Croatian

Myanmar

John

19

1Tada Pilat uze i izbičeva Isusa.
1ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊
2A vojnici spletoše vijenac od trnja i staviše mu ga na glavu; i zaogrnuše ga grimiznim plaštem.
2စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေ ပြီးလျှင်၊
3I prilazili su mu i govorili: "Zdravo kralju židovski!" I pljuskali su ga.
3ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။
4A Pilat ponovno iziđe i reče im: "Evo vam ga izvodim da znate: ne nalazim na njemu nikakve krivice."
4ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။
5Iziđe tada Isus s trnovim vijencem, u grimiznom plaštu. A Pilat im kaže: "Evo čovjeka!"
5ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကိုဝတ်လျက် အပြင်သို့ထွက်ကြွတော် မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟိုဆို၏။
6I kad ga ugledaše glavari svećenički i sluge, povikaše: "Raspni, raspni!" Kaže im Pilat: "Uzmite ga vi i raspnite jer ja ne nalazim na njemu krivice."
6ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ ဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊
7Odgovoriše mu Židovi: "Mi imamo Zakon i po Zakonu on mora umrijeti jer se pravio Sinom Božjim."
7ယုဒလူတို့က၊ ဤသူသည်ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။
8Kad je Pilat čuo te riječi, još se više prestraši
8ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊
9pa ponovno uđe u dvor i kaže Isusu: "Odakle si ti?" No Isus mu ne dade odgovora.
9ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တခွန်းကိုမျှပြန်တော်မမူ၊
10Tada mu Pilat reče: "Zar meni ne odgovaraš? Ne znaš li da imam vlast da te pustim i da imam vlast da te razapnem?"
10ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင် သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိလောဟုဆိုသော်၊
11Odgovori mu Isus: "Ne bi imao nada mnom nikakve vlasti da ti nije dano odozgor. Zbog toga ima veći grijeh onaj koji me predao tebi."
11အထက်အရပ်မှအခွင့်ကို မရလျှင်မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသောသူသည်သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။
12Od tada ga je Pilat nastojao pustiti. No Židovi vikahu: "Ako ovoga pustiš, nisi prijatelj caru. Tko se god pravi kraljem, protivi se caru."
12ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာ ဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။
13Čuvši te riječi, Pilat izvede Isusa i posadi na sudačku stolicu na mjestu koje se zove Litostrotos - Pločnik, hebrejski Gabata -
13ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသ အမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။
14a bijaše upravo priprava za Pashu, oko šeste ure - i kaže Židovima: "Evo kralja vašega!"
14ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊
15Oni na to povikaše: "Ukloni! Ukloni! Raspni ga!" Kaže im Pilat: "Zar kralja vašega da razapnem?" Odgovoriše glavari svećenički: "Mi nemamo kralja osim cara!"
15ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူအများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။
16Tada im ga preda da se razapne. Uzeše dakle Isusa.
16ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ထုတ်သွားကြ၏။
17I noseći svoj križ, iziđe on na mjesto zvano Lubanjsko, hebrejski Golgota.
17ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျှက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက် တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။
18Ondje ga razapeše, a s njim i drugu dvojicu, s jedne i druge strane, a Isusa u sredini.
18ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။
19A napisa Pilat i natpis te ga postavi na križ. Bilo je napisano: "Isus Nazarećanin, kralj židovski."
19ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူ မူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။
20Taj su natpis čitali mnogi Židovi jer mjesto gdje je Isus bio raspet bijaše blizu grada, a bilo je napisano hebrejski, latinski i grčki.
20ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ၏။
21Nato glavari svećenički rekoše Pilatu: "Nemoj pisati: 'Kralj židovski', nego da je on rekao: 'Kralj sam židovski.'"
21ထိုကြောင့်ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟုလျှောက်ကြလျှင်၊
