Coptic: New Testament

Myanmar

Romans

9

1⳿ⲑⲙⲏⲓ ⲡⲉϯϫⲱ ⳿ⲙⲙⲟⲥ ϧⲉⲛ Ⲡⲭ̅ⲥ̅ ⳿ⲛϯ ϫⲉⲙⲉⲑⲛⲟⲩϫ ⲁⲛ ⲉⲥⲉⲣⲙⲉⲑⲣⲉ ⳿ⲉⲣⲟⲓ ⲛⲉⲙⲏⲓ ⳿ⲛϫⲉ ⲧⲁⲥⲩⲛⲏⲇⲉⲥⲓⲥ ϧⲉⲛ ⲟⲩⲡ͞ⲛⲁ̅ ⲉϥⲟⲩⲁⲃ.
1ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည်မုသာမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊
2ϫⲉ ⲟⲩⲟⲛ ⲟⲩⲛⲓϣϯ ⳿ⲛ⳿ⲙⲕⲁϩ ⳿ⲛϩⲏⲧ ⲛⲉⲙⲏ ⲓ ⲛⲉⲙ ⲟⲩϣⲉⲛϩⲏⲧ ⳿ⲙⲡⲁϥⲙⲟⲩⲛⲕ ϧⲉⲛ ⲡⲁϩⲏ ⲧ.
2ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံး ထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။
3ⲛⲁⲓⲧⲱⲃϩ ⲅⲁⲣ ⳿ⲁⲛⲟⲕ ⳿ⲉⲉⲣ⳿ⲁⲛⲁⲑⲏⲙⲁ ⳿ⲉⲃⲟⲗ ϩⲁ Ⲡⲭ̅ⲥ̅ ⳿ⲉϫⲉⲛ ⲛⲁ⳿ⲥⲛⲏⲟⲩ ⲛⲁⲥⲩⲛⲅⲉⲛⲏⲥ ⲕⲁⲧⲁ ⲥⲁⲣⲝ.
3အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည်ကိုယ်တိုင် ခရစ်တော်နှင့်ခွါ၍ ကျိန်ခြင်း ကိုခံချင်လောက်အောင် စိတ်ရှိ၏။
4ⲉⲧⲉ ⳿ⲛ⳿ⲓⲥⲣⲁⲏⲗⲓⲧⲏⲥ ⲛⲉ ⲛⲏⲉⲧⲉ ⲑⲱⲟⲩ ⲧⲉ ϯⲙⲉⲧϣⲏⲣⲓ ⲛⲉⲙ ⲡⲓⲱⲟⲩ ⲛⲉⲙ ⲛⲓⲇⲓ⳿ⲁⲑⲏⲕⲏ ⲛⲉⲙ ⲡⲓⲥⲉⲙⲛⲉ ⲛⲟⲙⲟⲥ ⲛⲉⲙ ⲡⲓϣⲉⲙϣⲓ ⲛⲉⲙ ⲛⲓⲱϣ.
4ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့် ၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
5ⲛⲏⲉⲧⲉ ⳿ⲛⲟⲩⲟⲩ ⲛⲉ ⲛⲓⲓⲟϯ ⲟⲩⲟϩ ⳿ⲛⲑⲱⲟⲩ ⲟⲛ ⲁ Ⲡⲭ̅ⲥ̅ ⳿ⲓ ⳿ⲉⲃⲟⲗ ⳿ⲛϧⲏⲧⲟⲩ ⲕⲁⲧⲁ ⲥⲁⲣⲝ ⲫⲏⲉⲧⲭⲏ ϩⲓϫⲉⲛ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲫϯ ⲉⲧ⳿ⲥⲙⲁⲣⲱⲟⲩⲧ ϣⲁ ⲉⲛⲉϩ ⲁⲙⲏⲛ.
5ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရ မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
6ⲡⲁⲓⲣⲏϯ ⲇⲉ ⳿ⲙⲡⲉ ⲡⲓⲥⲁϫⲓ ⳿ⲛⲧⲉ ⲫϯ ϩⲉⲓ ⳿ⲉⲃⲟⲗ ⲟⲩ ⲅⲁⲣ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲁⲛ ⲉⲧⲉ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲡⲓⲥ̅ⲗ̅ ⲛⲁⲓ ⲛⲉ ⳿ⲡⲓⲥ̅ⲗ̅.
6ထိုသို့ဆိုသော် ဘုရားသခင်၏ ဂတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရလလူမှန် မဟုတ်။
7ⲟⲩⲇⲉ ϫⲉ ϩⲁⲛ⳿ϫⲣⲟϫ ⳿ⲛⲧⲉ ⲁⲃⲣⲁⲁⲙ ⲛⲉ ϩⲁⲛϣⲏⲣⲓ ⲧⲏⲣⲟⲩ ⲛⲉ ⲁⲗⲗⲁ ϧⲉⲛ ⳿ Ⲓⲥⲁⲁⲕ ⲉⲩ⳿ⲉⲑⲁϩⲉⲙ ⲟⲩ⳿ϫⲣⲟϫ ⲛⲁⲕ.
7ထိုနည်းတူအာဗြဟုံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန်မဟုတ်။ ဣဇာတ် ၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
8ⲉⲧⲉ ⲫⲁⲓ ⲡⲉ ϫⲉ ⲛⲓϣⲏⲣⲓ ⳿ⲛⲧⲉ ⳿ⲧⲥⲁⲣⲝ ⲁⲛ ⲛⲁⲓ ⲛⲉ ⲛⲓϣⲏⲣⲓ ⳿ⲛⲧⲉ ⲫϯ ⲁⲗⲗⲁ ⲛⲓϣⲏⲣⲓ ⳿ⲛⲧⲉ ⲡⲓⲱϣ ⲉⲧⲟⲩⲛⲁⲟⲡⲟⲩ ⲉⲩ⳿ϫⲣⲟϫ.
8ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန်မဟုတ်။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။
9ⲡⲁⲓⲥⲁϫⲓ ⲅⲁⲣ ⲫⲁ ⲟⲩⲱϣ ⲡⲉ ϫⲉ ⲕⲁⲧⲁ ⲡⲁⲓⲥⲏⲟⲩ ⲫⲁⲓ ⲉⲓ⳿ⲉ⳿ⲓ ⲟⲩⲟϩ ⲉⲣⲉ ⲟⲩϣⲏⲣⲓ ϣⲱⲡⲓ ⳿ⲛⲥⲁⲣⲣⲁ.
9ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း။
10ⲟⲩ ⲙⲟⲛⲟⲛ ⲇⲉ ⲁⲗⲗⲁ ⲛⲉⲙ ⳿ⲧⲕⲉⲉⲣⲉⲃⲉⲕⲕⲁ ⳿ⲉⲁⲥϭⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲟⲩϣⲁ⳿ⲓⲣⲓ ⳿ⲛⲟⲩⲱⲧ ⳿ⲛⲧⲉ ⳿ Ⲓⲥⲁⲁⲕ ⲡⲉⲛⲓⲱⲧ.
10ထိုမျှမက၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက်၍ ပဋိသန္ဓေစွဲယူသောအခါ၊
11ⲉⲙⲡⲁⲛⲧⲟⲩⲙⲁⲥⲟⲩ ⲅⲁⲣ ⲟⲩⲇⲉ ⳿ⲙⲡⲁⲧⲟⲩ⳿ⲓⲣⲓ ⳿ⲛⲟⲩϩⲱⲃ ⳿ⲉⲛⲁⲛⲉϥ ⲓⲉ ⲉϥϩⲱⲟⲩ ϩⲓⲛⲁ ϯⲙⲉⲧⲥⲱⲧⲡ ⲉⲧⲁ ⲫϯ ⲑⲁϣⲥ ⲓⲥϫⲉⲛ ϣⲟⲣⲡ ⳿ⲛⲧⲉⲥϣⲱⲡⲓ ⲉⲥ⳿ⲥⲙⲟⲛⲧ.
11ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည် အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည် ကောင်းသော အကျင့်၊ မကောင်းသောအကျင့်ကိုမကျင့်မှီ၊
12⳿ⲉⲛⲟⲩ ⳿ⲉⲃⲟⲗ ϧⲉⲛ ϩⲁⲛ⳿ϩⲃⲏⲟⲩ⳿ⲓ ⲁⲛ ⲧⲉ ⲁⲗⲗⲁ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲉⲧⲑⲱϩⲉⲙ ⲁⲩϫⲟⲥ ⲛⲁⲥ ϫⲉ ⲉⲣⲉ ⲡⲓⲛⲓϣϯ ⲉⲣⲃⲱⲕ ⳿ⲙⲡⲓⲕⲟⲩϫⲓ.
12သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။
13ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧ⳿ⲥϧⲏⲟⲩⲧ ϫⲉ ⲓⲁⲕⲱⲃ ⲙⲉⲛ ⲁⲓⲙⲉⲛⲣⲓⲧϥ ⲏⲥⲁⲩ ⲇⲉ ⲁⲓⲙⲉⲥⲧⲱϥ.
13ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း။
14ⲟⲩ ϫⲉ ⲡⲉⲧⲉⲛⲛⲁϫⲟϥ ⲙⲏ ⲟⲩⲟⲛ ⲟⲩⲙⲉⲧϭ ⲓ⳿ⲛϫⲟⲛⲥ ϧⲁⲧⲉⲛ ⲫϯ ⳿ⲛⲛⲉⲥϣⲱⲡⲓ.
14သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူ သလော။ ထိုသို့မပြောရ။
15⳿ϥϫⲱ ⲅⲁⲣ ⳿ⲙⲙⲟⲥ ⳿ⲙⲙⲱ⳿ⲩⲥⲏⲥ ϫⲉ ϯ ⲛⲁⲛⲁⲓ ⳿ⲙⲫⲏ ⳿ⲉϯⲛⲁⲛⲁⲓ ⲛⲁϥ ⲟⲩⲟϩ ϯⲛⲁϣⲉⲛϩⲏ ⲧ ϧⲁ ⲫⲏ ⳿ⲉϯⲛⲁϣⲉⲛϩⲏⲧ ϧⲁⲣⲟϥ.
15ဘုရားသခင်က၊ ငါသည်ကျေးဇူးပြုလိုသော သူကိုကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနား မည်ဟု မောရှေကို မိန့်တော်မူ၏။
16ϩⲁⲣⲁ ⲟⲩⲛ ⲫⲁ ⲡⲉⲑⲟⲩⲱϣ ⲁⲛ ⲡⲉ ⲟⲩⲇⲉ ⳿ⲙⲫⲁ ⲡⲉⲧϭⲟϫⲓ ⲁⲛ ⲡⲉ ⲁⲗⲗⲁ ⲫⲁ ⲫϯ ⲉⲑⲛⲁⲓ ⲡⲉ.
16ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင် တော်မူ၏။
17⳿ⲥϫⲱ ⲅⲁⲣ ⳿ⲙⲙⲟⲥ ⳿ⲛϫⲉ ϯ⳿ⲅⲣⲁⲫⲏ ⳿ⲙⲫⲁⲣⲁⲱ ϫⲉ ⲉⲑⲃⲉ ⲫⲁⲓ ⲁⲓⲧⲟⲩⲛⲟⲥⲕ ϩⲓⲛⲁ ⳿ⲛⲧⲁⲟⲩⲱⲛϩ ⳿ⲛⲧⲁϫⲟⲙ ⳿ⲉⲃⲟⲗ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧⲕ ⲟⲩⲟϩ ⳿ⲛⲥⲉⲫ⳿ⲓⲣⲓ ⳿ⲉⲡⲁⲣⲁⲛ ϩⲓϫⲉⲛ ⳿ⲡⲕⲁϩⲓ ⲧⲏⲣϥ.
17ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီး တပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။
18ϩⲁⲣⲁ ⲟⲩⲛ ⲡⲉⲧⲉϥⲟⲩⲁϣϥ ϣⲁϥⲛⲁⲓ ⲛⲁϥ ⲫⲏ ⲇⲉ ⲉⲧⲁϥⲟⲩⲁϣϥ ⲁⲛ ϣⲁϥⲉⲑⲣⲉϥⲉⲛϣⲱⲧ.
18ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။
19⳿ⲭⲛⲁϫⲟⲥ ⲟⲩⲛ ⲛⲏⲓ ϫⲉ ⲉⲑⲃⲉⲟⲩ ⳿ϥϫⲉⲙ ⲁⲣⲓⲕⲓ ⲛⲓⲙ ⲅⲁⲣ ⲉϥϯ ⳿ⲉϧⲟⲩⲛ ⳿ⲉ⳿ϩⲣⲉⲛ ⲡⲉϥⲥⲟϭ ⲛⲓ.
19သို့ဖြစ်လျှင်၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဘူးသနည်းဟု ဆိုမည်လော။
20ⲙⲉⲛⲟⲩⲛⲅⲉ ⲱ ⳿ⲫⲣⲱⲙⲓ ⳿ⲛⲑⲟⲕ ⲛⲓⲙ ⳿ⲛⲑⲟⲕ ⲫⲏⲉⲧⲉⲣⲟⲩⲱ ⳿ⲉϧⲟⲩⲛ ⳿ⲉ⳿ϩⲣⲉⲛ ⲫϯ ⲙⲏ ⳿ⲉⲣⲉϣ ⲡⲓⲙⲟⲛⲕ ϫⲟⲥ ⳿ⲙⲫⲏⲉⲧⲁϥⲙⲟⲛⲕϥ ϫⲉ ⲉⲑⲃⲉⲟⲩ ⲁⲕⲑⲁⲙⲓⲟⲓ ⳿ⲙⲡⲁⲓⲣⲏϯ.
20ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သော အရာ သည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။
21ϣⲁⲛ ⳿ⲙⲙⲟⲛ ⳿ⲛⲧⲉ ⲡⲓⲕⲉⲣⲁⲙⲉⲩⲥ ⳿ⲙ⳿ⲡⲉⲣϣⲓϣⲓ ⳿ⲙⲡⲉϥ⳿ⲟⲙⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲁⲓⲟⲩⲱϣⲉⲙ ⲣⲱ ⳿ⲉⲑⲁⲙⲓⲟ ⳿ⲛⲟⲩ⳿ⲥⲕⲉⲩⲟⲥ ⲟⲩⲁⲓ ⲙⲉⲛ ⳿ⲉ⳿ⲡⲧⲁⲓⲟ ⲕⲉⲟⲩⲁⲓ ⲇⲉ ⲉⲩϣⲱϣ.
21အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတပုံတည်းနှင့်အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။
22ⲓⲥϫⲉ ⲇⲉ ⲁϥⲟⲩⲱϣ ⳿ⲛϫⲉ ⲫϯ ⲉϥⲟⲩⲱⲛϩ ⳿ⲙⲡⲉϥϫⲱⲛⲧ ⳿ⲉⲃⲟⲗ ⲟⲩⲟϩ ⳿ⲉⲧⲁⲙⲟⲛ ⳿ⲉⲧⲉϥϫⲟⲙ ⲁϥ⳿ⲓⲛⲓ ϧⲉⲛ ⲟⲩⲛⲓϣϯ ⳿ⲙⲙⲉⲧⲣⲉϥⲱⲟⲩ ⳿ⲛϩⲏⲧ ⳿ⲛϩⲁⲛ⳿ⲥⲕⲉⲩⲟⲥ ⳿ⲛⲧⲉ ⳿ⲡϫⲱⲛⲧ ⲉⲩⲥⲉⲃⲧⲱⲧ ⳿ⲉ⳿ⲡⲧⲁⲕⲟ.
22ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဘို့ ပြင်ဆင်သော အမျက်ရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
23ϩⲓⲛⲁ ⳿ⲛⲧⲉϥⲟⲩⲱⲛϩ ⳿ⲛϯⲙⲉⲧⲣⲁⲙⲁ⳿ⲟ ⳿ⲛⲧⲉ ⲡⲉϥⲱⲟⲩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ϩⲁⲛ⳿ⲥⲕⲉⲩⲟⲥ ⳿ⲛⲛⲁⲓ ⲉⲧⲉ ⲛⲏ ⲛⲉ ⲉⲧⲁϥⲉⲣϣⲟⲣⲡ ⳿ⲛⲥⲉⲃⲧⲱⲧⲟⲩ ⲉⲩⲱⲟⲩ.
23ချီးမြှောက်ခြင်းအဘို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော၊
24ⲉⲧⲉ ⳿ⲁⲛⲟⲛ ⲡⲉ ϧⲁ ⲛⲏⲉⲧⲁϥⲑⲁϩⲙⲟⲩ ⲟⲩ ⲙⲟⲛⲟⲛ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲓⲓⲟⲩⲇⲁⲓ ⲁⲗⲗⲁ ⲛⲉⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲓⲕⲉⲉⲑⲛⲟⲥ.
24ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တပါး အမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။
25⳿ⲙ⳿ⲫⲣⲏϯ ⲟⲛ ⳿ⲉⲧⲉϥϫⲱ ⳿ⲙⲙⲟⲥ ⳿ⲛⲱⲥⲓⲉ ϫⲉ ϯⲛⲁⲙⲟⲩϯ ⳿ⲉⲫⲏⲉⲧⲉ ⲡⲁⲗⲁⲟⲥ ⲁⲛ ⲡⲉ ϫⲉ ⲡⲁⲗⲁⲟⲥ ⲟⲩⲟϩ ⲑⲏ ⲉⲧⲉ ⳿ⲙⲡⲟⲩⲙⲉⲛⲣⲓⲧⲥ ϫⲉ ⲁⲩⲙⲉⲛⲣⲓⲧⲥ.
25ဟောရှေ၏ ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူမဟုတ်သော သူကိုငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ၍ ငါခေါ်မည်။
26ⲟⲩⲟϩ ⲉⲥ⳿ⲉϣⲱⲡⲓ ϧⲉⲛ ⲡⲓⲙⲁ ⲉⲧⲁⲩϫⲟⲥ ⲛⲱⲟⲩ ⳿ⲙⲙⲟϥ ϫⲉ ⳿ⲛⲑⲱⲧⲉⲛ ⲡⲁⲗⲁⲟⲥ ⲁⲛ ⳿ⲙⲡⲓⲙⲁ ⳿ⲉⲧⲉ⳿ⲙⲙⲁⲩ ⲉⲩ⳿ⲉⲙⲟⲩϯ ⳿ⲉⲣⲱⲟⲩ ϫⲉ ⲛⲉⲛϣⲏ ⲣⲓ ⳿ⲙⲫϯ ⲉⲧⲟⲛϧ.
26သင်တို့သည်ငါ၏လူမဟုတ်ဟုပြောဆိုရာ အရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရား သခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။
27ⲏⲥⲁ⳿ⲏⲁⲥ ⲇⲉ ⲉϥⲱϣ ⳿ⲉⲃⲟⲗ ⳿ⲉϫⲉⲛ ⳿ⲡⲓⲥ̅ⲗ̅ ϫⲉ ⲉϣⲱⲡ ⲉⲣⲉ ⳿ⲧⲏⲡⲓ ⳿ⲛⲧⲉ ⲛⲉⲛϣⲏⲣⲓ ⳿ⲙ⳿ⲡⲓⲥ̅ⲗ̅ ⲉⲥⲟⲓ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲙⲡⲓϣⲱ ⳿ⲛⲧⲉ ⳿ⲫⲓⲟⲙ ⳿ⲡⲥⲱϫⲡ ⲉϥ⳿ⲉⲛⲟϩⲉⲙ.
27ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
28ⲟⲩⲥⲁϫⲓ ⲅⲁⲣ ⲉϥϫⲱⲕ ⳿ⲙⲙⲟϥ ⳿ⲉⲃⲟⲗ ⲟⲩⲟϩ ⲉϥϣⲱⲧ ⳿ⲙⲙⲟϥ ⳿ⲉⲃⲟⲗ ⲫⲏⲉⲧⲉ Ⲡ⳪ ⲛⲁⲁⲓϥ ϩⲓϫⲉⲛ ⳿ⲡⲕⲁϩⲓ.
28အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှါ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည်မြေပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။
29ⲟⲩⲟϩ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲟⲛ ⲉⲧⲁϥϫⲟⲥ ⳿ⲛϫⲉ ⲏⲥⲁ⳿ⲏⲁⲥ ϫⲉ ⲉⲛⲉ⳿ⲙⲡⲉ Ⲡ⳪ ⲥⲁⲃⲁⲱⲑ ⲥⲱϫⲡ ⳿ⲛⲟⲩ⳿ϫⲣⲟϫ ⲛⲁⲛ ⲛⲁⲛⲛⲁⲉⲣ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲥⲟⲇⲟⲙⲁ ⲡⲉ ⲟⲩⲟϩ ⲛⲁⲛⲛⲁ⳿ⲓⲛⲓ ⳿ⲛⲅⲟⲙⲟⲣⲣⲁ.
29ထိုသို့နှင့်အညီ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင်၊ ငါတို့သည်သောဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
30ⲟⲩ ϫⲉ ⲡⲉⲧⲉⲛⲛⲁϫⲟϥ ϫⲉ ⲛⲓⲉⲑⲛⲟⲥ ⲉⲧⲉ ⳿ⲙⲡⲟⲩϭⲟϫⲓ ⳿ⲛⲥⲁ ϯⲙⲉⲑⲙⲏⲓ ⲁⲩⲧⲁϩⲉ ϯⲙⲉⲑⲙⲏ ⲓ ϯⲙⲉⲑⲙⲏⲓ ⲇⲉ ϯ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲫⲛⲁϩϯ.
30ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သောတပါး အမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။
31⳿ⲡⲓⲥ̅ⲗ̅ ⲇⲉ ⲉϥϭⲟϫⲓ ⳿ⲛⲥⲁ ⲡⲓⲛⲟⲙⲟⲥ ⳿ⲛⲧⲉ ϯⲙⲉⲑⲙⲏⲓ ⳿ⲙⲡⲉϥⲫⲟϩ ⳿ⲉⲡⲓⲛⲟⲙⲟⲥ.
31ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။
32ⲉⲑⲃⲉⲟⲩ ϫⲉ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲫⲛⲁϩϯ ⲁⲛ ⲡⲉ ⲁⲗⲗⲁ ϩⲱⲥ ⳿ⲉⲃⲟⲗ ϧⲉⲛ ϩⲁⲛ⳿ϩⲃⲏⲟⲩ⳿Ⲓ ⲁⲩϭⲓϭⲣⲟⲡ ⳿ⲉⲡⲓⲱⲛⲓ ⳿ⲛϭⲣⲟⲡ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧ⳿ⲥϧⲏⲟⲩⲧ.
32အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်း အားဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြ သတည်း။
33ϫⲉ ϩⲏⲡⲡⲉ ϯⲛⲁⲭⲱ ϧⲉⲛ ⲥⲓⲱⲛ ⳿ⲛⲟⲩⲱⲛⲓ ⳿ⲛϭⲣⲟⲡ ⲛⲉⲙ ⲟⲩⲡⲉⲧⲣⲁ ⳿ⲛ⳿ⲥⲕⲁⲛⲇⲁⲗⲟⲛ ⲟⲩⲟϩ ⲫⲏⲉⲑⲛⲁϩϯ ⳿ⲉⲣⲟϥ ⳿ⲛⲛⲉϥϭⲓϣⲓⲡⲓ
33ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။