Croatian

Myanmar

Acts

17

1Prošavši kroz Amfipol i Apoloniju, stigoše u Solun, gdje bijaše židovska sinagoga.
1ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို ရှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားစရပ်ရှိ၏။
2Po običaju uđe Pavao onamo. Tri je subote s njima raspravljao na temelju Pisama.
2ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ ဝင်၍၊ ဥပုသ် နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊
3Tumačio je i izlagao: "Trebalo je da Krist trpi i uskrsne od mrtvih. Taj Krist jest Isus koga vam ja navješćujem."
3ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။
4Neki se od njih uvjeriše pa se pridružiše Pavlu i Sili; tako i veliko mnoštvo bogobojaznih Grka i nemalo uglednih žena.
4ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဘော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။
5Židove nato spopade zavist pa pridobiše neke opake uličnjake, potakoše ih i pobuniše grad te nahrupiše u kuću Jasonovu tražeći da se Pavao i Sila izvedu pred narod.
5ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ၏။
6Kako ih ne nađoše, odvukoše Jasona i neke od braće pred gradske glavare vičući: "Evo i ovdje onih koji pobuniše sav svijet.
6မတွေ့လျှင်၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။
7Jason ih je ugostio. Svi oni rade protiv carskih odredaba: tvrde da postoji drugi kralj - Isus."
7ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊
8Time uzbuniše svjetinu i glavare koji su to čuli
8မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ၏။
9te oni od Jasona i ostalih uzeše jamčevinu pa ih pustiše.
9ထိုအခါ ယာသုန်မှစ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။
10Braća su pak brže-bolje noću odaslala Pavla i Silu u Bereju. Kad su stigli, odoše u židovsku sinagogu.
10ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ ဝင်ကြ၏။
11Ovi su Židovi bili plemenitiji od solunskih: primili su Riječ sa svom spremnošću i danomice istraživali Pisma, da li je to tako.
11ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။
12Mnogi od njih stoga povjerovaše, a tako i nemalo uglednih grčkih žena i muževa.
12ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမ တို့နှင့် ယောက်ျားအများတို့သည် လည်း ယုံကြည်ကြ၏။
13Ali kad su solunski Židovi doznali da Pavao i u Bereji navješćuje riječ Božju, odoše te i ondje podjariše i uzbuniše svjetinu.
13ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
14Braća tada brže-bolje uputiše Pavla k moru. Sila pak i Timotej ostadoše ondje.
14ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။
15Pratioci dovedoše Pavla do Atene pa se vratiše noseći Sili i Timoteju zapovijed da što prije dođu k njemu.
15ပေါလုကိုပို့သောသူတို့သည် အာသင်မြို့ တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ပြန်ကြ၏။
16Dok ih je u Ateni iščekivao, ogorči se Pavao u duši promatrajući kako je grad pokumiren.
16ပေါလုသည်အာသင်မြို့၌ သိလနှင့် တိမောသေ တို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူ ပန်ခြင်းသို့ရောက်၏။
17Međutim raspravljaše u sinagogi sa Židovima i bogobojaznima, a na trgu svaki dan s onima koji bi se ondje zatekli.
17ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့်၎င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
18Dobacivahu mu i neki od epikurejskih i stoičkih filozofa. Jedni su govorili: "Što bi htjela reći ta čavka?" Drugi pak: "Navješćuje, čini se, neke tuđe bogove." Jer navješćivaše Isusa i uskrsnuće.
18ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့ သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရသောလူသည် အဘယ်သိုပပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏ တရားနှင့်ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။
19Onda su ga uzeli i odveli na Areopag i upitali: "Bismo li mogli znati kakav to nov nauk naučavaš?
19ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင်၊ သင်သည် ဟော ပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော။
20Čudnovatim nam nekim tvrdnjama uši puniš. Željeli bismo stoga znati što bi to imalo biti."
20ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည် ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။
21Nijedan Atenjanin ni doseljeni stranac ni na što drugo ne trati vrijeme nego na pripovijedanje i slušanje novosti.
21အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည် များ တို့သည် သိတင်းစကားကိုကြားပြောခြင်း၊ နား ထောင်ခြင်း အမှုမှတပါး အခြားသော အမှုဖြင့်ကာလကို မလွန်စေတတ်ကြ။
22Tada Pavao stade posred Areopaga i reče: "Atenjani! U svemu ste, vidim, nekako veoma bogoljubni.
22ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင်ပါ၏။
23Doista, prolazeći i promatrajući vaše svetinje nađoh i žrtvenik s natpisom: Nepoznatom Bogu. Što dakle ne poznajete, a štujete, to vam ja navješćujem."
23လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့ မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့ သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။
24"Bog koji stvori svijet i sve na njemu, on, neba i zemlje Gospodar, ne prebiva u rukotvorenim hramovima;
24လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။
25i ne poslužuju ga ljudske ruke, kao da bi što trebao, on koji svima daje život, dah i - sve.
25ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်း သောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစုံ တခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မဟုတ်။
26Od jednoga sazda cijeli ljudski rod da prebiva po svem licu zemlje; ustanovi određena vremena i međe prebivanja njihova
26ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။
27da traže Boga, ne bi li ga kako napipali i našli. Ta nije daleko ni od koga od nas.
27အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။
28U njemu doista živimo, mičemo se i jesmo, kao što i neki od vaših pjesnika rekoše: "Njegov smo čak i rod!"
28ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသ တည်း။
29"Ako smo dakle rod Božji, ne smijemo smatrati da je božanstvo slično zlatu, srebru ili kamenu, liku isklesanu umijećem i maštom ljudskom."
29ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ် သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။
30"I ne obazirući se na vremena neznanja, nutka sada Bog ljude da se svi i posvuda obrate
30ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
31jer ustanovi Dan u koji će suditi svijetu po pravdi, po Čovjeku kojega odredi, pred svima ovjerovi uskrisivši ga od mrtvih."
31အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။
32Kad čuše "uskrsnuće od mrtvih", jedni se stadoše rugati, a drugi rekoše: "Još ćemo te o tom slušati!"
32သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။
33Tako se Pavao povuče od njih.
33ထိုသို့ဆိုကြသော အခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ၏။
34Neki ipak prionuše uza nj i povjerovaše; među njima i Dionizije Areopagit, neka žena imenom Damara i drugi s njima.
34လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင်ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတယောက်၊ ဒမောရိ အမည်ရှိသော မိန်းမတယောက်မှစ၍ အခြားသောသူရှိ ကြ၏။