22Pilat odgovori: "Što napisah, napisah!"
22ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။
23Vojnici pak, pošto razapeše Isusa, uzeše njegove haljine i razdijeliše ih na četiri dijela - svakom vojniku po dio. A uzeše i donju haljinu, koja bijaše nešivena, otkana u komadu odozgor dodolje.
23စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊
24Rekoše zato među sobom: "Ne derimo je, nego bacimo za nju kocku pa komu dopane" - da se ispuni Pismo koje veli: Razdijeliše među se haljine moje, za odjeću moju baciše kocku. I vojnici učiniše tako.
24ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။
25Uz križ su Isusov stajale majka njegova, zatim sestra njegove majke, Marija Kleofina, i Marija Magdalena.
25ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။
26Kad Isus vidje majku i kraj nje učenika kojega je ljubio, reče majci: "Ženo! Evo ti sina!" Zatim reče učeniku: "Evo ti majke!"
26ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊
27I od toga časa uze je učenik k sebi.
27တပည့်တော်အားလည်း၊ သင်၏အမိကိုကြည့်ပါဟူ၍၎င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော် သည် မယ်တော်ကိုမိမိအိမ်၌ သိမ်းထား၏။
28Nakon toga, kako je Isus znao da je sve dovršeno, da bi se ispunilo Pismo, reče: "Žedan sam."
28ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။
29A ondje je stajala posuda puna octa. I natakoše na izopovu trsku spužvu natopljenu octom pa je primakoše njegovim ustima.
29ထိုအရပ်၌ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကိုပုံရည်နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။
30Čim Isus uze ocat, reče: "Dovršeno je!" I prignuvši glavu, preda duh.
30ယေရှုသည် ပုံရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက် တော်ကို စွန့်တော်မူ၏။
31Kako bijaše Priprava, da ne bi tijela ostala na križu subotom, jer velik je dan bio one subote, Židovi zamoliše Pilata da se raspetima prebiju golijeni i da se skinu.
31ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။
32Dođoše dakle vojnici i prebiše golijeni prvomu i drugomu koji su s Isusom bili raspeti.
32ထိုအခါစစ်သူရဲတို့သည် သွား၍ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ် ယောက်တို့၏ ခြေကိုချိုးလေ၏။
33Kada dođoše do Isusa i vidješe da je već umro, ne prebiše mu golijeni,
33ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကို မြင်လျှင်ခြေကို မချိုးဘဲ၊
34nego mu jedan od vojnika kopljem probode bok i odmah poteče krv i voda.
34စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ၏။
35Onaj koji je vidio svjedoči i istinito je svjedočanstvo njegovo. On zna da govori istinu da i vi vjerujete
35ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည်ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။
36jer se to dogodilo da se ispuni Pismo: Nijedna mu se kost neće slomiti.
36ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်းတည်း။
37I drugo opet Pismo veli: Gledat će onoga koga su proboli.
37တဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။
38Nakon toga Josip iz Arimateje, koji je - kriomice, u strahu od Židova - bio učenik Isusov, zamoli Pilata da smije skinuti tijelo Isusovo. I dopusti mu Pilat. Josip dakle ode i skine Isusovo tijelo.
38ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။
39A dođe i Nikodem - koji je ono prije bio došao Isusu noću - i donese sa sobom oko sto libara smjese smirne i aloja.
39အထက်ကညဉ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသောမုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက်လာ၏။
40Uzmu dakle tijelo Isusovo i poviju ga u povoje s miomirisima, kako je u Židova običaj za ukop.
40ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။
41A na mjestu gdje je Isus bio raspet bijaše vrt i u vrtu nov grob u koji još nitko ne bijaše položen.
41လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင်ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်တွင် တယောက်ကိုမျှ မသင်္ဂြိုဟ် ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။
42Ondje dakle zbog židovske Priprave, jer grob bijaše blizu, polože Isusa.
42ယုဒလူတို့၏ အဘိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းအတွင်း၌ အလောင်း တော်ကိုထားကြ၏။