳿ⲉⲁⲓϥ.
21ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။
22ⲉⲑⲃⲉ ⲫⲁⲓ ⲁⲩⲟⲡⲥ ⲛⲁϥ ⲉⲩⲙⲉⲑⲙⲏⲓ.
22ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
23ⲛⲉ ⲉⲧⲁⲩ⳿ⲥϧⲏⲟⲩⲧ ⲇⲉ ⲁⲛ ⲉⲑⲃⲏⲧϥ ⳿ⲙⲙⲁⲩⲁⲧϥ ϫⲉ ⲁⲩⲟⲡⲥ ⲛⲁϥ.
23ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုး အလိုငှါသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။
24ⲁⲗⲗⲁ ⲛⲉⲙ ⲉⲑⲃⲏⲧⲉⲛ ϩⲱⲛ ϧⲁ ⲛⲏⲉⲧⲁⲩⲟⲡⲥ ⲛⲱⲟⲩ ⲛⲏⲉⲑⲛⲁϩϯ ⳿ⲉⲫⲏⲉⲧⲁϥⲧⲟⲩⲛⲟⲥ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲡⲉⲛ⳪ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲏⲉⲑⲙⲱⲟⲩⲧ.
24ငါတို့အကျိုးအလိုငှါရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော သူကိုငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။
25ⲫⲏⲉⲧⲁⲩⲧⲏⲓϥ ⲉⲑⲃⲉ ⲛⲉⲛⲛⲟⲃⲓ ⲟⲩⲟϩ ⲁϥⲧⲱⲛϥ ⲉⲑⲃⲉ ⲡⲉⲛ⳿ⲑⲙⲁⲓⲟ
25ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။