Croatian

Myanmar

1 Timothy

3

1Vjerodostojna je riječ: teži li tko za nadgledništvom, časnu službu želi.
1သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟုသော စကားသည် မှန်သောစကားဖြစ်၏။
2Treba stoga da nadglednik bude besprijekoran, jedne žene muž, trijezan, razuman, sređen, gostoljubiv, sposoban poučavati,
2ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။
3ne vinu sklon, ne nasilan nego popustljiv, ne ratoboran, ne srebroljubac;
3စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သော စီးပွါးကိုတပ်မက်ခြင်းမရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။
4da svojom kućom dobro upravlja i sinove drži u pokornosti sa svom ozbiljnošću -
4မိမိအိမ်ကိုကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။
5a ne zna li netko svojom kućom upravljati, kako će se brinuti za Crkvu Božju? -
5မိမိအိမ်ကိုမအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။
6ne novoobraćenik da se ne bi uzoholio i pao pod osudu đavlovu.
6မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။
7A treba da ima i lijepo svjedočanstvo od onih vani, da ne bi u rug upao i zamku đavlovu.
7ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူဘို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။
8Ðakoni isto tako treba da budu ozbiljni, ne dvolični, ne odani mnogom vinu ni prljavu dobitku -
8ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွါးကို တပ်မက်သောသူ မဖြစ်ရကြ။
9imajući otajstvo vjere u čistoj savjesti.
9ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။
10I neka se najprije iskušavaju, pa onda, budu li besprigovorni, neka obavljaju službu.
10သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။
11Žene isto tako neka budu ozbiljne, ne klevetnice nego trijezne, vjerne u svemu.
11ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူဖြစ်ရကြမည်။
12đakoni neka budu jedne žene muževi, neka dobro upravljaju djecom i svojim kućama.
12သင်းထောက်သည် မယားတယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။
13Jer oni koji dobro obavljaju službu, stječu častan položaj i veliku smjelost u vjeri, vjeri u Isusu Kristu.
13အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို၎င်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။
14Ovo ti pišem u nadi da ću ubrzo doći k tebi,
14သင်ရှိရာသို့ငါမြန်မြန်လာမည်ဟု မြော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ သင်သည် ဘုရားသခင်၏အိမ်ထောင်၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်၏။
15a okasnim li, da znaš kako se treba vladati u kući Božjoj, koja je Crkva Boga živoga, stup i uporište istine.
15ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။
16Da, po sveopćem uvjerenju, veliko je Otajstvo pobožnosti: On, očitovan u tijelu, opravdan u Duhu, viđen od anđela, propovijedan među narodima, vjerovan u svijetu, uznesen u slavu.
16မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။