Croatian

Myanmar

Colossians

2

1Htio bih uistinu da znate koliko mi se boriti za vas, za one u Laodiceji i za sve koji me nisu vidjeli licem u lice:
1သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်။
2da se ohrabre srca njihova, povezana u ljubavi, te se vinu do svega bogatstva, punine shvaćanja, do spoznanja otajstva Božjega - Krista,
2မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဥာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။
3u kojem su sva bogatstva mudrosti i spoznaje skrivena.
3ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။
4To govorim zato da vas tko ne prevari zavodljivim riječima.
4အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤ စကားကို ငါပြောဆို၏။
5Jer ako sam tijelom nenazočan, duhom sam ipak s vama: s radošću promatram vaš red i čvrstoću vaše vjere u Krista.
5ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည် ကို၎င်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။
6Kao što primiste Krista Isusa, Gospodina, tako u njemu živite:
6ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊
7ukorijenjeni i nazidani na njemu i učvršćeni vjerom kako ste poučeni, obilujte zahvaljivanjem.
7ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။
8Pazite da vas tko ne odvuče mudrovanjem i ispraznim zavaravanjem što se oslanja na predaju ljudsku, na "počela svijeta", a ne na Krista.
8ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှါ သတိပြုကြလော့။
9Jer u njemu tjelesno prebiva sva punina božanstva; te ste i vi
9အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။
10ispunjeni u njemu, koji je glava svakoga Vrhovništva i Vlasti.
10အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။
11U njemu ste i obrezani obrezanjem nerukotvorenim - svukoste tijelo puteno - obrezanjem Kristovim:
11ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
12s njime suukopani u krštenju, u njemu ste i suuskrsli po vjeri u snagu Boga koji ga uskrisi od mrtvih.
12ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။
13On i vas, koji bijaste mrtvi zbog prijestupa i neobrezanosti svoga tijela, i vas on oživi zajedno s njime. Milostivo nam je oprostio sve prijestupe,
13ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။
14izbrisao zadužnicu koja propisima bijaše protiv nas, protivila nam se. Nju on ukloni pribivši je na križ.
14ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။
15Skinu Vrhovništva i Vlasti, javno to pokaza: u pobjedničkoj ih povorci s njime vodi.
15အထွဋ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။
16Neka vas dakle nitko ne sudi po jelu ili po piću, po blagdanima, mlađacima ili subotama.
16ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။
17To je tek sjena onoga što dolazi, a zbiljnost jest - tijelo Kristovo.
17ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။
18Nitko neka vas ne podcjenjuje zato što on sam uživa u "poniznosti i štovanju anđela", zadubljuje se u svoja viđenja, bezrazložno se nadima tjelesnom pameću svojom,
18ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင် သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌၎င်း မွေ့လျော် သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။
19a ne drži se Glave, Njega od kojeg sve Tijelo, zglobovima i svezama zbrinuto i povezano, raste rastom Božjim.
19ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွါးတတ်၏။
20Ako ste s Kristom umrli za počela svijeta, zašto se, kao da još u ovom svijetu živite, dajete pod propise:
20သင်တို့သည် ခရစ်တော်နှင့် အတူသေ၍၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင်၊
21"Ne diraj, ne kušaj, ne dotiči"?
21မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ် ကြောင့် နားထောင်ကြသနည်း။
22Sve će to uporabom propasti. Uredbe i nauci ljudski!
22လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ၏။
23Po samozvanu bogoštovlju, poniznosti i trapljenju tijela sve to doduše slovi kao mudrost, ali nema nikakve vrijednosti, samo zasićuje tijelo.
23ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။