Croatian

Myanmar

Acts

25

1Fest dakle tri dana nakon dolaska u provinciju uziđe iz Cezareje u Jeruzalem.
1ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိ သောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။
2Veliki mu svećenici i prvaci židovski izniješe tužbu protiv Pavla te ga zaklinjahu
2ထိုအခါယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူ အကြီးအကဲတို့သည်၊
3ištući milost protiv Pavla: da ga pošalje u Jeruzalem. Jer spremali su zasjedu da ga putom smaknu.
3ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။
4Ali Fest odvrati kako Pavao treba da ostane zatvoren u Cezareji, a i on da će uskoro onamo.
4ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။
5"Ovlašteni dakle među vama, reče, neka sa mnom siđu pa ako na tom čovjeku ima krivnje, neka ga tuže."
5သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
6Pošto se u njih zadrži najviše osam ili deset dana, siđe u Cezareju. Sutradan sjede na sudačku stolicu i zapovjedi da se dovede Pavao.
6ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
7Kad se on pojavi, okružiše ga Židovi koji su sišli iz Jeruzalema i izniješe protiv njega mnoge i teške optužbe kojih ne mogahu dokazati.
7ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။
8Pavao se branio: "Ničim se nisam ogriješio ni o židovski Zakon, ni o Hram, ni o cara."
8ပေါလုကလည်း၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကိုပြောလေ၏။
9Nato Fest hoteći ugoditi Židovima, odvrati Pavlu: "Hoćeš li u Jeruzalem da ti se ondje za to sudi preda mnom?"
9သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။
10A Pavao će: "Stojim pred sudom carevim, gdje treba da mi se sudi. Židovima ništa ne skrivih, kao što i ti veoma dobro znaš.
10ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ။
11Ako sam pak doista što skrivio i učinio štogod što zavređuje smrt, ne izmičem smrti; ako li pak ne stoji ono za što me ovi tuže, nitko me ne može njima izručiti. Na cara se prizivljem!"
11အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။
12Tada se Fest posavjetova s vijećem pa odgovori: "Na cara si se prizvao, pred cara ćeš ići!"
12ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည်ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
13Nekoliko dana poslije dođu kralj Agripa i Berenika u Cezareju da pozdrave Festa.
13ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။
14Kako se ondje zadržaše nekoliko dana, izloži Fest kralju to o Pavlu: "Ima neki čovjek, reče, što ga je Feliks ostavio uznikom.
14အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။
15Kad bijah u Jeruzalemu, izniješe veliki svećenici i starješine protiv njega tužbu i zatražiše osudu.
15ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊
16Odgovorih im da u Rimljana nije običaj izručivati kojega čovjeka prije negoli se, optužen, suoči s tužiteljima i dobije prigodu da se brani od optužbe.
16ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို၏။
17Pošto zajedno dođosmo ovamo, bez ikakva odgađanja sjedoh ja sutradan na sudačku stolicu i zapovjedih dovesti toga čovjeka.
17ထိုသူတို့သည်ဤမြို့သို့ ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲနက်ဖြန်နေ့၌ တရားပလ္လင် ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။
18Tužitelji ga okružiše, ali ne izniješe tužbe ni za jedno od zlodjela koja sam ja naslućivao,
18သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်၎င်း၊ ယေရှုအမည်ရှိသော၊
19nego su protiv njega imali nešto prijeporno o svojoj vjeri i o nekom Isusu koji je umro, a Pavao tvrdi da je živ.
19သေပြီးသော သူတယောက်နှင့်၎င်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။
20Ne snalazeći se u takvoj raspravi, upitah bi li htio u Jeruzalem da mu se ondje za to sudi.
20ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင်မြို့သို့ သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊
21Budući da se Pavao prizivom podložio presudi njegova Veličanstva, zapovjedih da ga čuvaju dok ga ne pošaljem caru."
21ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။
22Na to će Agripa Festu: "Htio bih i ja čuti toga čovjeka." "Sutra ćeš ga, reče, čuti."
22အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နတ်ဖြန်နေ့၌ သူ၏စကားကိုနားထောင်ပါလော့ဟု ဆို၏။
23Sutradan dakle dođu Agripa i Berenika s velikim sjajem te uđu u dvoranu zajedno s tisućnicima i najuglednijim gradskim muževima. Kad na zapovijed Festovu dovedu Pavla,
23နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ၏။
24reče Fest: "Agripa, kralju, i vi svi ovdje s nama nazočni, gledajte ovoga čovjeka! Zbog njega me sav narod židovski salijetao i u Jeruzalemu i ovdje vičući da on ne smije više živjeti.
24ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း ယုဒလူများအပေါင်း တို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အား လျှောက်၍၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။
25Ali ja nađoh da nije učinio ništa čime bi zaslužio smrt pa kad se on sam prizvao na njegovo Veličanstvo, odlučih poslati mu ga.
25သူသည်သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍၎င်း၊ သူသည်ဘုန်းကြီတော်မူသော ဘုရင်၏ အယူတော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှါ ကျွန်ုပ်စီရင်၏။
26Ja nemam ništa pouzdano o njemu napisati Gospodaru. Zato ga izvedoh pred vas, ponajpače preda te, kralju Agripa, da bih nakon ove istrage imao što napisati.
26သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌၎င်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။
27Čini mi se doista besmislenim poslati uznika, a ne naznačiti optužbu protiv njega."
27အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ် မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည် ထင်ပါသည် ဟုဆို၏။