1Nakon toga ode Isus na drugu stranu Galilejskog, Tiberijadskog mora.
1ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။
2Slijedilo ga silno mnoštvo jer su gledali znamenja što ih je činio na bolesnicima.
2အနာရောဂါစွဲသောသူတို့၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။
3A Isus uziđe na goru i ondje sjeđaše sa svojim učenicima.
3ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။
4Bijaše blizu Pasha, židovski blagdan.
4ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။
5Isus podigne oči i ugleda kako silan svijet dolazi k njemu pa upita Filipa: "Gdje da kupimo kruha da ovi blaguju?"
5ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော် မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ၏။
6To reče kušajući ga; jer znao je što će učiniti.
6ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ၏။
7Odgovori mu Filip: "Za dvjesta denara kruha ne bi bilo dosta da svaki nešto malo dobije."
7ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မ လောက်ပါဟုလျှောက်၏။
8Kaže mu jedan od njegovih učenika, Andrija, brat Šimuna Petra:
8ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊
9"Ovdje je dječak koji ima pet ječmenih kruhova i dvije ribice! Ali što je to za tolike?"
9မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှ လောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။
10Reče Isus: "Neka ljudi posjedaju!" A bilo je mnogo trave na tome mjestu. Posjedaše dakle muškarci, njih oko pet tisuća.
10ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။
11Isus uze kruhove, izreče zahvalnicu pa razdijeli onima koji su posjedali. A tako i od ribica - koliko su god htjeli.
11ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့် တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ၏။
12A kad se nasitiše, reče svojim učenicima: "Skupite preostale ulomke da ništa ne propadne!"
12ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊
13Skupili su dakle i napunili dvanaest košara ulomaka što od pet ječmenih kruhova pretekoše onima koji su blagovali.
13စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ် တောင်းအပြည့်ရကြ၏။
14Kad su ljudi vidjeli znamenje što ga Isus učini, rekoše: "Ovo je uistinu Prorok koji ima doći na svijet!"
14ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်ဟု ဆိုကြ၏။
15Kad Isus spozna da kane doći, pograbiti ga i zakraljiti, povuče se ponovno u goru, posve sam.
15ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါလာ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်းကြွတော်မူပြန်၏။
16Kad nasta večer, siđoše njegovi učenici k moru,
16ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ရောက်ပြီးလျှင်၊ ကပေရနောင်မြို့သို့ရောက်အံ့သောငှါ အိုင်ကိုကူးကြ၏။
17uđoše u lađicu i krenuše na onu stranu mora, u Kafarnaum. Već se i smrklo, a Isusa još nikako k njima.
17ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။
18More se uzburkalo od silnog vjetra što je zapuhao.
18လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။
19Pošto su dakle isplovili oko dvadeset i pet do trideset stadija, ugledaju Isusa gdje ide po moru i približava se lađici. Prestraše se,
19ခရီးတတိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ရောက်သောအခါ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေ အနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောင့်လန့်ခြင်းရှိကြ၏။
20a on će njima: "Ja sam! Ne bojte se!"
20ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောင့်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက်စွာခံယူကြ၏။
21Htjedoše ga uzeti u lađicu, kadli se lađica odmah nađe na obali kamo su se zaputili.
21လှေသည်လည်းရောက်လိုသောရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။
22Sutradan mnoštvo, koje osta s onu stranu mora, zapazi da ondje bijaše samo jedna lađica i da Isus nije bio ušao zajedno sa svojim učenicima u lađicu, nego da oni odoše sami.
22အိုင်တဘက်၌နေသော လူအစုအဝေးတို့သည်ကား၊
23Iz Tiberijade pak stigoše druge lađice blizu onog mjesta gdje jedoše kruh pošto je Gospodin izrekao zahvalnicu.
23အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့် တော်တို့သာ သွားသည်ကို၎င်း မြင်ကြ၍၊
24Kada dakle mnoštvo vidje da ondje nema Isusa ni njegovih učenika, uđu u lađice i odu u Kafarnaum tražeći Isusa.
24ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ၏။
25Kad ga nađoše s onu stranu mora, rekoše mu: "Učitelju, kad si ovamo došao?"
25အိုင်တဘက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။
26Isus im odgovori: "Zaista, zaista, kažem vam: tražite me, ali ne stoga što vidjeste znamenja, nego stoga što ste jeli od onih kruhova i nasitili se.
26ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။
27Radite, ali ne za hranu propadljivu, nego za hranu koja ostaje za život vječni: nju će vam dati Sin Čovječji jer njega Otac - Bog - opečati."
27မုန့်ကို စား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
28Rekoše mu dakle: "Što nam je činiti da bismo radili djela Božja?"
28ထိုသူတို့ကလည်း။ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ၏။
29Odgovori im Isus: "Djelo je Božje da vjerujete u onoga kojega je on poslao."
29ယေရှုကလည်း၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။
30Rekoše mu onda: "Kakvo ti znamenje činiš da vidimo pa da ti vjerujemo? Koje je tvoje djelo?
30ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။
31Očevi naši blagovaše manu u pustinji, kao što je pisano: Nahrani ih kruhom nebeskim."
31ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ဘိုးဘေးများသည်တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။
32Reče im Isus: "Zaista, zaista, kažem vam: nije vam Mojsije dao kruh s neba, nego Otac moj daje vam kruh s neba, kruh istinski;
32ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။
33jer kruh je Božji Onaj koji silazi s neba i daje život svijetu."
33ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊
34Rekoše mu nato: "Gospodine, daj nam uvijek toga kruha."
34သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။
35Reče im Isus: "Ja sam kruh života. Tko dolazi k meni, neće ogladnjeti; tko vjeruje u mene, neće ožednjeti nikada.
35ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။
36No rekoh vam: vidjeli ste me, a opet ne vjerujete.
36သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။
37Svi koje mi daje Otac doći će k meni, i onoga tko dođe k meni neću izbaciti;
37ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ်။
38jer siđoh s neba ne da vršim svoju volju, nego volju onoga koji me posla.
38အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။
39A ovo je volja onoga koji me posla: da nikoga od onih koje mi je dao ne izgubim, nego da ih uskrisim u posljednji dan.
39ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက် ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊
40Da, to je volja Oca mojega da tko god vidi Sina i vjeruje u njega, ima život vječni i ja da ga uskrisim u posljednji dan."
40သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလို တော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။
41Židovi nato mrmljahu protiv njega što je rekao: "Ja sam kruh koji je sišao s neba."
41ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊
42Govorahu: "Nije li to Isus, sin Josipov? Ne poznajemo li mu oca i majku? Kako sada govori: 'Sišao sam s neba?'"
42ဤသူသည် ယောသပ်၏သား ယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကိုငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။
43Isus im odvrati: "Ne mrmljajte među sobom!
43ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။
44Nitko ne može doći k meni ako ga ne povuče Otac koji me posla; i ja ću ga uskrisiti u posljednji dan.
44ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာ နိုင်။ လာသောသူကိုနောက်ဆုံသောနေ့၌ ငါထမြောက်စေမည်။
45Pisano je u Prorocima: Svi će biti učenici Božji. Tko god čuje od Oca i pouči se, dolazi k meni.
45အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။
46Ne da bi tko vidio Oca, doli onaj koji je kod Boga; on je vidio Oca.
46ထိုသို့ငါဆိုသော၊ ဘရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်တယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။
47Zaista, zaista, kažem vam: tko vjeruje, ima život vječni.
47ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။
48Ja sam kruh života.
48ငါသည်အသက်မုန့်ဖြစ်၏။
49Očevi vaši jedoše u pustinji manu i pomriješe.
49သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။
50Ovo je kruh koji silazi s neba: da tko od njega jede, ne umre.
50ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။
51Ja sam kruh živi koji je s neba sišao. Tko bude jeo od ovoga kruha, živjet će uvijeke. Kruh koji ću ja dati tijelo je moje - za život svijeta."
51ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။
52Židovi se nato među sobom prepirahu: "Kako nam ovaj može dati tijelo svoje za jelo?"
52ထိုအခါ ယုဒလူတို့က၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။
53Reče im stoga Isus: "Zaista, zaista, kažem vam: ako ne jedete tijela Sina Čovječjega i ne pijete krvi njegove, nemate života u sebi!
53ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူ၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင် တို့၌ အသက်မရှိ။
54Tko blaguje tijelo moje i pije krv moju, ima život vječni; i ja ću ga uskrisiti u posljednji dan.
54ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။
55Tijelo je moje jelo istinsko, krv je moja piće istinsko.
55ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏ အသွေးလည်းသောက်စရာကောင်း၏။
56Tko jede moje tijelo i pije moju krv, u meni ostaje i ja u njemu.
56ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။
57Kao što je mene poslao živi Otac i ja živim po Ocu, tako i onaj koji mene blaguje živjet će po meni.
57အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။
58Ovo je kruh koji je s neba sišao, ne kao onaj koji jedoše očevi i pomriješe. Tko jede ovaj kruh, živjet će uvijeke."
58ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု၊
59To reče Isus naučavajući u sinagogi u Kafarnaumu.
59ကပေရနောင်မြို့မှာရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။
60Mnogi od njegovih učenika čuvši to rekoše: "Tvrda je to besjeda! Tko je može slušati?"
60တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ၏။
61A Isus znajući sam od sebe da njegovi učenici zbog toga mrmljaju, reče im: "Zar vas to sablažnjava?
61ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင်၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့။
62A što ako vidite Sina Čovječjega kako uzlazi onamo gdje je prije bio?"
62လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း။
63"Duh je onaj koji oživljuje, tijelo ne koristi ništa. Riječi koje sam vam govorio duh su i život su."
63ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။
64"A ipak, ima ih među vama koji ne vjeruju." Jer znao je Isus od početka koji su oni što ne vjeruju i tko je onaj koji će ga izdati.
64သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူတချို့ရှိ၏။
65I doda: "Zato sam vam i rekao da nitko ne može doći k meni ako mu nije dano od Oca."
65ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။
66Otada mnogi učenici odstupiše, više nisu išli s njime.
66ထိုအခါမှစ၍ တပည့်တော်များတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ဘဲ ဆုတ်သွားကြ၏။
67Reče stoga Isus dvanaestorici: "Da možda i vi ne kanite otići?"
67ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင်၊
68Odgovori mu Šimun Petar: "Gospodine, kome da idemo? Ti imaš riječi života vječnoga!
68ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။
69I mi vjerujemo i znamo: ti si Svetac Božji."
69ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ် တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည်ဟုလျှောက်လေ၏။
70Odgovori im Isus: "Nisam li ja vas dvanaestoricu izabrao? A ipak, jedan je od vas đavao."
70ယေရှုကလည်း၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ၏။
71Govoraše to o Judi, sinu Šimuna Iškariotskoga, jednom od dvanaestorice, jer on ga je imao izdati.
71ထိုသို့မိန့်တော်မူသော်၊ ထကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကိုဆိုလိုသတည်း။