Croatian

Myanmar

Matthew

4

1Duh tada odvede Isusa u pustinju da ga đavao iskuša.
1ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
2I propostivši četrdeset dana i četrdeset noći, napokon ogladnje.
2ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
3Tada mu pristupi napasnik i reče: "Ako si Sin Božji, reci da ovo kamenje postane kruhom."
3ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
4A on odgovori: "Pisano je: Ne živi čovjek samo o kruhu, nego o svakoj riječi što izlazi iz Božjih usta."
4ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
5Ðavao ga tada povede u Sveti grad, postavi ga na vrh Hrama
5ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋ်၌ တင်ထားပြီးလျှင်၊
6i reče mu: "Ako si Sin Božji, baci se dolje! Ta pisano je: Anđelima će svojim zapovjediti za tebe i na rukama će te nositi da se gdje nogom ne spotakneš o kamen."
6ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။
7Isus mu kaza: "Pisano je također: Ne iskušavaj Gospodina, Boga svojega!"
7ယေရှုကလည်း သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာ ပြန်သည်ဟု မိန့်တော်မူ၏။
8Ðavao ga onda povede na goru vrlo visoku i pokaza mu sva kraljevstva svijeta i slavu njihovu
8တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊
9pa mu reče: "Sve ću ti to dati ako mi se ničice pokloniš."
9ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။
10Tada mu reče Isus: "Odlazi, Sotono! Ta pisano je: Gospodinu, Bogu svom se klanjaj i njemu jedinom služi!"
10ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။
11Tada ga pusti đavao. I gle, anđeli pristupili i služili mu.
11ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ၏။
12A čuvši da je Ivan predan, povuče se u Galileju.
12ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
13Ostavi Nazaret te ode i nastani se u Kafarnaumu, uz more, na području Zebulunovu i Naftalijevu
13နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။
14da se ispuni što je rečeno po proroku Izaiji:
14ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။
15Zemlja Zebulunova i zemlja Naftalijeva, Put uz more, s one strane Jordana, Galileja poganska -
15နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊
16narod što je sjedio u tmini svjetlost vidje veliku; onima što mrkli kraj smrti obitavahu svjetlost jarka osvanu.
16မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။
17Otada je Isus počeo propovijedati: "Obratite se jer približilo se kraljevstvo nebesko!"
17ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
18Prolazeći uz Galilejsko more, ugleda dva brata, Šimuna zvanog Petar i brata mu Andriju, gdje bacaju mrežu u more; bijahu ribari.
18ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
19I kaže im: "Hajdete za mnom, učinit ću vas ribarima ljudi!"
19ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော်၊
20Oni brzo ostave mreže i pođu za njim.
20ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
21Pošavši odande, ugleda druga dva brata, Jakova Zebedejeva i brata mu Ivana: u lađi su sa Zebedejem, ocem svojim, krpali mreže. Pozva i njih.
21ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
22Oni brzo ostave lađu i oca te pođu za njim.
22ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
23I obilazio je Isus svom Galilejom naučavajući po njihovim sinagogama, propovijedajući Evanđelje o Kraljevstvu i liječeći svaku bolest i svaku nemoć u narodu.
23ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
24I glas se o njemu pronese svom Sirijom. I donosili su mu sve koji bolovahu od najrazličitijih bolesti i patnja - opsjednute, mjesečare, uzete - i on ih ozdravljaše.
24သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။
25Za njim je pohrlio silan svijet iz Galileje, Dekapola, Jeruzalema, Judeje i Transjordanije.
25ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။