Croatian

Myanmar

Philemon

1

1Pavao, sužanj Isusa Krista, i brat Timotej: ljubljenom Filemonu, suradniku našemu,
1ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ ချစ်သော လုပ်ဘော်ဆောင်ဘက်ချင်းဖိလေမုန်၊
2i sestri Apiji, i Arhipu, suborcu našem, i Crkvi u tvojoj kući.
2ငါတို့ချစ်သော နှမအပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏ အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။
3Milost vam i mir od Boga, Oca našega, i Gospodina Isusa Krista!
3ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
4Zahvaljujem svagda Bogu svojemu spominjući te se u svojim molitvama
4သင်သည်သခင် ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊
5jer čujem za tvoju ljubav i vjeru koju imaš prema Gospodinu Isusu Kristu i prema svima svetima.
5ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ၏။
6Nek zajedništvo tvoje vjere bude djelotvorno u spoznanju svakoga mogućeg dobra među vama poradi Krista!
6ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
7Uvelike si me doista obradovao i utješio svojom ljubavlju jer si, brate, okrijepio srca svetih.
7အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ၏။
8Stoga, premda imam punu slobodu u Kristu da ti zapovjedim što ti je činiti,
8ထိုကြောင့်၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ၊ ငါသည် ခရစ်တော်အားဖြင့် အလွန် ရဲရင့်စရာ အခွင့်ရှိသော်လည်း၊
9poradi ljubavi radije molim, kakav već jesam, Pavao, starac, a sada i sužanj Krista Isusa.
9အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။
10Molim te za svoje dijete koje rodih u okovima, za Onezima,
10ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော၊
11negda tebi nekorisna, a sada i tebi i meni veoma korisna.
11သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဘို့ ငါတောင်းပန်ပါ၏။
12Šaljem ti ga - njega, srce svoje.
12ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
13Htjedoh ga zadržati kod sebe da mi mjesto tebe posluži u okovima evanđelja.
13ဧဝံဂေလီတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ ကိုယ်စားငါ့ကို ပြုစုစေမည် အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊
14Ali ne htjedoh preko tvoje volje da ne bi tvoja dobrota bila od nevolje, nego od dobre volje.
14သင်သည်ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ် ရှိသည်ဖြစ်၍၊ သင်၏ အခွင့်မရှိလျှင် အလျှင်းမပြုလို။
15Možda baš zato bi za čas odijeljen da ga dobiješ zauvijek -
15ထိုမှတပါး၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။
16ne kao roba, nego više od roba, kao brata ljubljenoga, osobito meni, a koliko više tebi, i po tijelu i po Gospodinu.
16ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရားအားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
17Smatraš li me dakle drugom, primi ga kao mene.
17သို့ဖြစ်၍ သင်သည်ငါ့ကို အပေါင်းအဘော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။
18Ako ti je u čemu skrivio ili ti je što dužan, to meni upiši.
18သူသည် သင်၌ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစုံတခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။
19Ja, Pavao, potpisujem svojom rukom: ja ću platiti. Da ti ne reknem da mi i samoga sebe duguješ!
19ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။
20Hajde, brate, da se tobom okoristim u Gospodinu: okrijepi srce moje u Kristu!
20အချင်းငါ့ညီ၊ သခင်ဘုရား၌ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။
21Uzdajući se u tvoju poslušnost, napisah ti uvjeren da ćeš još više učiniti, nego te molim.
21သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက၊ ငါပြောသည်ထက်သာ၍ ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။
22K tome, pripravi mi obitavalište jer se nadam da ću vam po vašim molitvama biti darovan.
22ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မြော်လင့်ခြင်းရှိ၏။
23Pozdravlja te Epafra, moj suuznik u Kristu Isusu, Marko, Aristarh, Dema i Luka, moji suradnici.
23ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ၍၊
24Milost Gospodina našega Isusa Krista s duhom vašim!
24ငါ၏ လုပ်ဘော်ဆောင်ဘက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
25ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။